"အနုပညာရှင်လည်း သာမာန် လူသားတစ်ဦးပါ"

 1489

အိဖြူသိမ့် (NP News) - ဖေဖော်ဝါရီ ၂၄

ဒီတစ်ပတ်အတွင်း အနုပညာရပ်ဝန်းထဲမှာ ထူးထူးခြားခြားသတင်းတွေကတော့ မသန်ပေ မယ့် လူရော ကံပါ စွမ်းတဲ့ အောင်ကိုကို၊ ဝါရင့်တေးသံရှင် စိုင်းဆိုင်မောဝ်ရဲ့ လက်ရှိကျန်းမာရေး၊ ကွယ်လွန်ချိန်မှ “လူမှုထူးချွန် ဂုဏ်ပြုဆု” ရရှိခဲ့တဲ့ လူရွှင်တော်ကြီး ဦးဥဩရဲ့အဖြစ်၊ သိုက်ချော့ အေမီဈာန် စတဲ့သတင်းတွေကို ဒီတစ်ပတ် အတွက် ကောက်နုတ်ထားပါတယ်။
“အနုပညာရှင်” ဆိုတာ လူသားတစ်ဦးဖြစ်ပေမယ့် အနုပညာရှင်အများစုက သူတို့ရဲ့ဘဝအဆင်မပြေမှုတွေကို နောက်ထားကာ ပရိသတ်တွေရှေ့မှာ ပျော်ရွှင်ပြည့်စုံမှုတွေကိုသာ ထုတ်ဖော်အသိပေးလေ့ရှိကြပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အနုပညာလောကရဲ့ အခြေအနေမှန်ကိုသိရှိနိုင်စေဖို့ “NP News” ရဲ့ အပတ်စဉ်ဖော်ပြတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဖော်ပြပေးပါမယ်။

မသန်ပေမယ့် လူရောကံပါစွမ်းတဲ့ အောင်ကိုကို
အမြင်အာရုံချို့ယွင်းနေပေမယ့် အသံ ပါရမီရှင်လို့ တင်စားခေါ်ဝေါ်ခံနေရသူ အောင်ကိုကို ကို Myanmar Star အဆိုပြိုင်ပွဲက ဖိတ်ခေါ်ကာ အထူးဧည့်သည်အဖြစ် သီဆိုဖျော်ဖြေစေပြီးနောက် ငွေကျပ် သိန်းတစ်ရာ ချီးမြှင့်ကာ လက်ဆောင်ပေးခဲ့ ပါတယ်။ ဒီသတင်းက ဂီတလောကအပါအဝင် ဆို ရှယ်မီဒီယာတွေမှာ လူကြည့်များခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပြီး မသန်ပေမယ့်စွမ်းတဲ့ အောင်ကိုကိုရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုမိသူတွေက ဝမ်းသာလို့ နေကြပါတယ်။ အောင်ကိုကိုအတွက် တေးရေးဆရာ မြင့်မိုးအောင်ကလည်း တေးသံရှင် ထူးအိမ်သင်ရဲ့ ဒီနေ့ထိ တိုင်အောင်မြင်ဆဲသီချင်းတစ်ပုဒ်ဖြစ်ပြီး သူကိုယ်တိုင် ရေးစပ်ခဲ့တဲ့ “တုနှိုင်းမဲ့ရတနာ” သီချင်းကို လက်ဆောင် ပေးခဲ့ပါသေးတယ်။
အောင်ကိုကိုအနေနဲ့ကတော့ သူ့ဘဝမှာ အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်ခဲ့တဲ့ သီချင်းဆိုတဲ့အလုပ်က အခုလိုမျိုး သူရဲ့စိတ်ကူးအိပ်မက်လေးဖြစ်တဲ့ စင်မြင့်ထက်အထိ တက်လှမ်းသီဆိုခွင့်ရပြီး၊ အားလုံးရဲ့ ဖေးမကူ ညီမှုကိုရရှိလာတဲ့အတွက် အင်မတန်ကိုဝမ်းသာမိကြောင်း ရင်ဖွင့်ထားတာကိုလည်း ကြားသိရပါတယ်။
အောင်ကိုကိုအတွက် UG Entertainment မှ ကိုထူးအောင်က သီချင်း ၅ ပုဒ် တာဝန်ယူ ထုတ်လုပ်ပေးဖို့ စီစဉ်လျက်ရှိပြီး၊ အဆိုတော် ဟဲလေး ကလည်း အောင်ကိုကိုအတွက် သီချင်းတစ်ပုဒ် လက်ဆောင်ပေးခဲ့ကာ လက်ရှိပွဲတွေမှာ သီဆိုဖျော်ဖြေပေးဖို့ ကမ်းလှမ်းတာတွေလည်းရှိလာသလို အနုပညာကြေးကိုလည်း ထိုက်ထိုက် တန်တန်ရရှိထားတယ်လို့ သိရ ပါတယ်။
