မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံး

 1026

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)၊ မွန်းလွဲ ၃ နာရီ ၅ဝ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်က စလောင်လဲတော့ မသိခဲ့ရဘူး။ မီးလောင်ပြီး လူနေအိမ်(၂)လုံးတော့ ပါသွားတယ်။ လူထိခိုက်မှုလဲမရှိခဲ့ပါ ဘူး” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၂)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရ သည်။

“အကြံပြုချင်တာကတော့ ရန်ကုန်မြို့က လူနေထူထပ်တယ်။ အခုက မီးကလည်း အချိန်မှန် ပြတ်တာနဲ့ လာတာရှိ တယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အပြင်သွားမယ်ဆို main ချပြီးမှ အပြင်သွားစေချင်တယ်။ နောက်ပြီး အခြားနေရာ တွေကဆိုရင် မီးကြွင်းမီးကျန် သတိထားဖို့ပေါ့။ မီးမပေါ့ဆဖို့ပြောချင်တယ်။ မီးက မိုးရာသီပဲဖြစ်ဖြစ်။ ပွင့်လင်း ရာသီပဲဖြစ်ဖြစ်လောင်တာဆိုပေမယ့် ပွင့်လင်းရာသီ မှာတော့ ပိုပြီးဂရုစိုက်သင့်တယ်” ဟု ၎င်းက အကြံပြုပြောဆို ထားသည်။

ရန်ကုန်မြို့တွင် ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်) တစ်ရက်အတွင်း မီးလောင်မှု(၅)ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ်(၂)လုံး၊ ကားတစ်စီး၊ တရားမဝင် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တို့မီးလောင်ပျက်စီးသွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း ကနဦးသိရသည်။

Zawgyi Version;
မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၂)လုံး မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၁

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူေနအိမ္(၂)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ေဖေဖာ္ဝါရီ ၂၁ ရက္)၊ မြန္းလြဲ ၃ နာရီ ၅ဝ မိနစ္အခ်ိန္တြင္ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ စက္ဆန္းရပ္ကြက္၊ အထက္ပုဇြန္ေတာင္လမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္က စေလာင္လဲေတာ့ မသိခဲ့ရဘူး။ မီးေလာင္ၿပီး လူေနအိမ္(၂)လုံးေတာ့ ပါသြားတယ္။ လူထိခိုက္မႈလဲမရွိခဲ့ပါ ဘူး” ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း လူေနအိမ္(၂)လုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရ သည္။

“အႀကံျပဳခ်င္တာကေတာ့ ရန္ကုန္ၿမိဳ႕က လူေနထူထပ္တယ္။ အခုက မီးကလည္း အခ်ိန္မွန္ ျပတ္တာနဲ႔ လာတာရွိ တယ္။ အဲဒီေတာ့ ဘာပဲျဖစ္ျဖစ္ အျပင္သြားမယ္ဆို main ခ်ၿပီးမွ အျပင္သြားေစခ်င္တယ္။ ေနာက္ၿပီး အျခားေနရာ ေတြကဆိုရင္ မီးႂကြင္းမီးက်န္ သတိထားဖို႔ေပါ့။ မီးမေပါ့ဆဖို႔ေျပာခ်င္တယ္။ မီးက မိုးရာသီပဲျဖစ္ျဖစ္။ ပြင့္လင္း ရာသီပဲျဖစ္ျဖစ္ေလာင္တာဆိုေပမယ့္ ပြင့္လင္းရာသီ မွာေတာ့ ပိုၿပီးဂ႐ုစိုက္သင့္တယ္” ဟု ၎က အႀကံျပဳေျပာဆို ထားသည္။

ရန္ကုန္ၿမိဳ႕တြင္ ယေန႔(ေဖေဖာ္ဝါရီ ၂၁ ရက္) တစ္ရက္အတြင္း မီးေလာင္မႈ(၅)ႀကိမ္ျဖစ္ပြားခဲ့ၿပီး လူေနအိမ္(၂)လုံး၊ ကားတစ္စီး၊ တရားမဝင္ စက္သုံးဆီအေရာင္းဆိုင္တစ္ဆိုင္တို႔မီးေလာင္ပ်က္စီးသြားခဲ့ၿပီး လူတစ္ဦးထိခိုက္ဒဏ္ရာရ ရွိခဲ့ေၾကာင္း ကနဦးသိရသည္။

Related news

© 2021. All rights reserved.