ဆရာတပည့် နှစ်ယောက်ပေါင်း (၇)ကြိမ်ထက်မနည်း ရှင်းယူလိုက်ရတဲ့ စစ်မှုမထမ်းမနေရ ဂယက်

 11909

ဆရာတပည့် နှစ်ယောက်ပေါင်း (၇)ကြိမ်ထက်မနည်း ရှင်းယူလိုက်ရတဲ့ စစ်မှုမထမ်းမနေရ ဂယက်
မျိုးမင်း(မကျည်းလဟာ) NP News - ဖေဖော်ဝါရီလ ၂၁
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ဆရာတပည့်နှစ်ယောက်ပေါင်းပြီး လူထု နဲ့အဖွဲ့အစည်းအသီးသီးကို (၇)ကြိမ်(၇)ခါထက်မနည်း ထပ်တလဲလဲရှင်းပြနေရတဲ့ ဖြစ်စဉ်တစ်ခုက ဒီတစ်ပတ်အတွင်းမှာ ထူးထူးခြားခြား ဖြစ်ခဲ့ပါတယ်။ ပြောရရင် နစကရဲ့သုံးနှစ်အတွင်းမှာ မဲမသမာမှု ကိစ္စကလွဲရင် ဘယ်အကြောင်းအရာကိုမှ ထပ်တလဲ လဲ ရှင်းပြလေ့မရှိခဲ့တာကြောင့် ထူးခြားတယ်လို့ ဆိုချင်တာပါ။

တခြားတော့ မဟုတ်ပါဘူး။ အရွယ်ရောက်သူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရတဲ့ ပြည်သူ့စစ်မှု ထမ်းဥပဒေ စတင်ကျင့်သုံးမယ်လို့ ကြေညာချက် ကြောင့်ပါပဲ။

ဒီကြေညာချက်ကို ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ (၁၀) ရက် ညပိုင်းမှာ နိုင်ငံပိုင်ရုပ်သံတွေကနေတစ်ဆင့် စတင် ကြေ ညာခဲ့တာဖြစ်သလို ဖေဖော်ဝါရီ(၁၁)ရက် ညပိုင်းကနေစတင်ပြီး နစကရဲ့သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အများပြည်သူ နားလည်သိရှိစေဖို့ ရှင်းလင်းအသိပေးပြောကြားချက်တွေ စတင် ထုတ်ပြန်ပြောကြားခဲ့ရပါတယ်။ ပထမ တစ်ညနဲ့တင် ပြတ်သွားမယ်လို့ထင်ခဲ့ပေမယ့် ကောလာဟလတွေဟာ သတင်းအမှန်ထက် အဆ (၁၀ဝ)မက ပျံ့နှံ့ခဲ့သလို လူထုကြားမှာလည်း သို့ လော သို့လောတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ဆက်တိုက် မြင့်တက်လာလေတော့ ဒုတိယည တင်ဆက်ခြင်းတွေ ဖြစ်လာပါတယ်။ ဒုတိယနဲ့ မလောက်ပြန်တော့ တတိယည၊ စတုတ္ထည၊ ပဉ္စမညတွေအထိပါ ရောက်ရှိ လာခဲ့သလို ဖေဖော်ဝါရီ(၁၆)ရက် ညအထိလည်း ရှင်းလို့ မဆုံးအောင် ဖြစ်လာခဲ့ပါတော့တယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းတစ်ယောက် ရှင်းပြလို့ မဆုံးနိုင်လောက်အောင် ဇာတ်လမ်းသံသရာ ရှည်စေခဲ့တာက တခြား မဟုတ်ပါဘူး။ ပြည်ပြေးသတင်းဌာနများစွာနဲ့ စစ်တပ် မုန်းတီးရေး ရောဂါ(Military-phobia) စွဲကပ်နေသူ တွေကပါ ကောလဟလတွေကို ထပ်ဆင့်ဖြန့်ဝေမှုတွေ ကြောင့်ပါပဲ။ တပည့်နဲ့တင်မပြီးဘဲ ဆရာပါ ဝင်ပါပြီး ရှင်းပြရတဲ့အထိ တောမီးလို တစ်ဟုန်ထိုး ဆိုးရွားစွာ ပျံ့နှံ့ခဲ့တာပါ။

ပထမဆုံးနေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းပြခဲ့ တာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အချက်အလက်တွေ ဖြစ်တဲ့ အကျုံးဝင်သောအသက်အရွယ်အပိုင်းအခြားကိစ္စ၊ စစ်မှုထမ်းဥပဒေ နောက်ခံသမိုင်း၊ စစ်မှုထမ်းရမယ့် ကာလ၊ မထမ်းဆောင်ဘဲ ရှောင်ပြေး ရင်ဖြစ်နိုင်တဲ့ ပြစ်ဒဏ်၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ် သောအမျိုးအစား၊ စစ်မှုထမ်းခြင်းကနေရရှိမယ့် အခွင့်အရေး အစရှိတာတွေကို ထည့်သွင်းပြောကြား ထားပါတယ်။ စစ်မှုထမ်းရ မယ့်အသက်အရွယ်ကတော့ အမျိုးသားဆိုရင် (၁၈-၃၅)၊ အမျိုးသမီးဆိုရင် (၁၈-၂၇) အတွင်းလို့ သတ်မှတ်ထား သလို ပရော်ဖက်ရှင်နယ်ပညာရပ်တစ်ခုခုနဲ့ လုပ်ကိုင်ရှာဖွေစားသောက်နေတဲ့ အမျိုးသား ပညာရှင်တွေကိုတော့ အသက်(၁၈-၄၅) အတွင်းလို့ ပြဋ္ဌာန်းထားသလို အမျိုးသမီးဆိုရင် (၁၈-၃၅) လို့ သတ်မှတ်ထားပါ တယ်။ ဥပမာအားဖြင့် ဂျာနယ်လစ်တွေဆိုရင်လည်း အသက်(၁၈-၄၅/၃၅) အတွင်း အကျုံးဝင်နေတယ် ဆိုတဲ့ သဘောပါ။ တာဝန်ထမ်းဆောင်ရမယ့်ကာ သာမန်ပုဂ္ဂိုလ် နှစ်နှစ်၊ ကျွမ်းကျင်ပညာရှင် (၃)နှစ်။ တစ်နည်းအားဖြင့် ကျွမ်းကျင် ပညာရှင်ဖြစ်ရတာ မစားသာဘူးပေါ့လေ။ မထမ်းဆောင်ဘဲ ရှောင်ပြေးလို့ ရသလားဆိုရင် ပြေးလို့ရပါတယ်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ထက်မပိုသော ထောင်ဒဏ်နဲ့ တရားရုံးက ချမှတ်တဲ့ငွေဒဏ်တွေကို ပေးဆောင်ရပါမယ်။ ပေးဆောင်ကျခံပြီးရင်လည်း အေးဆေးဖြစ်သွားပြီလို့ ယူဆလို့ မရသေးပါဘူး။ ပြောရရင်တော့ ပြည်သူ့စစ်မှု ထမ်းဥပဒေလို့ Google မှာ စာရိုက်ချပြီး ရှာဖွေဖတ်ရှု မယ်ဆိုရင်ပိုပြီး ပြည့်စုံပါလိမ့်မယ်။ ဥပဒေပါအချက် အ လက်တွေအတိုင်း ဖေဖော်ဝါရီ(၁၁)ရက် ပထမနေ့ မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းခဲ့သလို ပြည်တွင်း သတင်းဌာနတွေကလည်း အချက်အလက် တွေနဲ့ သုံးသပ်ရေးသားခဲ့ကြပါသေးတယ်။ သို့သော်လည်း လူထုကြား မှာ ပျံ့နှံ့သွားတဲ့ ကောလာဟလ ကျတော့ ပုံစံကွဲသွားပါတယ်။ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေရော၊ စစ်မှု ထမ်းဖို့ခေါ်ပြီး စစ်မြေပြင်ကို ချက်ချင်းလွှတ်၊ ချက်ချင်းစစ်တိုက်၊ ချက်ချင်း သေရ တော့မယ်အတိုင်း ပြည်ဖျက် သမားတွေက ဝါဒ ဖြန့်ကြ ပါတယ်။ လူမှုကွန်ရက်တစ်ခွင်မှာ အသာစီးယူ ဖြန့်ဝေ နေတဲ့ စစ်တပ်မုန်းတီးရေးဝါဒီ သမားတွေကြောင့် မိဘ တွေနဲ့ ညီအစ်ကိုမောင်နှမ မိသားစုတွေဟာ စိုးရိမ် သောကတွေ ကြီးလာကြပါတယ်။ မေးခွန်းပေါင်း များစွာနဲ့ ဘက်ကန်လာကြပါတော့တယ်။