ဒါ့ပြင် သူရဲ့အမြင်အာရုံ ပြန်လည်ကောင်း မွန်စေဖို့ ဆေးကုသပေးလိုသူတွေနဲ့ မျက်လုံးအလှူ ရှင်ပါထွက် ပေါ်ထားပါတယ်။ အောင်ကိုကိုအနေနဲ့က သူ့အတွက် တစ်ပါးသူရဲ့မျက်လုံးကို အလှူမခံလိုကြောင်း ပြော ထားတာလည်းရှိပါတယ်။
အောင်ကိုကိုနဲ့ဇနီးဖြစ်သူတို့ဟာ စက္ခု အလင်းကွယ်နေသူဖြစ်ပေမယ့် သူတို့ရဲ့ (၃) နှစ် အရွယ်သားလေးအတွက် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပြီး၊ ဖေးမကူညီပေးသူတိုင်းနဲ့ စိတ်ခွန်အားပေးသူတိုင်းကို ကျေးဇူးတင်ကြောင်း လည်း မီဒီယာတွေနဲ့ဆုံ တိုင်းမှာ အသိပေးပြောထားတာကို တွေ့ရပါတယ်။

ထူးခန့်ကျော်နဲ့ကုရင် သက်သာ ပျောက်ကင်းမယ်လို့ယုံကြည်တဲ့ တေးသံရှင် စိုင်းဆိုင်‌မောဝ်ရဲ့ကျန်းမာရေး
တေးသံရှင်ကြီး စိုင်းဆိုင်မောဝ်ဟာ သရုပ်ဆောင် ထူးခန့်ကျော်ထံမှာ ဆေးကုသမှုခံယူဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက ရောက်ရှိခဲ့ပါတယ်။ ထူးခန့်ကျော် အနေနဲ့ကလည်း စိုင်းဆိုင်မောဝ်ထံမှခွင့်တောင်းကာ ပရိသတ်တွေ သိရှိနိုင်စေဖို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် မှာ သူရဲ့ကျန်းမာရေးအခြေအနေကို ဖော်ပြပေးခဲ့ တာပါ။
ဝါရင့်တေးသံရှင် စိုင်းဆိုင်မောဝ်ဟာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး၊ လက်ရှိမှာ မှတ်ညဏ်အား လျော့နည်းနေခြင်း၊ ခေါင်းမှာ အကျိတ်ဖြစ်ထားခြင်း၊ လမ်းလျှောက်မှု တုံ့ဆိုင်းနေခြင်း စတဲ့ ရောဂါဝေဒနာ တွေကို ခံစားနေရတယ်လို့ သိရပါတယ်။
တေးသံရှင်ကြီးစိုင်းဆိုင်မောဝ်နဲ့ သူရဲ့ မိသားစုဝင်တွေက သရုပ်ဆောင်ထူးခန့်ကျော်ဆီမှာ ကုသရင် အနည်း ဆုံးတော့ လမ်းပြန်လျှောက်နိုင်လိမ့် မယ်လို့ယုံကြည်မှုရှိတာကြောင့် လာရောက်ပြသခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။ ထူးခန့်ကျော် အနေနဲ့ကလည်း ဆရာကြီး စိုင်းဆိုင်မောဝ်အပေါ်မှာ ချစ်ခင်လေးစားခြင်း၊ ရိုသေခြင်း ကြောင့် ကန်တော့ ငွေ တစ်သိန်းကျပ် ပေးအပ်ခဲ့ပြီး၊ ဆရာကြီးအမြန်ဆုံး လမ်းပြန်လျှောက်နိုင်စေဖို့ အတတ်နိုင် ဆုံး ကုသပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ထူးခန့်ကျော်ဟာ လေဖြတ်၊ လေဖြန်း၊ ကျီးပေါင်း၊ အကြော စတဲ့‌ဝေဒနာတွေကို သူတတ် စွမ်းတဲ့ တိုင်းရင်းဆေး ပညာအသုံးပြုကာ အခမဲ့ကူညီ ကုသပေးနေတာဖြစ်ပြီး အမှတ်(၄၅၁) ရွှေပြည်သာ လမ်း (၃၂) ရပ်ကွက် မြောက် ဒဂုံမြို့နယ်ရှိ သူရဲ့ နေအိမ်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် လူဦးရေ ၅၀ဝ နဲ့ ၁၀ဝ၀ ကြား ဆေးကုသမှု ပေးနေ တာဖြစ်ပါတယ်။
တေးသံရှင်စိုင်းဆိုင်မောဝ်ရဲ့ “မောင်ပေး တဲ့အချစ် ပြန်ဆပ်ခဲ့ပါ”၊ “ရှမ်းပဲပုပ်လေး ကျွန်တော်”၊ “မောင့်မလွမ်းပို”၊ “ရှမ်းစကားလေးနဲ့ နှုတ်ဆက်ကြ မယ်”၊ “ချယ်ရီသက်သေ မောင့်မျက်ရည်”၊ “မောမြေ မှ ချစ်သူရယ်” စတဲ့ သီချင်းတွေဟာ ဒီနေ့ထိတိုင် ပရိသတ်ရင်ထဲ နေရာယူထားတဲ့ သီချင်းတွေဖြစ်ပြီး တခြားသော သီချင်းတွေဟာ လည်း လူကြိုက်များနေ ဆဲဖြစ်ပါတယ်။

