ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့က ထပ်မံ မိုင်းခွဲ ဖျက်ဆီး

 708

Pearl (NP News) - ဖေဖော်ဝါရီ ၂၂

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်၊ ည (၉)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ ညောင် လေးပင်မြို့နယ်၊ ကျောက်တံခါးဘူတာ နှင့် ပိန်းဇလုပ်ဘူတာအကြား မိုင် တိုင်အမှတ်၊ ၁၀၃/၆-၇ ရှိ တံတားအမှတ်၊ (၁၄၅)တွင် အကြမ်းဖက်အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့သဖြင့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် တံတားအမှတ် (၁၄၅)ပေါ်ရှိ ရထားသံလမ်း (၂)ချောင်းမှာ ပေ(၇၀)ခန့်စီ ပြတ်ထွက်ပျက်စီးခြင်း၊ ကွန်ကရစ်ဇလီဖားတုံး (၃၆)တုံးပျက်စီးခြင်း၊ တံတားကွန်ကရစ်ကြမ်းခင်း၌ (၅)ပေပတ်လည် အပေါက် (၅)ပေါက် ဖြစ်ပေါ် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် ရထားအချို့ ရပ်နားခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံ ရေးတပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရထားလမ်းပြုပြင်ခြင်းကို နံနက် (၁၁) နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီ ၂၅ မိနစ်တွင် ပြီးစီးခဲ့သဖြင့် အသီးသီးရပ်နားခဲ့ရသော ရထားများ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၇) ကြိမ်၊ ဘူတာအဆောက်အဦးနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းတြင္ အၾကမ္းဖက္အဖြဲ႕က ထပ္မံ မိုင္းခြဲ ဖ်က္ဆီး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၀)ရက္၊ ည (၉)နာရီခြဲခန႔္တြင္ ပဲခူးတိုင္း၊ ေညာင္ ေလးပင္ၿမိဳ႕နယ္၊ ေက်ာက္တံခါးဘူတာ ႏွင့္ ပိန္းဇလုပ္ဘူတာအၾကား မိုင္ တိုင္အမွတ္၊ ၁၀၃/၆-၇ ရွိ တံတားအမွတ္၊ (၁၄၅)တြင္ အၾကမ္းဖက္အဖြဲ႕က မိုင္းခြဲ ဖ်က္ဆီးခဲ့သျဖင့္ မိုင္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ မိုင္းေပါက္ကြဲမႈေၾကာင့္ တံတားအမွတ္ (၁၄၅)ေပၚရွိ ရထားသံလမ္း (၂)ေခ်ာင္းမွာ ေပ(၇၀)ခန႔္စီ ျပတ္ထြက္ပ်က္စီးျခင္း၊ ကြန္ကရစ္ဇလီဖားတုံး (၃၆)တုံးပ်က္စီးျခင္း၊ တံတားကြန္ကရစ္ၾကမ္းခင္း၌ (၅)ေပပတ္လည္ အေပါက္ (၅)ေပါက္ ျဖစ္ေပၚ ပ်က္စီးဆုံးရႈံးခဲ့ရၿပီး ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းအတြင္း ေျပးဆြဲေနသည့္ ရထားအခ်ိဳ႕ ရပ္နားခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔ နယ္ေျမေဒသတာဝန္ရွိသူမ်ား၊ နယ္ေျမခံ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္တို႔က နယ္ေျမရွင္းလင္း စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး လမ္းပိုင္းအား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ရထားလမ္းျပဳျပင္ျခင္းကို နံနက္ (၁၁) နာရီမွ စတင္ေဆာင္႐ြက္ခဲ့ရာ ေန႔လည္ ၃ နာရီ ၂၅ မိနစ္တြင္ ၿပီးစီးခဲ့သျဖင့္ အသီးသီးရပ္နားခဲ့ရေသာ ရထားမ်ား ဆက္လက္ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္မွစ၍ လက္ရွိအခ်ိန္အထိ ျမန္မာ့မီးရထားလမ္း ကြန္ယက္တစ္ခုလုံးတြင္ ရထားလမ္းႏွင့္ ရထားဘူတာ နယ္ေျမအတြင္း ဗုံးေထာင္မိုင္းခြဲ/ဖ်က္ဆီးျခင္း (၁၃၀)ႀကိမ္၊ ရထားတံတားမ်ားအား မိုင္းခြဲဖ်က္ဆီးျခင္း (၄၇) ႀကိမ္၊ ဘူတာအေဆာက္အဦးႏွင့္ ဝန္ထမ္းေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္း(၁၂)ႀကိမ္ က်ဴးလြန္ခဲ့ၾကၿပီးျဖစ္ေၾကာင္း ျမန္မာ့မီးရထားထံမွ သိရသည္။

Related news

© 2021. All rights reserved.