ဒါကြောင့် ဒုတိယအကြိမ်အဖြစ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရုပ်ပါထွက်ပြပြီး ရှင်းပြန်ပါတယ်။ ဒုတိယတစ်ကြိမ် ဖေဖော်ဝါရီ(၁၂)ရက်ညပိုင်းမှာ ရှင်းလင်း တာကတော့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ခန့်မှန်းလူဦးရေ အမျိုးသား(၆ ဒသမ ၃ သန်း)၊ အမျိုးသမီး (၇ ဒသမ ၇ သန်း)၊ ပေါင်း(၁၄)သန်း လောက်သာ ၂၀၂၄ ထဲမှာ စစ်မှု ထမ်းဖို့ အကျုံးဝင်နေ တယ်လို့ဆိုပါတယ်။ ဒါတောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘယ်လိုများ သင်္ချာတွက် တွက် လိုက်သလဲ မသိ အောင် ၆ ဒသမ ၃ နဲ့ ၇ ဒသမ ၇ ကို ပေါင်း (၁၃)သန်းခန့်လို့ ထုတ်ပြောပါလေတယ်။ (၁၄)သန်း မဟုတ်ဘူးတဲ့လား။ ဒီလူဦးရေထဲက အမျိုးသား သီးသန့်ကိုပဲ အကြမ်းဖျင်းအားဖြင့် တွက်ချက်မယ် ဆိုရင်တောင် ပထမဆုံး စတင်ကျင့်သုံးမယ့်နှစ်မှာ (၁)ရာခိုင်နှုန်းပဲ ခေါ်မယ်ဆိုရင်တောင် လူဦးရေက (၆၃၀ဝဝ)သာ ရှိပါမယ်။ နိုင်ငံမှာ ကျေးရွာ/ရပ်ကွက် ပေါင်းက(၆၀ဝဝဝ)ကျော်ရှိထားတာဖြစ်တဲ့အတွက် ပျမ်းမျှအားဖြင့် တစ်ရွာကို တစ် ယောက်နှုန်းသာ စစ်မှုထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ ဒီနှုန်းအတိုင်း တွက်မယ်ဆိုရင် ဆယ်နှစ်ကြာမှ တစ်ရွာ ကို လူ(၁၀)ဦးသာသာပဲ စစ်မှုထမ်းဖို့ တပ်မတော်ထဲကို သွားရမှာ ဖြစ်သလို အဲဒီ(၁၀)နှစ်အတွင်း မှာ(၅)ဦးက သက် တမ်းပြည့်သွားလို့ မိမိနေရပ်ကို ပြန်လာကြမယ့် သူတွေ ဖြစ်ဦးမှာပါ။ ဒီအချက်ကို ဗိုလ်ချုပ်ဇော်မင်း ထွန်းက ရှင်း ပြပါတယ်။ စစ်မှုထမ်းရမယ့်သူတွေကို လက်ရှိတပ်မတော်သားတွေရဲ့ခံစားခွင့်အတိုင်း လစာနဲ့စရိတ် ခံစားခွင့် ရစေမှာ ဖြစ်သလို သင်တန်း ပေးရမယ့်စရိတ်ထဲက ဆေးစစ်ခမှာတင်ပဲ လူတစ်ဦး ကို အနည်းဆုံးငွေကျပ် (၁၀ဝဝဝ)ကျော် တပ်မတော် က ကုန်ကျခံပေးရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ စစ်မှုထမ်းဆောင် ကြမယ့် စစ်သည်တွေကို သင်တန်းကာလပြီးရင်တောင် သူတို့တစ်ဦးချင်းစီရဲ့သဘောထားမပါဘဲ စစ်မြေပြင်ဆီ ဘယ်နိုင်ငံက စစ်တပ်ကမှ စေလွှတ်လေ့မရှိတာကို ထောက်ပြထား ပြီး မြန်မာနိုင်ငံကလည်း စစ်ဘက်ဆိုင်ရာ သဘောတ ရားတွေကို လူထုက နားလည်ခံစားတတ်လာစေရန် သာ ရည်ရွယ်ထားပုံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာ အမြဲတမ်းတပ်မတော်သားနဲ့ စစ်မှုမထမ်းမနေ ရ ဥပဒေကြောင့် ထမ်းဆောင်ကြတဲ့ တပ်မတော်သား တွေကြားမှာ တာဝန်ယူတာဝန်ခံရမယ့် ကိစ္စတွေ၊ အနာဂတ် တပ်မတော်ကို ထိန်းကျောင်းမောင်းနှင်ဖို့ကိစ္စတွေမှာ အများကြီးကွဲပြားသွားပါလိမ့်မယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နှစ်ကြိမ်ရှင်းပြပြီးသည့် တိုင် ကောလဟလ ထုထည်ကြီးက အတော်ကိုကြီးမား နေပုံရပါတယ်။ သုံးကြိမ်မြောက်၊ လေးကြိမ်မြောက်၊ ငါးကြိမ်မြောက်အထိ ဆက်တိုက် ရှင်းလင်းနေရဆဲပါ။ ဖေဖော်ဝါရီ(၁၀)ရက်ညပိုင်းက ကြေညာချက် တစ်စောင်ဟာ ဖေဖော်ဝါရီ(၁၆) ရက်အထိ ရှင်းလို့မ ဆုံးအောင် ရှုပ်ထွေးသွားလိမ့်မယ်၊ တစ်နည်းအားဖြင့် လူထုကြားမှာ ရိုက်ခတ်မှုကြီးမားသွားလိမ့်မယ်လို့ နစကဘက်က တွက်ချက်စဉ်းစားထားပုံမရပါဘူး။ ဒါကြောင့်လည်း လေးကြိမ်မြောက်၊ ငါးကြိမ်မြောက်၊ ခြောက်ကြိမ်မြောက် တွေအထိ ကျယ်ပြန့်သွားခဲ့တာပါ။ သုံးကြိမ်မြောက် ရှင်းလင်းချက်ထဲမှာလည်း ပထမဆုံး အပတ်စဉ်မှာ အမျိုး သမီးကို ခေါ်ဦးမှာမဟုတ်ဘဲ ငါးကြိမ်မြောက်ကျမှသာ ပါဝင်နိုင်ခြေရှိကြောင်း ပြောကြားထားသလို တစ်နှစ် ပတ်လုံးကိုမှ လူဦးရေ (၅၀ဝဝဝ)ထက် ပိုခေါ်နိုင်ဖို့ မလွယ်ကြောင်း ထည့်သွင်းပြောကြားထားပါတယ်။ လေးကြိမ် မြောက် ရှင်းလင်းချက်မှာလည်း ဒီနိုင်ငံကို မြန်မာနိုင်ငံသား တွေမှ မကာကွယ်ရင် ဘယ်သူတွေ ကာကွယ်ကြမှာ လဲလို့ မေးခွန်းထုတ်ထားသလို ငါးကြိမ်မြောက်မှာတော့ လူ(၂၀ဝ)မှာ တစ်ယောက်နှုန်းလောက်သာ စစ်မှုထမ်းရ မှာ ဖြစ်တယ်လို့ ထည့်ပြောထားပါတယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်းတစ်ယောက်တည်း ဒိုင်ခံ ရှင်းနေ တာလား ဆို တော့ မဟုတ်ပြန်ပါဘူး။ ဆရာဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံတဲ့ ဖေဖော်ဝါရီလ(၁၃)ရက်က တစ်ကြိမ်၊ ပြည်ပမှာ သွားရောက်တာဝန်ထမ်းဆောင် နေတဲ့ မြန်မာသံတမန်တွေနဲ့ တွေ့ဆုံချိန်မှာ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိတိ ထည့် သွင်းရှင်းလင်းပြော ကြားခဲ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး ပြောကြားထားတဲ့ စကားတွေမှာတော့ “ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ရင် တွက်ချက်ချင့်ချိန် ဆောင်ရွက် သွားမှာ ဖြစ်သလို နိုင်ငံသားတွေအတွက် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေလိုကြောင်း၊ သတ်မှတ် အသက်အပိုင်း အခြား အတွင်းကနေ သင့်တင့်လျောက်ပတ်တဲ့ အင်အားကို သာ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း”ထည့်သွင်းအသိ ပေးထားပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အရန် တပ်ဖွဲ့ ဥပဒေတွေကို သေချာနားလည်အောင်ဖတ်ရှု လေ့လာပြီး လူထုကို၊ သက်ဆိုင်ရာကဏ္ဍအသီးသီးကို အသိပေးပြော ကြားဖို့အထိ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ရှင်းပြရပါတော့တယ်။ ဒါကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက် ရင် ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့တပည့်တို့ နှစ်ယောက်ပေါင်းပြီး ထုတ်ပြန်ရှင်းလင်းအသိပေး ပြောကြားရတာ(၇)ကြိမ် ထက်မနည်းရှိခဲ့တယ်လို့ ဆိုရမှာပါ။