ဟာသပညာရှင် လူရွှင်တော်ကြီး ဦးဥဩ(ဟင်္သာတ) ကွယ်လွန်
ဟာသပညာရှင် လူရွှင်တော်ကြီး ဦးအုန်းသန်း(ခ) ဦးဥဩ(ဟင်္သာတ) အသက်(၇၈) နှစ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက် ည ၁၁ နာရီ ၁၂ မိနစ်အ ချိန်မှာ ၉၆ ပါးသောရောဂါနဲ့ ကွယ်လွန်ဆုံးပါးခဲ့ပါတယ်။ လူရွှင်တော်ကြီး ဦးဥဩရဲ့ နာရေးအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ် ၁၂ နာရီအချိန်မှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေး သုသာန်မှာကျင်းပခဲ့ခြင်းဖြစ်ကာ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ ဥက္ကဋ္ဌ ဒိန်းဒေါင်၊ ဒုတိယဥက္ကဋ္ဌ အုန်းသီးနဲ့ အမှုဆောင်အဖွဲ့ဝင်များ၊ လူရွှင်တော်များ လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။
ဟာသပညာရှင်များအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဒိန်းဒေါင်က နာရေးအမိန့်ပြန်တမ်းဖတ်ကြားကာ နောက်ဆုံး နှုတ်ဆက်ခဲ့ကြပြီး ကွယ်လွန်သူ လူရွှင် တော် ဦးဥဩရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပေးခဲ့ ကြတာဖြစ်ပါတယ်။
လူရွှင်တော်ကြီး ဦးဥဩဟာ ဟာသအစည်း အရုံးအတွက် လေးစားအားထားရသူတစ်ဦးဖြစ်ပြီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)မှာ ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင် တံဆိပ်ဖြစ်တဲ့ လူမှုထူးချွန်ဆု တံဆိပ်(တတိယအဆင့်)ကို ချီးမြှင့်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဆိုပါ ဂုဏ်ထူး ဆောင်တံဆိပ် ဂုဏ်ပြုမှတ်တမ်းလွှာကို သူရဲ့ နာရေး အခမ်းအနားကျင်းပချိန် ဖေဖော်ဝါရီလ ၂၁ ရက်မှသာ လက်ဝယ်ပေးနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ ဟာသပညာ ရှင်များအစည်းအရုံး(ဗဟို)မှ လူရွှင်တော် ၁၀ ဦးဟာ လူမှုထူးချွန်ဆုကိုရရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ဟာသပညာရှင် လူရွှင်တော် ဦးဥဩ (ဟင်္သာတ) အသက် ၇၈ နှစ်အတွက် ရည်စူးပြုလုပ်မယ့် ရက်လည် ဆွမ်း သွတ် တရားတော်နာရေစက်သွန်း ချအမျှပေးဝေခြင်းအလှူကို ဖေဖော်ဝါရီ ၂၅ ရက် တနင်္ဂနွေနေ့မှာ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက် အောင်ဆန်း သူရိယ လှသောင်းလမ်းရှိ “မိဘကျေးဇူး ဆပ်ဘုရား” မှာ ပြုလုပ်ကြမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌဒိန်းဒေါင်က သူဦးဆောင်တဲ့ “ဟာ သပညာရှင်များအစည်းအရုံး(ဗဟို)” ဟာ အနုပညာ ‌အသိုင်း အဝိုင်း အချင်းချင်းရဲ့ စွပ်စွဲပြောဆို ထိုးနှက် တာမျိုးတွေနဲ့ ကြုံတွေ့နေရကြောင်းနဲ့ ဘယ်လိုပဲ တိုက်ခိုက်မှုမျိုးနဲ့ကြုံပါစေ ဥက္ကဋ္ဌဒိန်းဒေါင်အနေနဲ့ သူတို့ရဲ့ “ဟာသပညာရှင်များအစည်းအရုံး” တည်တံ့ ခိုင်မြဲနေသရွေ့ အရည်အချင်းပြည့် ဝပြီး ထူးချွန်တဲ့ ဝါရင့် ဟာသပညာရှင်တွေကို နိုင်ငံတော်အစိုးရက အသိအမှတ်ပြုတဲ့အထိ ကြိုးစားအား ထုတ် သွားမှာဖြစ် ကြောင်း ကတိပြုပြောထားပါတယ်။

