ကင်ဆာရောဂါသည်များ အချိန်တိုအတွင်း ကုသမှုရရှိနိုင်မည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်မှု (၇၅)ရာခိုင်နှုန်းကျော် ပြီးစီး

 721

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၁

ကင်ဆာရောဂါသည်များ အချိန်တိုအတွင်း ကုသမှုရရှိနိုင်မည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်မှု (၇၅)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း ပြီးစီးကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနထံ မှ သိရသည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် (၉၂၀၈)သန်းကို အသုံးပြု၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကုသရေးဌာနတွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက်(၄)လုံး တပ်ဆင်၍ ကင်ဆာရောဂါသည်များကို ကုသ မှုပေးသွားမည်ဖြစ်ပြီး ယခုနှစ်(၂၀၂၄) အတွင်း စတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“တည်ဆောက်မှုကတော့ မပြီးသေးပါဘူး။ ဆောက်နေတုန်းပါပဲ(၇၅)ရာခိုင်နှုန်းလောက်တော့ ပြီးသွားပါပြီ။ စီမံကိန်းကလည်းကြီးတယ်လေ။ ဓာတ်ရောင် ခြည်ကုသစက်(၄)လုံးတပ်ဆင်သွားမှာပါ။ လတ်တလော ပြည်သူ့ ဆေးရုံတွေမှာ ဓာတ်ကင်ဖို့လူနာတွေ စောင့်ဆိုင်းနေရတာတွေရှိတယ်။ အဲဒီစောင့်ဆိုင်း နေရတဲ့လူတွေ အတွက်ကို ဝန်ကြီးဌာနအနေနဲ့ စက်တိုးချဲ့တပ်ဆင်ဖို့ စီစဥ်ခဲ့တာပါ။ စက်တပ်ဆင်ပြီးသွားရင်တော့ စောင့်ဆိုင်းရတဲ့လူနာတွေ အတွက် အချိန်တိုတိုအတွင်း ကုသမှုရှိမှာပါ။ နောက်ပိုင်းလည်းထပ်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ထပ်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဆောက်နေတဲ့ဘန်ကာ ပြီးနိုင်တာရယ်၊ စက်ဝယ်မှုတွေပြီးနိုင်တဲ့အချိန်ရယ်၊ လျှပ်စစ်မီးလည်းရပြီ စက်လည်ပတ်ပြီဆိုရင် ဒီဌာနကစပြီးတော့ လုပ်နိုင်ပါပြီ။ ၂၀၂၄ အတွင်းမှာတော့ စတင်နိုင် အောင် ဆောင်ရွက်နေပါတယ်” ဟု ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ပြီးစီးပါက ကင်ဆာရောဂါလူနာများအား ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ကင်ဆာရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဥ်ဖြစ်ပွားမှုနှုန်းတိုးမြင့်လျက်ရှိပြီး ကင်ဆာဆဲလ်ပြန့်နှံ့မှုမရှိစေရန် ကုသပေးနိုင်သည့် ဓာတ်ရောင်ခြည်စက်ဖြင့်ကုသနည်းသည် အဓိကကျသည့် ကုသခြင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများကို အရေးပေါ်အခြေအနေများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တောင်ကြီး စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးတို့တွင် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (၁၂)လုံး ထားရှိကာ ဆောင်ရွက်ပေးနေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Zawgyi Version;
ကင္ဆာေရာဂါသည္မ်ား အခ်ိန္တိုအတြင္း ကုသမႈရရွိႏိုင္မည့္ အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာန တည္ေဆာက္မႈ (၇၅)ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီး
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၁

ကင္ဆာေရာဂါသည္မ်ား အခ်ိန္တိုအတြင္း ကုသမႈရရွိႏိုင္မည့္ အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာန တည္ေဆာက္မႈ (၇၅)ရာခိုင္ႏႈန္းေက်ာ္ၿပီးစီးေနၿပီျဖစ္ေၾကာင္း ၿပီးစီးက်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာနထံ မွ သိရသည္။

အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာနကို ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တြင္ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္မွစတင္ကာ ႏိုင္ငံေတာ္မွ ခြင့္ျပဳရန္ပုံေငြက်ပ္ (၉၂၀၈)သန္းကို အသုံးျပဳ၍ တည္ေဆာက္လွ်က္ရွိေၾကာင္း သိရသည္။