နိုင်ငံသားတိုင်း စစ်မှုထမ်းစေမယ့်ကိစ္စကို နစက ဘက်က အကြိမ်ကြိမ်အခါခါ ရှင်းပြနေရခြင်း၊ အခြား တစ်ဖက် ဆန့်ကျင်ရေးသမားတွေက ကောလာဟလ လှိုင်းတွေ ထုတ်လွှင့်နေရခြင်းတွေကို ကစားဝိုင်း အပြင်ဘက်ကနေ ထွက်ကြည့်မယ်ဆိုရင် မြင်သာတဲ့ အချက်တွေကို တွေ့ရမှာပါ။ ဒီအတွက် အရင်ဆုံး လူထုဘက်က လုပ်ရမှာက တစ်ခုတည်းပါ။ ကောလာဟလတွေအပေါ်ခံစားမှု ခဏဖယ်ထားပြီး ဘာဖြစ်တာ လဲဆိုတာ အစွဲတရား ကင်း ကင်း၊ အမုန်းတရား ကင်းကင်းနဲ့ သေချာလေ့လာကြည့်ပါ။ ဗိုလ်ချုပ်မှူး ကြီးတို့ နစကဘက်က စစ်မှုထမ်းဥပဒေကို အခုမှ ထပြီး အမိန့်ထုတ်ပြန်ကြေညာတာလား၊ ယခင်က ရှိပြီးသားကို ကျင့်သုံးမယ်လို့ ကြေညာတာလားဆိုတာ ပထမတစ်ချက်အဖြစ် စဉ်းစားသင့်ပါတယ်။ ဥပဒေ ဟာ ၁၉၅၉ ခုနှစ်ကတည်းက တည်ရှိခဲ့တာဖြစ်သလို ၂၀၁၀ ပြည့်နှစ်အတွင်းက ပြင်ဆင်ဖြည့်စွက်ပြီး ထပ်ဆင့်အတည်ပြုထားပြီးသားပါ။ အဲဒီနောက် ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ်အထိ ပေါ်ပေါက်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ထိတိုင် ပယ်ဖျက်ခဲ့ခြင်းမရှိသော ဥပဒေတစ်ခုပါ။ တစ်နည်းအားဖြင့် ဥပဒေဟာ လိုအပ်တယ်လို့ ယူဆ လို့ သို့မဟုတ် ဥပဒေအကြောင်း နားလည်ဖို့ ထက် မိမိတို့အဆင်ပြေဖို့ ဦးတည်စဉ်းစားခဲ့လို့သာ ဦးသိန်း စိန်ရော ဒေါ်အောင်ဆန်းစုကြည်တို့ကပါ ပယ်ဖျက်ဖို့ မစဉ်းစားခဲ့တာပါပဲ။ အကယ်၍သာ လူထုအတွက် ဖိစီးမှုဖြစ်စေမယ့် ဥပဒေဖြစ်တယ်လို့ လက်ရှိကာလနဲ့ အနီး စပ်ဆုံးအစိုးရတာဝန်ယူခဲ့သူ ဒေါ်အောင်ဆန်း စုကြည်တို့က စာနာထောက်ထားပေးခဲ့မယ်ဆိုရင် ငါးနှစ်လွှတ်တော် သက်တမ်းအတွင်းမှာ ပယ်ဖျက်ဖို့ အဆိုတင်ခဲ့ကြရမှာပါ။ သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်တို့ပါတီဟာ သတိတစ်ချက်တောင် ရခဲ့ပုံမရပါဘူး။ ဒါကြောင့် ဥပဒေက ပြဋ္ဌာန်းပြီးသား၊ အသက်ဝင်နေပြီးသား ဖြစ်ခဲ့တာပါ။ ဥပဒေက အသက်ဝင်ပြီးတဲ့နောက် ကျင့်သုံးခြင်းဆိုတဲ့ကိစ္စမှာ လက်ရှိ နစကအစိုးရက သင့်တော်တယ်လို့ ယုံ ကြည်တာကြောင့် စတင်ကျင့်သုံးတာပါပဲ။ တစ်နည်းအားဖြင့် ပြီးခဲ့သော အစိုးရနှစ်ဆက်ရဲ့အမွေကို လက်ခံကျင့် သုံးပေးသလို ဖြစ်သွားပါတယ်။