သိုက်ချော့ခဲ့တဲ့ အေမီဈာန်
နဂါးမယ်တော်လို့ ဆိုရှယ်မီဒီယာထက်မှာ နာမည်ကြီးနေတဲ့ အေမီဈာန်က ရွှေစာရံဘုရား၊ ဟော်နန်းဆောင်မှာ သိုက်ချော့ခဲ့ပါတယ်။ အေမီဈာန်ဟာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေ စာရံ ဘုရားမှာရှိတဲ့ အစ်မ တော်စောမွန်လှရဲ့ ဟော်နန်း ဆောင်မှာ ပထမအကြိမ်အဖြစ် ကိုယ်တိုင် သိုက်ချော့ ခဲ့တာပါ။ သူမရဲ့ခန္ဓာကို အငှား ပြုကာ အဓိဋ္ဌာန်ငါးရက် မြောက်နေ့မှာ အစ်မတော်စောမွန်လှရဲ့ဟော်နန်း ဆောင်မှာ စော်ဘွားသိုက်ဖြစ်တဲ့ ရှမ်း ဆက်ချော့ခြင်း၊ နဂါးသိုက်ချော့ခြင်း၊ ကုလားသိုက်ချော့ခြင်းတို့ကို ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သူမအနေနဲ့ မလေးရှားနိုင်ငံမှာ ရောက်နေ ကတည်းက သိုက်ချော့တာလုပ်ဆောင်နိုင်ဖို့အတွက် အဓိဋ္ဌာန် ထားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အေမီဈာန်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက အဆို ပြိုင်ပွဲတစ်ခုကနေတစ်ဆင့် အနုပညာလောကထဲ ဝင် ရောက်ခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ လူသိနည်းခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာပဲ သူ့ကို နဂါးဝင်ပူးတဲ့အကြောင်းတွေ၊ အကြောင်း အရာတစ်ခုခုကို ကြိုသိတတ်တယ်ဆိုတဲ့ အကြောင်း တွေ၊ သူဟာ နဂါးဆက်ကနေ လာတာဖြစ်တယ်ဆို တဲ့အကြောင်းတွေကို မီဒီယာတွေမှာ အင်တာဗျူး ဖြေဆိုရင်းနဲ့မှ လူသိများလာခဲ့သူဖြစ်ပါတယ်။
အေမီဈာန်က သူ့ကိုယ်သူ နဂါးသိုက်က လာတယ်လို့ ပြောဆိုမှုများရှိနေပေမယ့် နဂါးမယ်တော် စောမွန်လှအား ဘိုးဘွားအစဉ်အဆက် ကိုးကွယ်ယုံကြည်သူများ၊ နဂါးသိုက်များကို ကိုးကွယ်ယုံကြည်စောင့်ရှောက်သူ ဝါရင့် ဘာသာရေးဆရာကြီးများ၊ နဂါးဆက်အနွယ်တော်ဆိုသူများကိုယ်တိုင်က သူတို့အနေနဲ့ အေမီဈာန်လိုမျိုး ဆို ရှယ်ပလက်ဖောင်း မီဒီယာကိုအသုံးပြုပြီး ပြောဆိုနေမှုတွေ မရှိကြောင်း၊ အေမီဈာန်ဟာ နာမည်ကြီး ထင်ရှား မှုတစ်ခုရရှိဖို့ အတွက် လူအများရဲ့ကိုးကွယ်ယုံကြည်မှုကို အသုံး ချနေခြင်းသာဖြစ်ကြောင်း ဝေဖန် ထောက်ပြမှု တွေလည်း ရှိနေပါတယ်။
အေမီဈာန်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အတွင်းက မလေးရှားနိုင်ငံရှိ တရားမဝင် ဖွင့်လှစ်ထား တဲ့ ဘားတစ်ခုမှာ Sexy Model ဖူးပွင့်ခိုင်နဲ့အတူ သွားရောက်ပျော်ပါးစဉ် မလေးရှားရဲတပ်ဖွဲ့ရဲ့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခြင်း ကို ခံခဲ့ရပြီး၊ မလေးရှား နိုင်ငံမှာ အချုပ်ကျခဲ့ကာ ရက်ပိုင်းအကြာမှာပဲ အာမခံ နဲ့ ပြန်လည်လွတ်မြောက်ထားတာ ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍအတွင်းမှ သတင်းအကြောင်းအရာများကို ဒီလောက် နဲ့ပဲ ရပ်နားခွင့်ပြုပါ။

