ဝမ်းတွင်းမြို့နယ်တွင် လူငယ်တစ်ဦး အချိန်ကြာမြင့်စွာ ဂိမ်းဆော့ပြီးနောက် ရုတ်တရက်သေဆုံးမှုဖြစ်ပွား

 1228

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်တစ်ဦး အချိန်ကြာမြင့်စွာ ဂိမ်းဆော့ပြီးနောက် ရုတ်တရက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မျိုးဆက်သစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၁ ရက်)၊ နံနက် ၁၀နာရီခွဲအချိန်တွင် ဝမ်းတွင်းမြို့နယ်၊ သဖန်းကျေးရွာတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မိသားစုဝင်တွေပြောတာက ကလေးက နေရောညရောဖုန်းနဲ့ ဂိမ်းဆော့လို့ ဖြစ်တာလို့ပြောကြတယ်။ စဖြစ်တာတော့ ကလေးက ဖုန်းကြည့်နေရင်းနဲ့ ခေါင်းကိုက်တယ်။ နားကိုက်တယ်ဆိုလို့ ဆေးရုံပို့ခဲ့ကြတာ။ ဆေးရုံရောက်တော့ ပါးစပ်ထဲက အမြှုပ်တွေထွက်လာပြီး ဆုံးသွားတယ်လို့သိရတယ်” ဟု မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ သေဆုံးသူသည် အသက်(၁၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မိတ္ထီလာဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ မိတ္ထီလာပြည်သူ့ဆေးရုံမှ တစ်ဆင့် သဖန်းကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လူငယ်များ ဂိမ်းအလွန်အကျွံကစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအကျိုးဆက်များနှင့်ပတ်သက်၍ ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော်က “ဂိမ်းကစားရင်းနဲ့ အသက်သေဆုံးသွားတာတွေက ကမ္ဘာမှာလည်းအများကြီးရှိပါတယ်။ ဂိမ်းကစားတာ များလာတဲ့အခါမှာ အတက်ရောဂါလိုဟာမျိုးရတက်တာတို့၊ လှုံ့ဆော်မှုမဲ့အာရုံမှားတွေရတတ်တာတို့၊ သံသယစိတ်တွေ လွန်ကဲလာတာတို့ လက်ရှိကမ္ဘာကနေပြီးတော့ ဝေးကွာသွားပြီး သူ့ရဲ့ကိုယ်ပိုင်ဂိမ်းကမ္ဘာထဲကိုရောက်သွားတာမျိုးတွေရှိသလို၊ အာဟာရချို့တဲ့တာနဲ့ အိပ်ရေးတွေအရမ်းပျက်တာတွေကြောင့် ရောဂါတွေမျိုးစုံခံစားရတာတွေကလည်းရှိတတ်ပါတယ်” ဟု NP News ကိုပြောသည်။

ထို့ကြောင့် မိဘများအနေဖြင့်လည်း မိမိတို့၏ ကလေးငယ်များအား ဂိမ်းကစားရန် အချိန်သတ်မှတ်ကာ လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိစေရန် ပဲ့ပြင်ထိန်းသိမ်းပေးရန်လိုကြောင်းလည်း ၎င်းကအကြံပြုပြောကြားထားသည်။

zawgyi version
ဝမ္းတြင္းၿမိဳ႕နယ္တြင္ လူငယ္တစ္ဦး အခ်ိန္ၾကာျမင့္စြာ ဂိမ္းေဆာ့ၿပီးေနာက္ ႐ုတ္တရက္ေသဆုံးမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၂

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္တြင္ လူငယ္တစ္ဦး အခ်ိန္ၾကာျမင့္စြာ ဂိမ္းေဆာ့ၿပီးေနာက္ ႐ုတ္တရက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း မ်ိဳးဆက္သစ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၁ ရက္)၊ နံနက္ ၁၀နာရီခြဲအခ်ိန္တြင္ ဝမ္းတြင္းၿမိဳ႕နယ္၊ သဖန္းေက်း႐ြာတြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မိသားစုဝင္ေတြေျပာတာက ကေလးက ေနေရာညေရာဖုန္းနဲ႔ ဂိမ္းေဆာ့လို႔ ျဖစ္တာလို႔ေျပာၾကတယ္။ စျဖစ္တာေတာ့ ကေလးက ဖုန္းၾကည့္ေနရင္းနဲ႔ ေခါင္းကိုက္တယ္။ နားကိုက္တယ္ဆိုလို႔ ေဆး႐ုံပို႔ခဲ့ၾကတာ။ ေဆး႐ုံေရာက္ေတာ့ ပါးစပ္ထဲက အျမႇဳပ္ေတြထြက္လာၿပီး ဆုံးသြားတယ္လို႔သိရတယ္” ဟု မ်ိဳးဆက္သစ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ေသဆုံးသူသည္ အသက္(၁၈)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး မိတၳီလာေဆး႐ုံ၌ ေဆးကုသမႈခံယူေနစဥ္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၎ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းအား မ်ိဳးဆက္သစ္လူမႈကူညီေရးအသင္းမွ မိတၳီလာျပည္သူ႔ေဆး႐ုံမွ တစ္ဆင့္ သဖန္းေက်း႐ြာသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

လူငယ္မ်ား ဂိမ္းအလြန္အကြၽံကစားျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားႏွင့္ပတ္သက္၍ ပါေမာကၡ ေဒါက္တာဉာဏ္ဝင္းေက်ာ္က “ဂိမ္းကစားရင္းနဲ႔ အသက္ေသဆုံးသြားတာေတြက ကမာၻမွာလည္းအမ်ားႀကီးရွိပါတယ္။ ဂိမ္းကစားတာ မ်ားလာတဲ့အခါမွာ အတက္ေရာဂါလိုဟာမ်ိဳးရတက္တာတို႔၊ လႈံ႕ေဆာ္မႈမဲ့အာ႐ုံမွားေတြရတတ္တာတို႔၊ သံသယစိတ္ေတြ လြန္ကဲလာတာတို႔ လက္ရွိကမာၻကေနၿပီးေတာ့ ေဝးကြာသြားၿပီး သူ႔ရဲ႕ကိုယ္ပိုင္ဂိမ္းကမာၻထဲကိုေရာက္သြားတာမ်ိဳးေတြရွိသလို၊ အာဟာရခ်ိဳ႕တဲ့တာနဲ႔ အိပ္ေရးေတြအရမ္းပ်က္တာေတြေၾကာင့္ ေရာဂါေတြမ်ိဳးစုံခံစားရတာေတြကလည္းရွိတတ္ပါတယ္” ဟု NP News ကိုေျပာသည္။

ထို႔ေၾကာင့္ မိဘမ်ားအေနျဖင့္လည္း မိမိတို႔၏ ကေလးငယ္မ်ားအား ဂိမ္းကစားရန္ အခ်ိန္သတ္မွတ္ကာ လူမႈပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြမႈ ရွိေစရန္ ပဲ့ျပင္ထိန္းသိမ္းေပးရန္လိုေၾကာင္းလည္း ၎ကအႀကံျပဳေျပာၾကားထားသည္။

Related news

© 2021. All rights reserved.