နစကဘက်ကတော့ သူတို့လုပ်တဲ့လုပ်ရပ်တိုင်း ကို အောင်မြင်ချင်နေပါတယ်။ ဒီလိုအောင်မြင်မှာကို မလိုလား ဆုံးကတော့ NUG နဲ့ မဟာမိတ်တွေ၊ ဘက်တော်သားတွေပါပဲ။ ဒါကြောင့်လည်း ကောလာ ဟလလှိုင်းတွေက လိုတာထက်ပိုပြီး မြင့်မားနေခဲ့ တာပါ။ စစ်မှုထမ်းဥပဒေကို လူထုက လန့်ဖျပ်ပြီး ဆန့်ကျင်ချင်လာအောင်၊ လူငယ် တချို့က တပ်မတော် မှာ တာဝန်ထမ်းဆောင်မယ့်အစား ပြည်ပထွက်ပြေး တာ ဒါမှဟုတ် PDF ထဲ ဝင်တာတွေ ဖြစ်လာအောင် NUG နဲ့ လော်ဘီမီဒီယာတွေက ခြောက်လှန့်သံတွေ ပေးနေတာ မြင်ရပါတယ်။ ဘေးကနေ ကြည့် မယ် ဆိုရင်တော့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ် တွေ တပ်မတော်ထဲဝင်ရပြီး၊ တပ်မတော်ရဲ့အခြေ အနေအမှန်ကို နားလည်ခံစားသွားတတ်မှာ ဒါမှမ ဟုတ် NUG နဲ့ မဟာမိတ်တွေရဲ့လိမ်လည်လှည့်ဖြားမှုတွေကို သဘောပေါက်သွားမှာကို အစိုးရိမ်ဆုံးက ဘယ်သူတွေဖြစ်မှာပါလဲ။ လက်ခုပ်သံတွေ စဲသွားမှာ ကို အကြောက်ဆုံး သူတွေဟာ လက်ညှိုးတွေကိုထိုးပြီး ရန်သူရှာလေ့ရှိသလိုမျိုး စစ်မှုမထမ်းမနေရ ဥပဒေ အပေါ်ကနေ အခွင့်အ လမ်းရှာနေတာကိုလည်း မြင်သာစေပါတယ်။ NUG နဲ့ လော်ဘီတွေရဲ့ အကြောက်တရားဟာ စစ်မှုမထမ်း မနေရ ဥပဒေ ကျင့်သုံးခြင်း ကြေညာချက်အောက်မှာ ဘွားကနဲပေါ်လာတာကို မြင်ရသလို လူထုကိုလည်း သတင်းစကား အမှားတွေ ပေးပြီး ချောက်ချဖို့ ဝန်မလေးတာကိုပါ အတွဲလိုက် မြင်ရပါတော့တယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့က လမ်းတွေ၊ တခြားသောမြို့တစ်မြို့က လမ်းတွေမှာ စစ်သားတွေက လမ်းသွားလမ်းလာတွေကို ကားပေါ် ဆွဲတင် ပြီး ပေါ်တာဆွဲနေပြီ၊ အိမ်တွေကို ဝင်စစ်ပြီး ဖမ်းခေါ်သွားပြီ အစရှိတဲ့ မည်သူမည်ဝါအတည်ပြု ထားခြင်းမရှိသော ကောလာဟလတွေကို ဈေးပေါပေါ နဲ့ ရိုက်ထုတ်နေတာမျိုးပါ။

လူထုကိုတော့ ရိုးရှင်းစွာ သတင်းစကားပါးချင် ပါတယ်။

စိုးရိမ်ထိတ်လန့်စိတ်၊ တစ်စုံတစ်ရာကို ကြောက် ရွံ့စိတ်၊ တစ်စုံတစ်ဦး တစ်စုတစ်ဖွဲ့အပေါ် မုန်းတီး စိတ်၊ တစ်စုံတစ်ခုအပေါ်မှာ အယုံလွယ်ပြီး ဆန်းစစ် လေ့လာခြင်းမရှိတဲ့စိတ်ဆိုတာဟာ မွေးရာပါစိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းခြင်းဆိုသော စိတ်ကျန်းမာရေး ချို့တဲ့မှု တစ်မျိုးပါ။ တစ်နည်းအားဖြင့် ယဉ်ယဉ်လေးနဲ့ စိတ်ကျန်းမာရေး ချို့တဲ့ အားနည်းနေတာပါ။ စိတ်ကျန်းမာရေးချို့တဲ့ အားနည်းသူတွေကို သားကောင် ရှာနေသူတွေက သတင်းအ မှားတွေ၊ ကောလာဟလ တွေ၊ ခြောက်လုံးလှန့်လုံးတွေ၊ ဝါဒဖြန့်ချိခြင်းတွေနဲ့ ဖိအားပေးပြီး သူတို့လိုရာကို ဆွဲခေါ် တတ်ကြပါတယ်။ ၂၀၂၁ နိုင်ငံရေးအခင်းအကျင်းလို ကာလမျိုးတွေမှာ ကောလာဟလကြောင့် သားကောင်တွေ အများအပြား ပျက်စီးဆုံးရှုံးတာနဲ့ရင်ဆိုင်ရတတ်သလို လူ့အသိုင်း အဝိုင်းတစ်ခုလုံးလည်း ပျက်စီးတတ်ပါတယ်။ အထူးသဖြင့် ဘဏ်ကောလာဟလ၊ စစ်မက်ကောလာဟလ၊ ကိုဗစ်ကောလာဟလ၊ ဆန်နဲ့ ဆေးဝါးကောလာ ဟလ အစရှိသော မဆုံးနိုင်တဲ့ ကောလာဟလမျိုးစုံက ခင်ဗျားတို့ကို ဖိစီးနှိပ်စက်ခဲ့ပြီးပါပြီ။ ဒါကိုတောင် အမှတ် မရှိသေးရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။

မည်သို့ပင်ဖြစ်စေ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်း ချက် ကျင့်သုံးခြင်းဟာ လူထုကို ရုတ်တရက် လှုပ်နှိုး သလိုဖြစ် ခဲ့ပြီး ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်တောင် ခေါင်းနပန်းကြီးစွာ လိုက်ရှင်းကြ ရတာကို မြင်ရမှာပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူထုကို မဆိုထားနဲ့ ဆရာတပည့်နှစ်ယောက်ပေါင်း (၇) ကြိမ်ထက်မနည်း ရှင်းလင်း ခဲ့ရတဲ့အထိ ဥပဒေရဲ့ ရိုက်ချက်က ပြင်းလွန်းနေတာကို မြင်တွေ့လိုက်ရ ကြောင်း ဒီတစ်ပတ်အတွက် အတွေးအ မြင်ဆောင်းပါးလေးအဖြစ်ရေးလိုက်ရပါတယ်။

zawgyi Version
ဆရာတပည့္ ႏွစ္ေယာက္ေပါင္း (၇)ႀကိမ္ထက္မနည္း ရွင္းယူလိုက္ရတဲ့ စစ္မႈမထမ္းမေနရ ဂယက္
မ်ိဳးမင္း(မက်ည္းလဟာ) NP News - ေဖေဖာ္ဝါရီလ ၂၁
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းတို႔ ဆရာတပည့္ႏွစ္ေယာက္ေပါင္းၿပီး လူထု နဲ႔အဖြဲ႕အစည္းအသီးသီးကို (၇)ႀကိမ္(၇)ခါထက္မနည္း ထပ္တလဲလဲရွင္းျပေနရတဲ့ ျဖစ္စဥ္တစ္ခုက ဒီတစ္ပတ္အတြင္းမွာ ထူးထူးျခားျခား ျဖစ္ခဲ့ပါတယ္။ ေျပာရရင္ နစကရဲ႕သုံးႏွစ္အတြင္းမွာ မဲမသမာမႈ ကိစၥကလြဲရင္ ဘယ္အေၾကာင္းအရာကိုမွ ထပ္တလဲ လဲ ရွင္းျပေလ့မရွိခဲ့တာေၾကာင့္ ထူးျခားတယ္လို႔ ဆိုခ်င္တာပါ။

တျခားေတာ့ မဟုတ္ပါဘူး။ အ႐ြယ္ေရာက္သူ ႏိုင္ငံသားတိုင္း စစ္မႈမထမ္းမေနရတဲ့ ျပည္သူ႔စစ္မႈ ထမ္းဥပေဒ စတင္က်င့္သုံးမယ္လို႔ ေၾကညာခ်က္ ေၾကာင့္ပါပဲ။