Zawgyi Version;
"အႏုပညာရွင္လည္း သာမာန္ လူသားတစ္ဦးပါ"
အိျဖဴသိမ့္ (NP News) - ေဖေဖာ္ဝါရီ ၂၄

ဒီတစ္ပတ္အတြင္း အႏုပညာရပ္ဝန္းထဲမွာ ထူးထူးျခားျခားသတင္းေတြကေတာ့ မသန္ေပ မယ့္ လူေရာ ကံပါ စြမ္းတဲ့ ေအာင္ကိုကို၊ ဝါရင့္ေတးသံရွင္ စိုင္းဆိုင္ေမာဝ္ရဲ႕ လက္ရွိက်န္းမာေရး၊ ကြယ္လြန္ခ်ိန္မွ “လူမႈထူးခြၽန္ ဂုဏ္ျပဳဆု” ရရွိခဲ့တဲ့ လူ႐ႊင္ေတာ္ႀကီး ဦးဥဩရဲ႕အျဖစ္၊ သိုက္ေခ်ာ့ ေအမီဈာန္ စတဲ့သတင္းေတြကို ဒီတစ္ပတ္ အတြက္ ေကာက္ႏုတ္ထားပါတယ္။
“အႏုပညာရွင္” ဆိုတာ လူသားတစ္ဦးျဖစ္ေပမယ့္ အႏုပညာရွင္အမ်ားစုက သူတို႔ရဲ႕ဘဝအဆင္မေျပမႈေတြကို ေနာက္ထားကာ ပရိသတ္ေတြေရွ႕မွာ ေပ်ာ္႐ႊင္ျပည့္စုံမႈေတြကိုသာ ထုတ္ေဖာ္အသိေပးေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ စာဖတ္သူေတြအေနနဲ႔ အႏုပညာေလာကရဲ႕ အေျခအေနမွန္ကိုသိရွိႏိုင္ေစဖို႔ “NP News” ရဲ႕ အပတ္စဥ္ေဖာ္ျပတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ေဖာ္ျပေပးပါမယ္။

မသန္ေပမယ့္ လူေရာကံပါစြမ္းတဲ့ ေအာင္ကိုကို
အျမင္အာ႐ုံခ်ိဳ႕ယြင္းေနေပမယ့္ အသံ ပါရမီရွင္လို႔ တင္စားေခၚေဝၚခံေနရသူ ေအာင္ကိုကို ကို Myanmar Star အဆိုၿပိဳင္ပြဲက ဖိတ္ေခၚကာ အထူးဧည့္သည္အျဖစ္ သီဆိုေဖ်ာ္ေျဖေစၿပီးေနာက္ ေငြက်ပ္ သိန္းတစ္ရာ ခ်ီးျမႇင့္ကာ လက္ေဆာင္ေပးခဲ့ ပါတယ္။ ဒီသတင္းက ဂီတေလာကအပါအဝင္ ဆို ရွယ္မီဒီယာေတြမွာ လူၾကည့္မ်ားခဲ့တဲ့ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ၿပီး မသန္ေပမယ့္စြမ္းတဲ့ ေအာင္ကိုကိုရဲ႕ ေဖ်ာ္ေျဖမႈကို ၾကည့္ရႈမိသူေတြက ဝမ္းသာလို႔ ေနၾကပါတယ္။ ေအာင္ကိုကိုအတြက္ ေတးေရးဆရာ ျမင့္မိုးေအာင္ကလည္း ေတးသံရွင္ ထူးအိမ္သင္ရဲ႕ ဒီေန႔ထိ တိုင္ေအာင္ျမင္ဆဲသီခ်င္းတစ္ပုဒ္ျဖစ္ၿပီး သူကိုယ္တိုင္ ေရးစပ္ခဲ့တဲ့ “တုႏႈိင္းမဲ့ရတနာ” သီခ်င္းကို လက္ေဆာင္ ေပးခဲ့ပါေသးတယ္။
ေအာင္ကိုကိုအေနနဲ႔ကေတာ့ သူ႔ဘဝမွာ အသက္ေမြးဝမ္းေက်ာင္းအျဖစ္လုပ္ကိုင္ခဲ့တဲ့ သီခ်င္းဆိုတဲ့အလုပ္က အခုလိုမ်ိဳး သူရဲ႕စိတ္ကူးအိပ္မက္ေလးျဖစ္တဲ့ စင္ျမင့္ထက္အထိ တက္လွမ္းသီဆိုခြင့္ရၿပီး၊ အားလုံးရဲ႕ ေဖးမကူ ညီမႈကိုရရွိလာတဲ့အတြက္ အင္မတန္ကိုဝမ္းသာမိေၾကာင္း ရင္ဖြင့္ထားတာကိုလည္း ၾကားသိရပါတယ္။
ေအာင္ကိုကိုအတြက္ UG Entertainment မွ ကိုထူးေအာင္က သီခ်င္း ၅ ပုဒ္ တာဝန္ယူ ထုတ္လုပ္ေပးဖို႔ စီစဥ္လ်က္ရွိၿပီး၊ အဆိုေတာ္ ဟဲေလး ကလည္း ေအာင္ကိုကိုအတြက္ သီခ်င္းတစ္ပုဒ္ လက္ေဆာင္ေပးခဲ့ကာ လက္ရွိပြဲေတြမွာ သီဆိုေဖ်ာ္ေျဖေပးဖို႔ ကမ္းလွမ္းတာေတြလည္းရွိလာသလို အႏုပညာေၾကးကိုလည္း ထိုက္ထိုက္ တန္တန္ရရွိထားတယ္လို႔ သိရ ပါတယ္။
