လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ထမ်း(၁၅ဝ)ဦး ခေါ်ယူနေပြီး ဒေသခံတိုင်းရင်းသားများကို ဦးစားပေးခန့်အပ်သွားမည်

622
စော (NP News) - ဖေဖော်ဝါရီ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ထမ်း(၁၅ဝ)ဦး ခေါ်ယူနေပြီး ဒေသခံတိုင်းရင်းသားများ ကို ဦးစားပေးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဝန်ကြီးဌာနက လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ရာထူးအတွက် အမျိုးသား (၁၂ဝ)ဦး နှင့် အမျိုးသမီး (၃၀)ဦး စုစုပေါင်း (၁၅၀)ဦးကို ခန့်အပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရာထူးနေရာလျှောက်ထားရာတွင် နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်ရန်အတွက် ဒေသခံတိုင်းရင်းသား များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးရုံး/ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ကွန်ပျူတာကျွမ်းကျင်သူများကို ဦးစားပေး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး၊ တိုင်း၊ပြည်နယ်ဦးစီးမှူးရုံးများတို့တွင် ထုတ်ယူနိုင်ပြီး မတ်လ ၅ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ဝန္ထမ္း(၁၅ဝ)ဦး ေခၚယူေနၿပီး ေဒသခံတိုင္းရင္းသားမ်ားကို ဦးစားေပးခန႔္အပ္သြားမည္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၁
လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ဝန္ထမ္း(၁၅ဝ)ဦး ေခၚယူေနၿပီး ေဒသခံတိုင္းရင္းသားမ်ား ကို ဦးစားေပးခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါဝန္ႀကီးဌာနက လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉး ရာထူးအတြက္ အမ်ိဳးသား (၁၂ဝ)ဦး ႏွင့္ အမ်ိဳးသမီး (၃၀)ဦး စုစုေပါင္း (၁၅၀)ဦးကို ခန႔္အပ္သြားမည္ျဖစ္ၿပီး တကၠသိုလ္တစ္ခုခုမွ ဘြဲ႕တစ္ခုခုရရွိရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါရာထူးေနရာေလွ်ာက္ထားရာတြင္ နယ္စပ္ေဒသ၌ တာဝန္ထမ္းေဆာင္ရန္အတြက္ ေဒသခံတိုင္းရင္းသား မ်ားကို ဦးစားေပးေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဝန္ႀကီး႐ုံး/ဦးစီးဌာနမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ကြန္ပ်ဴတာကြၽမ္းက်င္သူမ်ားကို ဦးစားေပး ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာမ်ားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ ဒုတိယျပည္နယ္ဦးစီးမႉး႐ုံး၊ ျပည္ေထာင္စုနယ္ေျမဦးစီးမႉး႐ုံး၊ တိုင္း၊ျပည္နယ္ဦးစီးမႉး႐ုံးမ်ားတို႔တြင္ ထုတ္ယူႏိုင္ၿပီး မတ္လ ၅ ရက္ေန႔ ေနာက္ဆုံးထား၍ လူကိုယ္တိုင္ လာေရာက္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။