ဒီေၾကညာခ်က္ကို ၂၀၂၄ ခုႏွစ္ေဖေဖာ္ဝါရီ (၁၀) ရက္ ညပိုင္းမွာ ႏိုင္ငံပိုင္႐ုပ္သံေတြကေနတစ္ဆင့္ စတင္ ေၾက ညာခဲ့တာျဖစ္သလို ေဖေဖာ္ဝါရီ(၁၁)ရက္ ညပိုင္းကေနစတင္ၿပီး နစကရဲ႕သတင္းျပန္ၾကားေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အမ်ားျပည္သူ နားလည္သိရွိေစဖို႔ ရွင္းလင္းအသိေပးေျပာၾကားခ်က္ေတြ စတင္ ထုတ္ျပန္ေျပာၾကားခဲ့ရပါတယ္။ ပထမ တစ္ညနဲ႔တင္ ျပတ္သြားမယ္လို႔ထင္ခဲ့ေပမယ့္ ေကာလာဟလေတြဟာ သတင္းအမွန္ထက္ အဆ (၁၀ဝ)မက ပ်ံ႕ႏွံ႔ခဲ့သလို လူထုၾကားမွာလည္း သို႔ ေလာ သို႔ေလာေတြနဲ႔ စိုးရိမ္ပူပန္မႈေတြ ဆက္တိုက္ ျမင့္တက္လာေလေတာ့ ဒုတိယည တင္ဆက္ျခင္းေတြ ျဖစ္လာပါတယ္။ ဒုတိယနဲ႔ မေလာက္ျပန္ေတာ့ တတိယည၊ စတုတၳည၊ ပၪၥမညေတြအထိပါ ေရာက္ရွိ လာခဲ့သလို ေဖေဖာ္ဝါရီ(၁၆)ရက္ ညအထိလည္း ရွင္းလို႔ မဆုံးေအာင္ ျဖစ္လာခဲ့ပါေတာ့တယ္။ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းတစ္ေယာက္ ရွင္းျပလို႔ မဆုံးႏိုင္ေလာက္ေအာင္ ဇာတ္လမ္းသံသရာ ရွည္ေစခဲ့တာက တျခား မဟုတ္ပါဘူး။ ျပည္ေျပးသတင္းဌာနမ်ားစြာနဲ႔ စစ္တပ္ မုန္းတီးေရး ေရာဂါ(Military-phobia) စြဲကပ္ေနသူ ေတြကပါ ေကာလဟလေတြကို ထပ္ဆင့္ျဖန႔္ေဝမႈေတြ ေၾကာင့္ပါပဲ။ တပည့္နဲ႔တင္မၿပီးဘဲ ဆရာပါ ဝင္ပါၿပီး ရွင္းျပရတဲ့အထိ ေတာမီးလို တစ္ဟုန္ထိုး ဆိုး႐ြားစြာ ပ်ံ႕ႏွံ႔ခဲ့တာပါ။

ပထမဆုံးေန႔မွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ရွင္းျပခဲ့ တာကေတာ့ ျပည္သူ႔စစ္မႈထမ္းဥပေဒပါ အခ်က္အလက္ေတြ ျဖစ္တဲ့ အက်ဳံးဝင္ေသာအသက္အ႐ြယ္အပိုင္းအျခားကိစၥ၊ စစ္မႈထမ္းဥပေဒ ေနာက္ခံသမိုင္း၊ စစ္မႈထမ္းရမယ့္ ကာလ၊ မထမ္းေဆာင္ဘဲ ေရွာင္ေျပး ရင္ျဖစ္ႏိုင္တဲ့ ျပစ္ဒဏ္၊ စစ္မႈထမ္းျခင္းမွ ကင္းလြတ္ ေသာအမ်ိဳးအစား၊ စစ္မႈထမ္းျခင္းကေနရရွိမယ့္ အခြင့္အေရး အစရွိတာေတြကို ထည့္သြင္းေျပာၾကား ထားပါတယ္။ စစ္မႈထမ္းရ မယ့္အသက္အ႐ြယ္ကေတာ့ အမ်ိဳးသားဆိုရင္ (၁၈-၃၅)၊ အမ်ိဳးသမီးဆိုရင္ (၁၈-၂၇) အတြင္းလို႔ သတ္မွတ္ထား သလို ပေရာ္ဖက္ရွင္နယ္ပညာရပ္တစ္ခုခုနဲ႔ လုပ္ကိုင္ရွာေဖြစားေသာက္ေနတဲ့ အမ်ိဳးသား ပညာရွင္ေတြကိုေတာ့ အသက္(၁၈-၄၅) အတြင္းလို႔ ျပ႒ာန္းထားသလို အမ်ိဳးသမီးဆိုရင္ (၁၈-၃၅) လို႔ သတ္မွတ္ထားပါ တယ္။ ဥပမာအားျဖင့္ ဂ်ာနယ္လစ္ေတြဆိုရင္လည္း အသက္(၁၈-၄၅/၃၅) အတြင္း အက်ဳံးဝင္ေနတယ္ ဆိုတဲ့ သေဘာပါ။ တာဝန္ထမ္းေဆာင္ရမယ့္ကာ သာမန္ပုဂၢိဳလ္ ႏွစ္ႏွစ္၊ ကြၽမ္းက်င္ပညာရွင္ (၃)ႏွစ္။ တစ္နည္းအားျဖင့္ ကြၽမ္းက်င္ ပညာရွင္ျဖစ္ရတာ မစားသာဘူးေပါ့ေလ။ မထမ္းေဆာင္ဘဲ ေရွာင္ေျပးလို႔ ရသလားဆိုရင္ ေျပးလို႔ရပါတယ္။ သုံးႏွစ္ သို႔မဟုတ္ ငါးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္နဲ႔ တရား႐ုံးက ခ်မွတ္တဲ့ေငြဒဏ္ေတြကို ေပးေဆာင္ရပါမယ္။ ေပးေဆာင္က်ခံၿပီးရင္လည္း ေအးေဆးျဖစ္သြားၿပီလို႔ ယူဆလို႔ မရေသးပါဘူး။ ေျပာရရင္ေတာ့ ျပည္သူ႔စစ္မႈ ထမ္းဥပေဒလို႔ Google မွာ စာ႐ိုက္ခ်ၿပီး ရွာေဖြဖတ္ရႈ မယ္ဆိုရင္ပိုၿပီး ျပည့္စုံပါလိမ့္မယ္။ ဥပေဒပါအခ်က္ အ လက္ေတြအတိုင္း ေဖေဖာ္ဝါရီ(၁၁)ရက္ ပထမေန႔ မွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ရွင္းလင္းခဲ့သလို ျပည္တြင္း သတင္းဌာနေတြကလည္း အခ်က္အလက္ ေတြနဲ႔ သုံးသပ္ေရးသားခဲ့ၾကပါေသးတယ္။ သို႔ေသာ္လည္း လူထုၾကား မွာ ပ်ံ႕ႏွံ႔သြားတဲ့ ေကာလာဟလ က်ေတာ့ ပုံစံကြဲသြားပါတယ္။ ေပၚတာဆြဲတယ္ဆိုတဲ့ သတင္းေတြေရာ၊ စစ္မႈ ထမ္းဖို႔ေခၚၿပီး စစ္ေျမျပင္ကို ခ်က္ခ်င္းလႊတ္၊ ခ်က္ခ်င္းစစ္တိုက္၊ ခ်က္ခ်င္း ေသရ ေတာ့မယ္အတိုင္း ျပည္ဖ်က္ သမားေတြက ဝါဒ ျဖန႔္ၾက ပါတယ္။ လူမႈကြန္ရက္တစ္ခြင္မွာ အသာစီးယူ ျဖန႔္ေဝ ေနတဲ့ စစ္တပ္မုန္းတီးေရးဝါဒီ သမားေတြေၾကာင့္ မိဘ ေတြနဲ႔ ညီအစ္ကိုေမာင္ႏွမ မိသားစုေတြဟာ စိုးရိမ္ ေသာကေတြ ႀကီးလာၾကပါတယ္။ ေမးခြန္းေပါင္း မ်ားစြာနဲ႔ ဘက္ကန္လာၾကပါေတာ့တယ္။