အဆိုပါကုသေရးဌာနတြင္ ကင္ဆာဓာတ္ေရာင္ျခည္ကုသစက္(၄)လုံး တပ္ဆင္၍ ကင္ဆာေရာဂါသည္မ်ားကို ကုသ မႈေပးသြားမည္ျဖစ္ၿပီး ယခုႏွစ္(၂၀၂၄) အတြင္း စတင္ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“တည္ေဆာက္မႈကေတာ့ မၿပီးေသးပါဘူး။ ေဆာက္ေနတုန္းပါပဲ(၇၅)ရာခိုင္ႏႈန္းေလာက္ေတာ့ ၿပီးသြားပါၿပီ။ စီမံကိန္းကလည္းႀကီးတယ္ေလ။ ဓာတ္ေရာင္ ျခည္ကုသစက္(၄)လုံးတပ္ဆင္သြားမွာပါ။ လတ္တေလာ ျပည္သူ႔ ေဆး႐ုံေတြမွာ ဓာတ္ကင္ဖို႔လူနာေတြ ေစာင့္ဆိုင္းေနရတာေတြရွိတယ္။ အဲဒီေစာင့္ဆိုင္း ေနရတဲ့လူေတြ အတြက္ကို ဝန္ႀကီးဌာနအေနနဲ႔ စက္တိုးခ်ဲ႕တပ္ဆင္ဖို႔ စီစဥ္ခဲ့တာပါ။ စက္တပ္ဆင္ၿပီးသြားရင္ေတာ့ ေစာင့္ဆိုင္းရတဲ့လူနာေတြ အတြက္ အခ်ိန္တိုတိုအတြင္း ကုသမႈရွိမွာပါ။ ေနာက္ပိုင္းလည္းထပ္ၿပီးေတာ့ လိုအပ္တဲ့ေနရာေတြမွာ ထပ္ၿပီးေတာ့ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္။ ေဆာက္ေနတဲ့ဘန္ကာ ၿပီးႏိုင္တာရယ္၊ စက္ဝယ္မႈေတြၿပီးႏိုင္တဲ့အခ်ိန္ရယ္၊ လွ်ပ္စစ္မီးလည္းရၿပီ စက္လည္ပတ္ၿပီဆိုရင္ ဒီဌာနကစၿပီးေတာ့ လုပ္ႏိုင္ပါၿပီ။ ၂၀၂၄ အတြင္းမွာေတာ့ စတင္ႏိုင္ ေအာင္ ေဆာင္႐ြက္ေနပါတယ္” ဟု ကုသေရး ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အမ်ိဳးသားကင္ဆာေရာဂါကုသေရးဌာန တည္ေဆာက္ၿပီးစီးပါက ကင္ဆာေရာဂါလူနာမ်ားအား ခြဲစိတ္ကုသျခင္း၊ ကင္ဆာေဆးသြင္းကုသျခင္း၊ ဓာတ္ေရာင္ျခည္ျဖင့္ ကုသျခင္း၊ ဓာတ္ခြဲစမ္းသပ္မႈ၊ ဓာတ္မွန္ျဖင့္ ေရာဂါရွာေဖြျခင္း တို႔ကို အခ်ိန္ႏွင့္တစ္ေျပးညီ ေဆာင္႐ြက္ေပးႏိုင္မည္ျဖစ္သည္။

ကင္ဆာေရာဂါသည္ ျမန္မာႏိုင္ငံတြင္သာမက ကမာၻတစ္ဝန္းလုံးတြင္ ႏွစ္စဥ္ျဖစ္ပြားမႈႏႈန္းတိုးျမင့္လ်က္ရွိၿပီး ကင္ဆာဆဲလ္ျပန႔္ႏွံ႔မႈမရွိေစရန္ ကုသေပးႏိုင္သည့္ ဓာတ္ေရာင္ျခည္စက္ျဖင့္ကုသနည္းသည္ အဓိကက်သည့္ ကုသျခင္းတစ္ခုျဖစ္ေၾကာင္း သိရသည္။

ကင္ဆာဓာတ္ေရာင္ျခည္ကုသမႈမ်ားကို အေရးေပၚအေျခအေနမ်ားအတြက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အပါအဝင္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီး(ခုတင္-၁၀၀၀)ႏွင့္ ေတာင္ႀကီး စဝ္စံထြန္းျပည္သူ႔ ေဆး႐ုံႀကီးတို႔တြင္ ကင္ဆာဓာတ္ေရာင္ျခည္ကုသစက္ (၁၂)လုံး ထားရွိကာ ေဆာင္႐ြက္ေပးေနေၾကာင္း က်န္းမာ ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.