ဒါ့ျပင္ သူရဲ႕အျမင္အာ႐ုံ ျပန္လည္ေကာင္း မြန္ေစဖို႔ ေဆးကုသေပးလိုသူေတြနဲ႔ မ်က္လုံးအလႉ ရွင္ပါထြက္ ေပၚထားပါတယ္။ ေအာင္ကိုကိုအေနနဲ႔က သူ႔အတြက္ တစ္ပါးသူရဲ႕မ်က္လုံးကို အလႉမခံလိုေၾကာင္း ေျပာ ထားတာလည္းရွိပါတယ္။
ေအာင္ကိုကိုနဲ႔ဇနီးျဖစ္သူတို႔ဟာ စကၡဳ အလင္းကြယ္ေနသူျဖစ္ေပမယ့္ သူတို႔ရဲ႕ (၃) ႏွစ္ အ႐ြယ္သားေလးအတြက္ ဆက္လက္ႀကိဳးစားသြားမွာ ျဖစ္ၿပီး၊ ေဖးမကူညီေပးသူတိုင္းနဲ႔ စိတ္ခြန္အားေပးသူတိုင္းကို ေက်းဇူးတင္ေၾကာင္း လည္း မီဒီယာေတြနဲ႔ဆုံ တိုင္းမွာ အသိေပးေျပာထားတာကို ေတြ႕ရပါတယ္။

ထူးခန႔္ေက်ာ္နဲ႔ကုရင္ သက္သာ ေပ်ာက္ကင္းမယ္လို႔ယုံၾကည္တဲ့ ေတးသံရွင္ စိုင္းဆိုင္‌ေမာဝ္ရဲ႕က်န္းမာေရး
ေတးသံရွင္ႀကီး စိုင္းဆိုင္ေမာဝ္ဟာ သ႐ုပ္ေဆာင္ ထူးခန႔္ေက်ာ္ထံမွာ ေဆးကုသမႈခံယူဖို႔အတြက္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေရာက္ရွိခဲ့ပါတယ္။ ထူးခန႔္ေက်ာ္ အေနနဲ႔ကလည္း စိုင္းဆိုင္ေမာဝ္ထံမွခြင့္ေတာင္းကာ ပရိသတ္ေတြ သိရွိႏိုင္ေစဖို႔ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ မွာ သူရဲ႕က်န္းမာေရးအေျခအေနကို ေဖာ္ျပေပးခဲ့ တာပါ။
ဝါရင့္ေတးသံရွင္ စိုင္းဆိုင္ေမာဝ္ဟာ အသက္ ၇၆ ႏွစ္ရွိၿပီျဖစ္ၿပီး၊ လက္ရွိမွာ မွတ္ညဏ္အား ေလ်ာ့နည္းေနျခင္း၊ ေခါင္းမွာ အက်ိတ္ျဖစ္ထားျခင္း၊ လမ္းေလွ်ာက္မႈ တုံ႔ဆိုင္းေနျခင္း စတဲ့ ေရာဂါေဝဒနာ ေတြကို ခံစားေနရတယ္လို႔ သိရပါတယ္။
ေတးသံရွင္ႀကီးစိုင္းဆိုင္ေမာဝ္နဲ႔ သူရဲ႕ မိသားစုဝင္ေတြက သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္ဆီမွာ ကုသရင္ အနည္း ဆုံးေတာ့ လမ္းျပန္ေလွ်ာက္ႏိုင္လိမ့္ မယ္လို႔ယုံၾကည္မႈရွိတာေၾကာင့္ လာေရာက္ျပသခဲ့ တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ထူးခန႔္ေက်ာ္ အေနနဲ႔ကလည္း ဆရာႀကီး စိုင္းဆိုင္ေမာဝ္အေပၚမွာ ခ်စ္ခင္ေလးစားျခင္း၊ ႐ိုေသျခင္း ေၾကာင့္ ကန္ေတာ့ ေငြ တစ္သိန္းက်ပ္ ေပးအပ္ခဲ့ၿပီး၊ ဆရာႀကီးအျမန္ဆုံး လမ္းျပန္ေလွ်ာက္ႏိုင္ေစဖို႔ အတတ္ႏိုင္ ဆုံး ကုသေပးသြားမွာျဖစ္တယ္လို႔ ဆိုထားပါတယ္။
ထူးခန႔္ေက်ာ္ဟာ ေလျဖတ္၊ ေလျဖန္း၊ က်ီးေပါင္း၊ အေၾကာ စတဲ့‌ေဝဒနာေတြကို သူတတ္ စြမ္းတဲ့ တိုင္းရင္းေဆး ပညာအသုံးျပဳကာ အခမဲ့ကူညီ ကုသေပးေနတာျဖစ္ၿပီး အမွတ္(၄၅၁) ေ႐ႊျပည္သာ လမ္း (၃၂) ရပ္ကြက္ ေျမာက္ ဒဂုံၿမိဳ႕နယ္ရွိ သူရဲ႕ ေနအိမ္မွာ တနလၤာေန႔မွ ေသာၾကာေန႔အထိ ေန႔စဥ္ လူဦးေရ ၅၀ဝ နဲ႔ ၁၀ဝ၀ ၾကား ေဆးကုသမႈ ေပးေန တာျဖစ္ပါတယ္။
ေတးသံရွင္စိုင္းဆိုင္ေမာဝ္ရဲ႕ “ေမာင္ေပး တဲ့အခ်စ္ ျပန္ဆပ္ခဲ့ပါ”၊ “ရွမ္းပဲပုပ္ေလး ကြၽန္ေတာ္”၊ “ေမာင့္မလြမ္းပို”၊ “ရွမ္းစကားေလးနဲ႔ ႏႈတ္ဆက္ၾက မယ္”၊ “ခ်ယ္ရီသက္ေသ ေမာင့္မ်က္ရည္”၊ “ေမာေျမ မွ ခ်စ္သူရယ္” စတဲ့ သီခ်င္းေတြဟာ ဒီေန႔ထိတိုင္ ပရိသတ္ရင္ထဲ ေနရာယူထားတဲ့ သီခ်င္းေတြျဖစ္ၿပီး တျခားေသာ သီခ်င္းေတြဟာ လည္း လူႀကိဳက္မ်ားေန ဆဲျဖစ္ပါတယ္။