ဒါေၾကာင့္ ဒုတိယအႀကိမ္အျဖစ္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ႐ုပ္ပါထြက္ျပၿပီး ရွင္းျပန္ပါတယ္။ ဒုတိယတစ္ႀကိမ္ ေဖေဖာ္ဝါရီ(၁၂)ရက္ညပိုင္းမွာ ရွင္းလင္း တာကေတာ့ ၂၀၁၉ ၾကားျဖတ္သန္းေခါင္စာရင္းအရ ခန႔္မွန္းလူဦးေရ အမ်ိဳးသား(၆ ဒသမ ၃ သန္း)၊ အမ်ိဳးသမီး (၇ ဒသမ ၇ သန္း)၊ ေပါင္း(၁၄)သန္း ေလာက္သာ ၂၀၂၄ ထဲမွာ စစ္မႈ ထမ္းဖို႔ အက်ဳံးဝင္ေန တယ္လို႔ဆိုပါတယ္။ ဒါေတာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ဘယ္လိုမ်ား သခ်ၤာတြက္ တြက္ လိုက္သလဲ မသိ ေအာင္ ၆ ဒသမ ၃ နဲ႔ ၇ ဒသမ ၇ ကို ေပါင္း (၁၃)သန္းခန႔္လို႔ ထုတ္ေျပာပါေလတယ္။ (၁၄)သန္း မဟုတ္ဘူးတဲ့လား။ ဒီလူဦးေရထဲက အမ်ိဳးသား သီးသန႔္ကိုပဲ အၾကမ္းဖ်င္းအားျဖင့္ တြက္ခ်က္မယ္ ဆိုရင္ေတာင္ ပထမဆုံး စတင္က်င့္သုံးမယ့္ႏွစ္မွာ (၁)ရာခိုင္ႏႈန္းပဲ ေခၚမယ္ဆိုရင္ေတာင္ လူဦးေရက (၆၃၀ဝဝ)သာ ရွိပါမယ္။ ႏိုင္ငံမွာ ေက်း႐ြာ/ရပ္ကြက္ ေပါင္းက(၆၀ဝဝဝ)ေက်ာ္ရွိထားတာျဖစ္တဲ့အတြက္ ပ်မ္းမွ်အားျဖင့္ တစ္႐ြာကို တစ္ ေယာက္ႏႈန္းသာ စစ္မႈထမ္းေဆာင္ေစမွာ ျဖစ္ပါတယ္။ ဒီႏႈန္းအတိုင္း တြက္မယ္ဆိုရင္ ဆယ္ႏွစ္ၾကာမွ တစ္႐ြာ ကို လူ(၁၀)ဦးသာသာပဲ စစ္မႈထမ္းဖို႔ တပ္မေတာ္ထဲကို သြားရမွာ ျဖစ္သလို အဲဒီ(၁၀)ႏွစ္အတြင္း မွာ(၅)ဦးက သက္ တမ္းျပည့္သြားလို႔ မိမိေနရပ္ကို ျပန္လာၾကမယ့္ သူေတြ ျဖစ္ဦးမွာပါ။ ဒီအခ်က္ကို ဗိုလ္ခ်ဳပ္ေဇာ္မင္း ထြန္းက ရွင္း ျပပါတယ္။ စစ္မႈထမ္းရမယ့္သူေတြကို လက္ရွိတပ္မေတာ္သားေတြရဲ႕ခံစားခြင့္အတိုင္း လစာနဲ႔စရိတ္ ခံစားခြင့္ ရေစမွာ ျဖစ္သလို သင္တန္း ေပးရမယ့္စရိတ္ထဲက ေဆးစစ္ခမွာတင္ပဲ လူတစ္ဦး ကို အနည္းဆုံးေငြက်ပ္ (၁၀ဝဝဝ)ေက်ာ္ တပ္မေတာ္ က ကုန္က်ခံေပးရမွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ၿပီးေတာ့ စစ္မႈထမ္းေဆာင္ ၾကမယ့္ စစ္သည္ေတြကို သင္တန္းကာလၿပီးရင္ေတာင္ သူတို႔တစ္ဦးခ်င္းစီရဲ႕သေဘာထားမပါဘဲ စစ္ေျမျပင္ဆီ ဘယ္ႏိုင္ငံက စစ္တပ္ကမွ ေစလႊတ္ေလ့မရွိတာကို ေထာက္ျပထား ၿပီး ျမန္မာႏိုင္ငံကလည္း စစ္ဘက္ဆိုင္ရာ သေဘာတ ရားေတြကို လူထုက နားလည္ခံစားတတ္လာေစရန္ သာ ရည္႐ြယ္ထားပုံရတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒီေနရာ အၿမဲတမ္းတပ္မေတာ္သားနဲ႔ စစ္မႈမထမ္းမေန ရ ဥပေဒေၾကာင့္ ထမ္းေဆာင္ၾကတဲ့ တပ္မေတာ္သား ေတြၾကားမွာ တာဝန္ယူတာဝန္ခံရမယ့္ ကိစၥေတြ၊ အနာဂတ္ တပ္မေတာ္ကို ထိန္းေက်ာင္းေမာင္းႏွင္ဖို႔ကိစၥေတြမွာ အမ်ားႀကီးကြဲျပားသြားပါလိမ့္မယ္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ႏွစ္ႀကိမ္ရွင္းျပၿပီးသည့္ တိုင္ ေကာလဟလ ထုထည္ႀကီးက အေတာ္ကိုႀကီးမား ေနပုံရပါတယ္။ သုံးႀကိမ္ေျမာက္၊ ေလးႀကိမ္ေျမာက္၊ ငါးႀကိမ္ေျမာက္အထိ ဆက္တိုက္ ရွင္းလင္းေနရဆဲပါ။ ေဖေဖာ္ဝါရီ(၁၀)ရက္ညပိုင္းက ေၾကညာခ်က္ တစ္ေစာင္ဟာ ေဖေဖာ္ဝါရီ(၁၆) ရက္အထိ ရွင္းလို႔မ ဆုံးေအာင္ ရႈပ္ေထြးသြားလိမ့္မယ္၊ တစ္နည္းအားျဖင့္ လူထုၾကားမွာ ႐ိုက္ခတ္မႈႀကီးမားသြားလိမ့္မယ္လို႔ နစကဘက္က တြက္ခ်က္စဥ္းစားထားပုံမရပါဘူး။ ဒါေၾကာင့္လည္း ေလးႀကိမ္ေျမာက္၊ ငါးႀကိမ္ေျမာက္၊ ေျခာက္ႀကိမ္ေျမာက္ ေတြအထိ က်ယ္ျပန႔္သြားခဲ့တာပါ။ သုံးႀကိမ္ေျမာက္ ရွင္းလင္းခ်က္ထဲမွာလည္း ပထမဆုံး အပတ္စဥ္မွာ အမ်ိဳး သမီးကို ေခၚဦးမွာမဟုတ္ဘဲ ငါးႀကိမ္ေျမာက္က်မွသာ ပါဝင္ႏိုင္ေျခရွိေၾကာင္း ေျပာၾကားထားသလို တစ္ႏွစ္ ပတ္လုံးကိုမွ လူဦးေရ (၅၀ဝဝဝ)ထက္ ပိုေခၚႏိုင္ဖို႔ မလြယ္ေၾကာင္း ထည့္သြင္းေျပာၾကားထားပါတယ္။ ေလးႀကိမ္ ေျမာက္ ရွင္းလင္းခ်က္မွာလည္း ဒီႏိုင္ငံကို ျမန္မာႏိုင္ငံသား ေတြမွ မကာကြယ္ရင္ ဘယ္သူေတြ ကာကြယ္ၾကမွာ လဲလို႔ ေမးခြန္းထုတ္ထားသလို ငါးႀကိမ္ေျမာက္မွာေတာ့ လူ(၂၀ဝ)မွာ တစ္ေယာက္ႏႈန္းေလာက္သာ စစ္မႈထမ္းရ မွာ ျဖစ္တယ္လို႔ ထည့္ေျပာထားပါတယ္။ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းတစ္ေယာက္တည္း ဒိုင္ခံ ရွင္းေန တာလား ဆို ေတာ့ မဟုတ္ျပန္ပါဘူး။ ဆရာျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ႏိုင္ငံေရး ပါတီေတြနဲ႔ ေတြ႕ဆုံတဲ့ ေဖေဖာ္ဝါရီလ(၁၃)ရက္က တစ္ႀကိမ္၊ ျပည္ပမွာ သြားေရာက္တာဝန္ထမ္းေဆာင္ ေနတဲ့ ျမန္မာသံတမန္ေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ တစ္ႀကိမ္၊ စုစုေပါင္း ႏွစ္ႀကိမ္တိတိ ထည့္ သြင္းရွင္းလင္းေျပာ ၾကားခဲ့ရပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာၾကားထားတဲ့ စကားေတြမွာေတာ့ “ ျပည္သူ႔စစ္မႈထမ္းဥပေဒနဲ႔ ပတ္သက္ရင္ တြက္ခ်က္ခ်င့္ခ်ိန္ ေဆာင္႐ြက္ သြားမွာ ျဖစ္သလို ႏိုင္ငံသားေတြအတြက္ ဝန္ထုပ္ဝန္ပိုးလည္း မျဖစ္ေစလိုေၾကာင္း၊ သတ္မွတ္ အသက္အပိုင္း အျခား အတြင္းကေန သင့္တင့္ေလ်ာက္ပတ္တဲ့ အင္အားကို သာ ရွဥ့္လည္းေလွ်ာက္သာ၊ ပ်ားလည္းစြဲသာေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း”ထည့္သြင္းအသိ ေပးထားပါတယ္။ ျပည္သူ႔စစ္မႈထမ္း ဥပေဒနဲ႔ အရန္ တပ္ဖြဲ႕ ဥပေဒေတြကို ေသခ်ာနားလည္ေအာင္ဖတ္ရႈ ေလ့လာၿပီး လူထုကို၊ သက္ဆိုင္ရာက႑အသီးသီးကို အသိေပးေျပာ ၾကားဖို႔အထိ ဗိုလ္ခ်ဳပ္မႉးႀကီးကိုယ္တိုင္ ရွင္းျပရပါေတာ့တယ္။ ဒါေၾကာင့္ ျပည္သူ႔စစ္မႈထမ္း ဥပေဒနဲ႔ ပတ္သက္ ရင္ ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ သူ႔တပည့္တို႔ ႏွစ္ေယာက္ေပါင္းၿပီး ထုတ္ျပန္ရွင္းလင္းအသိေပး ေျပာၾကားရတာ(၇)ႀကိမ္ ထက္မနည္းရွိခဲ့တယ္လို႔ ဆိုရမွာပါ။

