မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားသမ္မတပူတင်ပေးခဲ့သည့် လက်ဆောင်က တရားမဝင်ကြောင်း အမေရိကန်အစိုးရဝေဖန်ပြစ်တင်

 1295

Pika (NP News) - ဖေဖော်ဝါရီ ၂၂

ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကို ဇိမ်ခံကားတစ်စီးလက်ဆောင်ပေးခဲ့ခြင်းသည် မြောက်ကိုရီးယားအပေါ် နိုင်ငံတ ကာက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုရှားအစိုးရက ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သမ္မတပူတင်က ရုရှားနိုင်ငံထုတ် Aurus ဇိမ်ခံကားကို ကင်ဂျုံအန်းအား လက်ဆောင်ပေးခဲ့ခြင်းက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာကပြောကြားခဲ့သည်။ မက်သရူးမီလာက "ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို မြောက်ကိုရီးယားအား သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ဇိမ်ခံကားတွေ ထောက်ပံ့ပေးတာ နှစ်ခုစလုံးကို တားမြစ်ဖို့ လိုအပ်ပါတယ်။ ဒီသတင်းကသာ အမှန်ဆိုရင် ရုရှားနိုင်ငံဟာ သူကိုယ်တိုင်ထောက်ခံထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ထပ်မံချိုးဖောက်နေတာပဲဖြစ်ပါတယ်"ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသည် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခဲ့သည်ဆိုသည့် အကြုံပြုပြောဆိုချက်များနှင့် တောင်ကိုရီးယားအစိုးရတာဝန်ရှိသူများ၏ အလားတူစွပ်စွဲပြောဆိုချက်များကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ငြင်းဆန်ပယ်ချခဲ့ကြောင်းသိရသည်။ မာရီယာဇာခါရိုဗာက "တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာမှုနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပိတ်ဆို့အရေးယူမှုကော်မတီကိုပဲ ဆက်သွယ်သင့်ပါတယ်။ အခြားနိုင်ငံတွေနဲ့ တရားဝင်ကုန်သွယ်မှုဆက်ဆံရေးကို အနှောင့်အယှက်ပေးဖို့အတွက် အမေရိကန်က တောင်ကိုရီးယားကို ဘယ်လိုဖိအားပေးနေတယ်ဆိုတဲ့အချက်ကို သိရမှာက တကယ်ကို စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်"ဟုပြော ဆိုခဲ့သည်။

ရုရှားသမ္မတပူတင်၏ လက်ဆောင်ကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ(၂၀)ရက်တွင် ပထမဆုံးအစီရင်ခံခဲ့ပြီး ရုရှားအစိုးရက Aurus ဇိမ်ခံကားကို ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် မြောက်ကိုရီးယားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

zawgyi version
ေျမာက္ကိုရီးယားေခါင္းေဆာင္ကို ႐ုရွားသမၼတပူတင္ေပးခဲ့သည့္ လက္ေဆာင္က တရားမဝင္ေၾကာင္း အေမရိကန္အစိုးရေဝဖန္ျပစ္တင္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၂

႐ုရွားသမၼတပူတင္က ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းကို ဇိမ္ခံကားတစ္စီးလက္ေဆာင္ေပးခဲ့ျခင္းသည္ ေျမာက္ကိုရီးယားအေပၚ ႏိုင္ငံတ ကာက ခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ႐ုရွားအစိုးရက ခ်ိဳးေဖာက္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

သမၼတပူတင္က ႐ုရွားႏိုင္ငံထုတ္ Aurus ဇိမ္ခံကားကို ကင္ဂ်ဳံအန္းအား လက္ေဆာင္ေပးခဲ့ျခင္းက ေျမာက္ကိုရီးယားအေပၚ ခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်ိဳးေဖာက္ေနျခင္းသာျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူးမီလာကေျပာၾကားခဲ့သည္။ မက္သ႐ူးမီလာက "ကုလသမဂၢလုံၿခဳံေရးေကာင္စီဟာ အဖြဲ႕ဝင္ႏိုင္ငံေတြအားလုံးကို ေျမာက္ကိုရီးယားအား သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြနဲ႔ ဇိမ္ခံကားေတြ ေထာက္ပံ့ေပးတာ ႏွစ္ခုစလုံးကို တားျမစ္ဖို႔ လိုအပ္ပါတယ္။ ဒီသတင္းကသာ အမွန္ဆိုရင္ ႐ုရွားႏိုင္ငံဟာ သူကိုယ္တိုင္ေထာက္ခံထားတဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ထပ္မံခ်ိဳးေဖာက္ေနတာပဲျဖစ္ပါတယ္"ဟု ေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံသည္ ေျမာက္ကိုရီးယားအေပၚ ႏိုင္ငံတကာ၏ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်ိဳးေဖာက္ခဲ့သည္ဆိုသည့္ အႀကဳံျပဳေျပာဆိုခ်က္မ်ားႏွင့္ ေတာင္ကိုရီးယားအစိုးရတာဝန္ရွိသူမ်ား၏ အလားတူစြပ္စြဲေျပာဆိုခ်က္မ်ားကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းသိရသည္။ မာရီယာဇာခါ႐ိုဗာက "ေတာင္ကိုရီးယားႏိုင္ငံဟာ ေျမာက္ကိုရီးယားအေပၚ ကုလသမဂၢရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကို လိုက္နာမႈနဲ႔ပတ္သက္ၿပီး ေမးခြန္းေတြရွိတယ္ဆိုရင္ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ပိတ္ဆို႔အေရးယူမႈေကာ္မတီကိုပဲ ဆက္သြယ္သင့္ပါတယ္။ အျခားႏိုင္ငံေတြနဲ႔ တရားဝင္ကုန္သြယ္မႈဆက္ဆံေရးကို အေႏွာင့္အယွက္ေပးဖို႔အတြက္ အေမရိကန္က ေတာင္ကိုရီးယားကို ဘယ္လိုဖိအားေပးေနတယ္ဆိုတဲ့အခ်က္ကို သိရမွာက တကယ္ကို စိတ္ဝင္စားဖို႔ေကာင္းလိမ့္မယ္"ဟုေျပာ ဆိုခဲ့သည္။

႐ုရွားသမၼတပူတင္၏ လက္ေဆာင္ကို ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာက ေဖေဖာ္ဝါရီလ(၂၀)ရက္တြင္ ပထမဆုံးအစီရင္ခံခဲ့ၿပီး ႐ုရွားအစိုးရက Aurus ဇိမ္ခံကားကို ၿပီးခဲ့သည့္သီတင္းပတ္ကုန္တြင္ ေျမာက္ကိုရီးယားႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.