ဟာသပညာရွင္ လူ႐ႊင္ေတာ္ႀကီး ဦးဥဩ(ဟသၤာတ) ကြယ္လြန္
ဟာသပညာရွင္ လူ႐ႊင္ေတာ္ႀကီး ဦးအုန္းသန္း(ခ) ဦးဥဩ(ဟသၤာတ) အသက္(၇၈) ႏွစ္ဟာ ေဖေဖာ္ဝါရီလ ၁၉ ရက္ ည ၁၁ နာရီ ၁၂ မိနစ္အ ခ်ိန္မွာ ၉၆ ပါးေသာေရာဂါနဲ႔ ကြယ္လြန္ဆုံးပါးခဲ့ပါတယ္။ လူ႐ႊင္ေတာ္ႀကီး ဦးဥဩရဲ႕ နာေရးအခမ္းအနားကို ေဖေဖာ္ဝါရီလ ၂၁ ရက္ ေန႔လယ္ ၁၂ နာရီအခ်ိန္မွာ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေရေဝး သုသာန္မွာက်င္းပခဲ့ျခင္းျဖစ္ကာ ဟာသပညာရွင္မ်ား အစည္းအ႐ုံး(ဗဟို)မွ ဥကၠ႒ ဒိန္းေဒါင္၊ ဒုတိယဥကၠ႒ အုန္းသီးနဲ႔ အမႈေဆာင္အဖြဲ႕ဝင္မ်ား၊ လူ႐ႊင္ေတာ္မ်ား လိုက္လံပို႔ေဆာင္ခဲ့ၾကပါတယ္။
ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)ဥကၠ႒ ဒိန္းေဒါင္က နာေရးအမိန႔္ျပန္တမ္းဖတ္ၾကားကာ ေနာက္ဆုံး ႏႈတ္ဆက္ခဲ့ၾကၿပီး ကြယ္လြန္သူ လူ႐ႊင္ ေတာ္ ဦးဥဩရဲ႕ ႂကြင္းက်န္ရစ္တဲ့႐ုပ္အေလာင္းကို မီးသၿဂႋဳဟ္ေပးခဲ့ ၾကတာျဖစ္ပါတယ္။
လူ႐ႊင္ေတာ္ႀကီး ဦးဥဩဟာ ဟာသအစည္း အ႐ုံးအတြက္ ေလးစားအားထားရသူတစ္ဦးျဖစ္ၿပီး၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ (လြတ္လပ္ေရးေန႔)မွာ ေပးအပ္ခဲ့တဲ့ ဂုဏ္ထူးေဆာင္ တံဆိပ္ျဖစ္တဲ့ လူမႈထူးခြၽန္ဆု တံဆိပ္(တတိယအဆင့္)ကို ခ်ီးျမႇင့္ေပးအပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ဒါေပမဲ့လည္း အဆိုပါ ဂုဏ္ထူး ေဆာင္တံဆိပ္ ဂုဏ္ျပဳမွတ္တမ္းလႊာကို သူရဲ႕ နာေရး အခမ္းအနားက်င္းပခ်ိန္ ေဖေဖာ္ဝါရီလ ၂၁ ရက္မွသာ လက္ဝယ္ေပးႏိုင္ခဲ့တာမ်ိဳးျဖစ္ပါတယ္။ ဟာသပညာ ရွင္မ်ားအစည္းအ႐ုံး(ဗဟို)မွ လူ႐ႊင္ေတာ္ ၁၀ ဦးဟာ လူမႈထူးခြၽန္ဆုကိုရရွိထားၿပီးျဖစ္တယ္လို႔လည္း သိရပါတယ္။
ဟာသပညာရွင္ လူ႐ႊင္ေတာ္ ဦးဥဩ (ဟသၤာတ) အသက္ ၇၈ ႏွစ္အတြက္ ရည္စူးျပဳလုပ္မယ့္ ရက္လည္ ဆြမ္း သြတ္ တရားေတာ္နာေရစက္သြန္း ခ်အမွ်ေပးေဝျခင္းအလႉကို ေဖေဖာ္ဝါရီ ၂၅ ရက္ တနဂၤေႏြေန႔မွာ ရန္ကုန္တိုင္း ေဒသႀကီး ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္ (၄၈) ရပ္ကြက္ ေအာင္ဆန္း သူရိယ လွေသာင္းလမ္းရွိ “မိဘေက်းဇူး ဆပ္ဘုရား” မွာ ျပဳလုပ္ၾကမွာျဖစ္ပါတယ္။
ဥကၠ႒ဒိန္းေဒါင္က သူဦးေဆာင္တဲ့ “ဟာ သပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)” ဟာ အႏုပညာ ‌အသိုင္း အဝိုင္း အခ်င္းခ်င္းရဲ႕ စြပ္စြဲေျပာဆို ထိုးႏွက္ တာမ်ိဳးေတြနဲ႔ ႀကဳံေတြ႕ေနရေၾကာင္းနဲ႔ ဘယ္လိုပဲ တိုက္ခိုက္မႈမ်ိဳးနဲ႔ႀကဳံပါေစ ဥကၠ႒ဒိန္းေဒါင္အေနနဲ႔ သူတို႔ရဲ႕ “ဟာသပညာရွင္မ်ားအစည္းအ႐ုံး” တည္တံ့ ခိုင္ၿမဲေနသေ႐ြ႕ အရည္အခ်င္းျပည့္ ဝၿပီး ထူးခြၽန္တဲ့ ဝါရင့္ ဟာသပညာရွင္ေတြကို ႏိုင္ငံေတာ္အစိုးရက အသိအမွတ္ျပဳတဲ့အထိ ႀကိဳးစားအား ထုတ္ သြားမွာျဖစ္ ေၾကာင္း ကတိျပဳေျပာထားပါတယ္။