ႏိုင္ငံသားတိုင္း စစ္မႈထမ္းေစမယ့္ကိစၥကို နစက ဘက္က အႀကိမ္ႀကိမ္အခါခါ ရွင္းျပေနရျခင္း၊ အျခား တစ္ဖက္ ဆန႔္က်င္ေရးသမားေတြက ေကာလာဟလ လႈိင္းေတြ ထုတ္လႊင့္ေနရျခင္းေတြကို ကစားဝိုင္း အျပင္ဘက္ကေန ထြက္ၾကည့္မယ္ဆိုရင္ ျမင္သာတဲ့ အခ်က္ေတြကို ေတြ႕ရမွာပါ။ ဒီအတြက္ အရင္ဆုံး လူထုဘက္က လုပ္ရမွာက တစ္ခုတည္းပါ။ ေကာလာဟလေတြအေပၚခံစားမႈ ခဏဖယ္ထားၿပီး ဘာျဖစ္တာ လဲဆိုတာ အစြဲတရား ကင္း ကင္း၊ အမုန္းတရား ကင္းကင္းနဲ႔ ေသခ်ာေလ့လာၾကည့္ပါ။ ဗိုလ္ခ်ဳပ္မႉး ႀကီးတို႔ နစကဘက္က စစ္မႈထမ္းဥပေဒကို အခုမွ ထၿပီး အမိန႔္ထုတ္ျပန္ေၾကညာတာလား၊ ယခင္က ရွိၿပီးသားကို က်င့္သုံးမယ္လို႔ ေၾကညာတာလားဆိုတာ ပထမတစ္ခ်က္အျဖစ္ စဥ္းစားသင့္ပါတယ္။ ဥပေဒ ဟာ ၁၉၅၉ ခုႏွစ္ကတည္းက တည္ရွိခဲ့တာျဖစ္သလို ၂၀၁၀ ျပည့္ႏွစ္အတြင္းက ျပင္ဆင္ျဖည့္စြက္ၿပီး ထပ္ဆင့္အတည္ျပဳထားၿပီးသားပါ။ အဲဒီေနာက္ ၂၀၁၁ ကေန ၂၀၂၁ ခုႏွစ္အထိ ေပၚေပါက္ခဲ့တဲ့ ဦးသိန္းစိန္အစိုးရ၊ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရ ထိတိုင္ ပယ္ဖ်က္ခဲ့ျခင္းမရွိေသာ ဥပေဒတစ္ခုပါ။ တစ္နည္းအားျဖင့္ ဥပေဒဟာ လိုအပ္တယ္လို႔ ယူဆ လို႔ သို႔မဟုတ္ ဥပေဒအေၾကာင္း နားလည္ဖို႔ ထက္ မိမိတို႔အဆင္ေျပဖို႔ ဦးတည္စဥ္းစားခဲ့လို႔သာ ဦးသိန္း စိန္ေရာ ေဒၚေအာင္ဆန္းစုၾကည္တို႔ကပါ ပယ္ဖ်က္ဖို႔ မစဥ္းစားခဲ့တာပါပဲ။ အကယ္၍သာ လူထုအတြက္ ဖိစီးမႈျဖစ္ေစမယ့္ ဥပေဒျဖစ္တယ္လို႔ လက္ရွိကာလနဲ႔ အနီး စပ္ဆုံးအစိုးရတာဝန္ယူခဲ့သူ ေဒၚေအာင္ဆန္း စုၾကည္တို႔က စာနာေထာက္ထားေပးခဲ့မယ္ဆိုရင္ ငါးႏွစ္လႊတ္ေတာ္ သက္တမ္းအတြင္းမွာ ပယ္ဖ်က္ဖို႔ အဆိုတင္ခဲ့ၾကရမွာပါ။ သို႔ေသာ္လည္း ေဒၚေအာင္ ဆန္းစုၾကည္တို႔ပါတီဟာ သတိတစ္ခ်က္ေတာင္ ရခဲ့ပုံမရပါဘူး။ ဒါေၾကာင့္ ဥပေဒက ျပ႒ာန္းၿပီးသား၊ အသက္ဝင္ေနၿပီးသား ျဖစ္ခဲ့တာပါ။ ဥပေဒက အသက္ဝင္ၿပီးတဲ့ေနာက္ က်င့္သုံးျခင္းဆိုတဲ့ကိစၥမွာ လက္ရွိ နစကအစိုးရက သင့္ေတာ္တယ္လို႔ ယုံ ၾကည္တာေၾကာင့္ စတင္က်င့္သုံးတာပါပဲ။ တစ္နည္းအားျဖင့္ ၿပီးခဲ့ေသာ အစိုးရႏွစ္ဆက္ရဲ႕အေမြကို လက္ခံက်င့္ သုံးေပးသလို ျဖစ္သြားပါတယ္။

