မန္တလေးတွင် ဆိုင်ကယ်များကို အုပ်စုဖွဲ့ဓားထောက်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် လူငယ် (၄)ဦးကို ဖမ်းဆီးရမိ

 771

Pearl (NP News) - ဖေဖော်ဝါရီ ၂၂

မန္တလေးတွင် ဆိုင်ကယ်များကို အုပ်စုဖွဲ့ဓားထောက်လုယက်မှုများ အကြိမ် ကြိမ် ကျူးလွန်ခဲ့သည့် လူငယ်(၄)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉)ရက်၊ နေ့လည် (၁)နာရီခန့်တွင် မန္တလေး တိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်း၊ ၂၇ x ၂၉(A) လမ်းကြားတွင် လူ ၁ ဦး ဓားဒဏ်ရာဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်သည့်နေရာတွင် အမျိုးသား ၁ ဦးသည် ဓါးဒဏ်ရာများဖြင့် လဲကျသေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စိစစ်ချက်များအရ သေဆုံးသူသည် အဆိုပါနေ့တွင် ၅၃ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ Scoopyi အနက်ရောင် မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၂၇ x ၂၉(A) လမ်းကြားသို့အရောက်၌ တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် လူ ၄ ဦးပါ ဆိုင်ကယ်နှစ်စီးမှ ရှေ့မှပိတ်ရပ်ပြီးနောက် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူများမှ ဓားများဖြင့်ထိုး၍ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်ဟု နစကမှ ဆိုသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ချမ်းမြေ့အောင် (ခ)ဒေါက်ဒေါက် (၂၂) နှစ်၊ တိုးဝေ(ခ)တိုးတက်(ခ) အားထစ်(၁၇)နှစ်၊ ရဲဝင်းအောင်(၁၇) နှစ်၊ ကျော်ကြီး(ခ) ကျော်ကျော်မြင့် (၁၈) နှစ်တို့ (၄) ဦး နှင့် သက်သေခံဆိုင်ကယ်အား ဝယ်ယူခဲ့သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၃၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ကျူးလွန်သူများအား ကနဦးစစ်ဆေးချက်များအရ ၎င်းတို့သည် မန္တလေးမြို့ပေါ်ရှိ လူအသွားအလာ နည်းပါးသည့်နေရာများတွင် အုပ်စုဖွဲ့၍ တန်ဖိုးကြီး မော်တော်ဆိုင်ကယ်များအား ဓါးထောက်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းရမိရေးနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
မႏၲေလးတြင္ ဆိုင္ကယ္မ်ားကို အုပ္စုဖြဲ႕ဓားေထာက္လုယက္မႈမ်ား အႀကိမ္ ႀကိမ္က်ဴးလြန္ခဲ့သည့္ လူငယ္ (၄)ဦးကို ဖမ္းဆီးရမိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂

မႏၲေလးတြင္ ဆိုင္ကယ္မ်ားကို အုပ္စုဖြဲ႕ဓားေထာက္လုယက္မႈမ်ား အႀကိမ္ ႀကိမ္ က်ဴးလြန္ခဲ့သည့္ လူငယ္(၄)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၉)ရက္၊ ေန႔လည္ (၁)နာရီခန႔္တြင္ မႏၲေလး တိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကန္ေကာက္ရပ္ကြက္၊ ၅၃ လမ္း၊ ၂၇ x ၂၉(A) လမ္းၾကားတြင္ လူ ၁ ဦး ဓားဒဏ္ရာျဖင့္ လဲက်ေနေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ အခင္းျဖစ္သည့္ေနရာတြင္ အမ်ိဳးသား ၁ ဦးသည္ ဓါးဒဏ္ရာမ်ားျဖင့္ လဲက်ေသဆုံးလ်က္ရွိသည္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

စိစစ္ခ်က္မ်ားအရ ေသဆုံးသူသည္ အဆိုပါေန႔တြင္ ၅၃ လမ္းအတိုင္း ေျမာက္ဘက္မွ ေတာင္ဘက္သို႔ Scoopyi အနက္ေရာင္ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္လာစဥ္ ၂၇ x ၂၉(A) လမ္းၾကားသို႔အေရာက္၌ ေတာင္ဘက္မွ ေျမာက္ဘက္သို႔ ေမာင္းႏွင္လာသည့္ လူ ၄ ဦးပါ ဆိုင္ကယ္ႏွစ္စီးမွ ေရွ႕မွပိတ္ရပ္ၿပီးေနာက္ ဆိုင္ကယ္ေနာက္တြင္ လိုက္ပါလာသူမ်ားမွ ဓားမ်ားျဖင့္ထိုး၍ ဆိုင္ကယ္အား လုယူေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္ဟု နစကမွ ဆိုသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ခဲ့ရာ ျဖစ္စဥ္တြင္ ပါဝင္ခဲ့သည့္ ခ်မ္းေျမ့ေအာင္ (ခ)ေဒါက္ေဒါက္ (၂၂) ႏွစ္၊ တိုးေဝ(ခ)တိုးတက္(ခ) အားထစ္(၁၇)ႏွစ္၊ ရဲဝင္းေအာင္(၁၇) ႏွစ္၊ ေက်ာ္ႀကီး(ခ) ေက်ာ္ေက်ာ္ျမင့္ (၁၈) ႏွစ္တို႔ (၄) ဦး ႏွင့္ သက္ေသခံဆိုင္ကယ္အား ဝယ္ယူခဲ့သူမ်ားအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ျဖစ္စဥ္ျဖစ္ပြားၿပီး ၃၅ နာရီအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ပါဝင္ခဲ့သည့္ က်ဴးလြန္သူမ်ားအား ကနဦးစစ္ေဆးခ်က္မ်ားအရ ၎တို႔သည္ မႏၲေလးၿမိဳ႕ေပၚရွိ လူအသြားအလာ နည္းပါးသည့္ေနရာမ်ားတြင္ အုပ္စုဖြဲ႕၍ တန္ဖိုးႀကီး ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ဓါးေထာက္လုယက္မႈမ်ား အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ သက္ေသခံပစၥည္းမ်ား ဆက္လက္သိမ္းဆည္းရမိေရးႏွင့္ ၎တို႔အား ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.