သိုက္ေခ်ာ့ခဲ့တဲ့ ေအမီဈာန္
နဂါးမယ္ေတာ္လို႔ ဆိုရွယ္မီဒီယာထက္မွာ နာမည္ႀကီးေနတဲ့ ေအမီဈာန္က ေ႐ႊစာရံဘုရား၊ ေဟာ္နန္းေဆာင္မွာ သိုက္ေခ်ာ့ခဲ့ပါတယ္။ ေအမီဈာန္ဟာ မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္ ေ႐ႊ စာရံ ဘုရားမွာရွိတဲ့ အစ္မ ေတာ္ေစာမြန္လွရဲ႕ ေဟာ္နန္း ေဆာင္မွာ ပထမအႀကိမ္အျဖစ္ ကိုယ္တိုင္ သိုက္ေခ်ာ့ ခဲ့တာပါ။ သူမရဲ႕ခႏၶာကို အငွား ျပဳကာ အဓိ႒ာန္ငါးရက္ ေျမာက္ေန႔မွာ အစ္မေတာ္ေစာမြန္လွရဲ႕ေဟာ္နန္း ေဆာင္မွာ ေစာ္ဘြားသိုက္ျဖစ္တဲ့ ရွမ္း ဆက္ေခ်ာ့ျခင္း၊ နဂါးသိုက္ေခ်ာ့ျခင္း၊ ကုလားသိုက္ေခ်ာ့ျခင္းတို႔ကို က်င္းပခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
သူမအေနနဲ႔ မေလးရွားႏိုင္ငံမွာ ေရာက္ေန ကတည္းက သိုက္ေခ်ာ့တာလုပ္ေဆာင္ႏိုင္ဖို႔အတြက္ အဓိ႒ာန္ ထားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေအမီဈာန္ဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္ကတည္းက အဆို ၿပိဳင္ပြဲတစ္ခုကေနတစ္ဆင့္ အႏုပညာေလာကထဲ ဝင္ ေရာက္ခဲ့ေပမယ့္လည္း ေအာင္ျမင္မႈမရရွိခဲ့ဘဲ လူသိနည္းခဲ့ပါတယ္။ ဒါေပမဲ့ လြန္ခဲ့တဲ့တစ္ႏွစ္အတြင္းမွာပဲ သူ႔ကို နဂါးဝင္ပူးတဲ့အေၾကာင္းေတြ၊ အေၾကာင္း အရာတစ္ခုခုကို ႀကိဳသိတတ္တယ္ဆိုတဲ့ အေၾကာင္း ေတြ၊ သူဟာ နဂါးဆက္ကေန လာတာျဖစ္တယ္ဆို တဲ့အေၾကာင္းေတြကို မီဒီယာေတြမွာ အင္တာဗ်ဴး ေျဖဆိုရင္းနဲ႔မွ လူသိမ်ားလာခဲ့သူျဖစ္ပါတယ္။
ေအမီဈာန္က သူ႔ကိုယ္သူ နဂါးသိုက္က လာတယ္လို႔ ေျပာဆိုမႈမ်ားရွိေနေပမယ့္ နဂါးမယ္ေတာ္ ေစာမြန္လွအား ဘိုးဘြားအစဥ္အဆက္ ကိုးကြယ္ယုံၾကည္သူမ်ား၊ နဂါးသိုက္မ်ားကို ကိုးကြယ္ယုံၾကည္ေစာင့္ေရွာက္သူ ဝါရင့္ ဘာသာေရးဆရာႀကီးမ်ား၊ နဂါးဆက္အႏြယ္ေတာ္ဆိုသူမ်ားကိုယ္တိုင္က သူတို႔အေနနဲ႔ ေအမီဈာန္လိုမ်ိဳး ဆို ရွယ္ပလက္ေဖာင္း မီဒီယာကိုအသုံးျပဳၿပီး ေျပာဆိုေနမႈေတြ မရွိေၾကာင္း၊ ေအမီဈာန္ဟာ နာမည္ႀကီး ထင္ရွား မႈတစ္ခုရရွိဖို႔ အတြက္ လူအမ်ားရဲ႕ကိုးကြယ္ယုံၾကည္မႈကို အသုံး ခ်ေနျခင္းသာျဖစ္ေၾကာင္း ေဝဖန္ ေထာက္ျပမႈ ေတြလည္း ရွိေနပါတယ္။
ေအမီဈာန္ဟာ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ အတြင္းက မေလးရွားႏိုင္ငံရွိ တရားမဝင္ ဖြင့္လွစ္ထား တဲ့ ဘားတစ္ခုမွာ Sexy Model ဖူးပြင့္ခိုင္နဲ႔အတူ သြားေရာက္ေပ်ာ္ပါးစဥ္ မေလးရွားရဲတပ္ဖြဲ႕ရဲ႕ ေရွာင္တခင္ ဝင္ေရာက္ဖမ္းဆီးျခင္း ကို ခံခဲ့ရၿပီး၊ မေလးရွား ႏိုင္ငံမွာ အခ်ဳပ္က်ခဲ့ကာ ရက္ပိုင္းအၾကာမွာပဲ အာမခံ နဲ႔ ျပန္လည္လြတ္ေျမာက္ထားတာ ျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑အတြင္းမွ သတင္းအေၾကာင္းအရာမ်ားကို ဒီေလာက္ နဲ႔ပဲ ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.