နစကဘက္ကေတာ့ သူတို႔လုပ္တဲ့လုပ္ရပ္တိုင္း ကို ေအာင္ျမင္ခ်င္ေနပါတယ္။ ဒီလိုေအာင္ျမင္မွာကို မလိုလား ဆုံးကေတာ့ NUG နဲ႔ မဟာမိတ္ေတြ၊ ဘက္ေတာ္သားေတြပါပဲ။ ဒါေၾကာင့္လည္း ေကာလာ ဟလလႈိင္းေတြက လိုတာထက္ပိုၿပီး ျမင့္မားေနခဲ့ တာပါ။ စစ္မႈထမ္းဥပေဒကို လူထုက လန႔္ဖ်ပ္ၿပီး ဆန႔္က်င္ခ်င္လာေအာင္၊ လူငယ္ တခ်ိဳ႕က တပ္မေတာ္ မွာ တာဝန္ထမ္းေဆာင္မယ့္အစား ျပည္ပထြက္ေျပး တာ ဒါမွဟုတ္ PDF ထဲ ဝင္တာေတြ ျဖစ္လာေအာင္ NUG နဲ႔ ေလာ္ဘီမီဒီယာေတြက ေျခာက္လွန႔္သံေတြ ေပးေနတာ ျမင္ရပါတယ္။ ေဘးကေန ၾကည့္ မယ္ ဆိုရင္ေတာ့ စစ္မႈမထမ္းမေနရ ဥပေဒေၾကာင့္ လူငယ္ ေတြ တပ္မေတာ္ထဲဝင္ရၿပီး၊ တပ္မေတာ္ရဲ႕အေျခ အေနအမွန္ကို နားလည္ခံစားသြားတတ္မွာ ဒါမွမ ဟုတ္ NUG နဲ႔ မဟာမိတ္ေတြရဲ႕လိမ္လည္လွည့္ျဖားမႈေတြကို သေဘာေပါက္သြားမွာကို အစိုးရိမ္ဆုံးက ဘယ္သူေတြျဖစ္မွာပါလဲ။ လက္ခုပ္သံေတြ စဲသြားမွာ ကို အေၾကာက္ဆုံး သူေတြဟာ လက္ညႇိဳးေတြကိုထိုးၿပီး ရန္သူရွာေလ့ရွိသလိုမ်ိဳး စစ္မႈမထမ္းမေနရ ဥပေဒ အေပၚကေန အခြင့္အ လမ္းရွာေနတာကိုလည္း ျမင္သာေစပါတယ္။ NUG နဲ႔ ေလာ္ဘီေတြရဲ႕ အေၾကာက္တရားဟာ စစ္မႈမထမ္း မေနရ ဥပေဒ က်င့္သုံးျခင္း ေၾကညာခ်က္ေအာက္မွာ ဘြားကနဲေပၚလာတာကို ျမင္ရသလို လူထုကိုလည္း သတင္းစကား အမွားေတြ ေပးၿပီး ေခ်ာက္ခ်ဖို႔ ဝန္မေလးတာကိုပါ အတြဲလိုက္ ျမင္ရပါေတာ့တယ္။ ဥပမာအားျဖင့္ ရန္ကုန္ၿမိဳ႕က လမ္းေတြ၊ တျခားေသာၿမိဳ႕တစ္ၿမိဳ႕က လမ္းေတြမွာ စစ္သားေတြက လမ္းသြားလမ္းလာေတြကို ကားေပၚ ဆြဲတင္ ၿပီး ေပၚတာဆြဲေနၿပီ၊ အိမ္ေတြကို ဝင္စစ္ၿပီး ဖမ္းေခၚသြားၿပီ အစရွိတဲ့ မည္သူမည္ဝါအတည္ျပဳ ထားျခင္းမရွိေသာ ေကာလာဟလေတြကို ေဈးေပါေပါ နဲ႔ ႐ိုက္ထုတ္ေနတာမ်ိဳးပါ။

လူထုကိုေတာ့ ႐ိုးရွင္းစြာ သတင္းစကားပါးခ်င္ ပါတယ္။

စိုးရိမ္ထိတ္လန႔္စိတ္၊ တစ္စုံတစ္ရာကို ေၾကာက္ ႐ြံ႕စိတ္၊ တစ္စုံတစ္ဦး တစ္စုတစ္ဖြဲ႕အေပၚ မုန္းတီး စိတ္၊ တစ္စုံတစ္ခုအေပၚမွာ အယုံလြယ္ၿပီး ဆန္းစစ္ ေလ့လာျခင္းမရွိတဲ့စိတ္ဆိုတာဟာ ေမြးရာပါစိတ္ဓာတ္ႀကံ့ခိုင္မႈ အားနည္းျခင္းဆိုေသာ စိတ္က်န္းမာေရး ခ်ိဳ႕တဲ့မႈ တစ္မ်ိဳးပါ။ တစ္နည္းအားျဖင့္ ယဥ္ယဥ္ေလးနဲ႔ စိတ္က်န္းမာေရး ခ်ိဳ႕တဲ့ အားနည္းေနတာပါ။ စိတ္က်န္းမာေရးခ်ိဳ႕တဲ့ အားနည္းသူေတြကို သားေကာင္ ရွာေနသူေတြက သတင္းအ မွားေတြ၊ ေကာလာဟလ ေတြ၊ ေျခာက္လုံးလွန႔္လုံးေတြ၊ ဝါဒျဖန႔္ခ်ိျခင္းေတြနဲ႔ ဖိအားေပးၿပီး သူတို႔လိုရာကို ဆြဲေခၚ တတ္ၾကပါတယ္။ ၂၀၂၁ ႏိုင္ငံေရးအခင္းအက်င္းလို ကာလမ်ိဳးေတြမွာ ေကာလာဟလေၾကာင့္ သားေကာင္ေတြ အမ်ားအျပား ပ်က္စီးဆုံးရႈံးတာနဲ႔ရင္ဆိုင္ရတတ္သလို လူ႔အသိုင္း အဝိုင္းတစ္ခုလုံးလည္း ပ်က္စီးတတ္ပါတယ္။ အထူးသျဖင့္ ဘဏ္ေကာလာဟလ၊ စစ္မက္ေကာလာဟလ၊ ကိုဗစ္ေကာလာဟလ၊ ဆန္နဲ႔ ေဆးဝါးေကာလာ ဟလ အစရွိေသာ မဆုံးႏိုင္တဲ့ ေကာလာဟလမ်ိဳးစုံက ခင္ဗ်ားတို႔ကို ဖိစီးႏွိပ္စက္ခဲ့ၿပီးပါၿပီ။ ဒါကိုေတာင္ အမွတ္ မရွိေသးရင္ေတာ့ ကိုယ့္အျပစ္နဲ႔ ကိုယ္ပါပဲ။

မည္သို႔ပင္ျဖစ္ေစ စစ္မႈမထမ္းမေနရ ျပ႒ာန္း ခ်က္ က်င့္သုံးျခင္းဟာ လူထုကို ႐ုတ္တရက္ လႈပ္ႏႈိး သလိုျဖစ္ ခဲ့ၿပီး ဦးေဆာင္ေနတဲ့ ေခါင္းေဆာင္ေတြ ကိုယ္တိုင္ေတာင္ ေခါင္းနပန္းႀကီးစြာ လိုက္ရွင္းၾက ရတာကို ျမင္ရမွာပါ။ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ လူထုကို မဆိုထားနဲ႔ ဆရာတပည့္ႏွစ္ေယာက္ေပါင္း (၇) ႀကိမ္ထက္မနည္း ရွင္းလင္း ခဲ့ရတဲ့အထိ ဥပေဒရဲ႕ ႐ိုက္ခ်က္က ျပင္းလြန္းေနတာကို ျမင္ေတြ႕လိုက္ရ ေၾကာင္း ဒီတစ္ပတ္အတြက္ အေတြးအ ျမင္ေဆာင္းပါးေလးအျဖစ္ေရးလိုက္ရပါတယ္။

Picture

Alvin Stark

23/02/2024 11:47

မအေလိုး မျိုးမင်းရဲ့ မင်းအဖေနဲ့ မင်း‌‌‌ယောက်ဖက အပြောကတစ်လွဲ လုပ်နေတာက စောက်တစ်လွဲဆိုတာ မင်းစောက်လုံးကန်းနေလို့မသိတာလား စောက်ဦးနှောက်ကဖြင့်မရှိပဲ သတင်းရေးနေသေးတယ် မအေလိုး

Related news

© 2021. All rights reserved.