နိုင်ငံတကာဈေးကျနေသော်လည်း ဒေါ်လာဈေးကြောင့် ပြည်တွင်းစက်သုံးဆီဈေးတက်နေ

 547

NP News - ဖေဖော်ဝါရီ ၂၂

စင်ကာပူ၏ အခြေခံရေနံထွက်ကုန်ဈေးနှုန်း MOPS ဈေးကျနေသော်လည်း ပြည်တွင်း အမေရိကန်ဒေါ်လာဈေးကြောင့် စက်သုံးဆီဈေးသည် မြင့်တက် နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့်တစ်ပတ်တွင် စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည် 92 Ron တစ်စည်လျှင် ၉၉ ဒသမ ၄၄ ဒေါ်လာ၊ 95 Ron တစ်စည်လျှင် ၁၀၃ ဒသမ ၆၆ ဒေါ်လာ၊ 10 PPM တစ်စည်လျှင် ၁၀၄ ဒသမ ၇၃ ဒေါ်လာရှိခဲ့ရာမှ ယခုတစ်ပတ်တွင် 92 Ron တစ်စည်လျှင် ၉၄ ဒသမ ၃၅ ဒေါ်လာ၊ 95 Ron တစ်စည်လျှင် ၉၉ ဒသမ ၀၂ ဒေါ်လာ၊ 10 PPM တစ်စည်လျှင် ၁၀၀ ဒသမ ၁၉ ဒေါ်လာရှိကြောင်း သိရသည်။

ပြည်တွင်း အမေရိကန်ဒေါ်လာဈေးသည် ဖေဖော်ဝါရီလ ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၃၆၁၅ ကျပ်အထိမြင့်တက်နေပြီး ပြည်တွင်းစက်သုံးဆီဈေး‌ နှုန်းမြင့်တက်လာမှုကြောင့် ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်မောင်းအချို့သည် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

"ဆီဈေးကပြန်မကျတော့ဘဲ ဆက်တိုက်တက်လာတာ။ အော်ဒါကလည်း နည်းသွားပြီ အရင်လို ညပိုင်ဆွဲဖို့ကလည်း အဆင်မပြေဘူး။ လကုန်ရင်ကားပြန်အပ်ရတော့မယ်"ဟု အငှားယာဉ်မောင်း တစ်ဦးကပြောသည်။

ယခုတစ်ပတ်အတွက် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၇၇၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၇၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၉၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၆၄၀ ကျပ်‌ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပတ်တွင် ၉၂ ဓာတ်ဆီ တစ်လီတာလျှင် ၂၆၈၅ ကျပ်၊ ၉၅ ဓာတ်ဆီ တစ်လီတာလျှင် ၂၈၀၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးနှုန်းသည် ရန်ကုန် လက်လီဈေးကွက်အတွက် သတ်မှတ်ပေးသည့် စျေးနှုန်း‌များဖြစ်ပြီး နယ်မြို့များတွင် သယ်ယူပို့ဆောင်စရိတ်ကြောင့် ယခုဈေးနှုန်းများထက် ပိုများကြောင်း သိရသည်။

zawgyi version
ႏိုင္ငံတကာေဈးက်ေနေသာ္လည္း ေဒၚလာေဈးေၾကာင့္ ျပည္တြင္းစက္သုံးဆီေဈးတက္ေန
NP News - ေဖေဖာ္ဝါရီ ၂၂

စင္ကာပူ၏ အေျခခံေရနံထြက္ကုန္ေဈးႏႈန္း MOPS ေဈးက်ေနေသာ္လည္း ျပည္တြင္း အေမရိကန္ေဒၚလာေဈးေၾကာင့္ စက္သုံးဆီေဈးသည္ ျမင့္တက္ ေနေၾကာင္း စက္သုံးဆီအေရာင္းဆိုင္မ်ားမွ သိရသည္။

ၿပီးခဲ့သည့္တစ္ပတ္တြင္ စင္ကာပူႏိုင္ငံ၏ MOPS ေဈးႏႈန္းသည္ 92 Ron တစ္စည္လွ်င္ ၉၉ ဒသမ ၄၄ ေဒၚလာ၊ 95 Ron တစ္စည္လွ်င္ ၁၀၃ ဒသမ ၆၆ ေဒၚလာ၊ 10 PPM တစ္စည္လွ်င္ ၁၀၄ ဒသမ ၇၃ ေဒၚလာရွိခဲ့ရာမွ ယခုတစ္ပတ္တြင္ 92 Ron တစ္စည္လွ်င္ ၉၄ ဒသမ ၃၅ ေဒၚလာ၊ 95 Ron တစ္စည္လွ်င္ ၉၉ ဒသမ ၀၂ ေဒၚလာ၊ 10 PPM တစ္စည္လွ်င္ ၁၀၀ ဒသမ ၁၉ ေဒၚလာရွိေၾကာင္း သိရသည္။

ျပည္တြင္း အေမရိကန္ေဒၚလာေဈးသည္ ေဖေဖာ္ဝါရီလ ၂၂ ရက္တြင္ တစ္ေဒၚလာလွ်င္ ၃၆၁၅ က်ပ္အထိျမင့္တက္ေနၿပီး ျပည္တြင္းစက္သုံးဆီေဈး‌ ႏႈန္းျမင့္တက္လာမႈေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္းရွိ အငွားယာဥ္ေမာင္းအခ်ိဳ႕သည္ အခက္အခဲမ်ားစြာရွိေနေၾကာင္း သိရသည္။

"ဆီေဈးကျပန္မက်ေတာ့ဘဲ ဆက္တိုက္တက္လာတာ။ ေအာ္ဒါကလည္း နည္းသြားၿပီ အရင္လို ညပိုင္ဆြဲဖို႔ကလည္း အဆင္မေျပဘူး။ လကုန္ရင္ကားျပန္အပ္ရေတာ့မယ္"ဟု အငွားယာဥ္ေမာင္း တစ္ဦးကေျပာသည္။

ယခုတစ္ပတ္အတြက္ စက္သုံးဆီ လက္ကားရည္ၫႊန္းေဈးအရ ေအာက္တိန္း ၉၂ တစ္လီတာလွ်င္ ၂၇၇၀ က်ပ္၊ ၉၅ တစ္လီတာလွ်င္ ၂၈၇၅ က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ ၂၅၉၅ က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ ၂၆၄၀ က်ပ္‌ျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္တစ္ပတ္တြင္ ၉၂ ဓာတ္ဆီ တစ္လီတာလွ်င္ ၂၆၈၅ က်ပ္၊ ၉၅ ဓာတ္ဆီ တစ္လီတာလွ်င္ ၂၈၀၅ က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ ၂၅၂၅ က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ ၂၅၇၀ က်ပ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဈးႏႈန္းသည္ ရန္ကုန္ လက္လီေဈးကြက္အတြက္ သတ္မွတ္ေပးသည့္ ေစ်းႏႈန္း‌မ်ားျဖစ္ၿပီး နယ္ၿမိဳ႕မ်ားတြင္ သယ္ယူပို႔ေဆာင္စရိတ္ေၾကာင့္ ယခုေဈးႏႈန္းမ်ားထက္ ပိုမ်ားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.