ရက်လည်အလှူမှ ပြန်လာသည့်ကားကို PDF များက ဝိုင်းဝန်းပစ်ခတ်သဖြင့် သံဃာတော်နှင့် လူ(၂)ဦးသေဆုံး၊ သတ်ဖြတ်ခံရသည့် သံဃာတော်အပါး (၁၀ဝ) ခန့် ရှိလာ

 1485

မြူနစ် (NP News) - ဖေဖော်ဝါရီလ ၂၄

ရက်လည်ဆွမ်းကပ်အလှူမှ ပြန်လာသည့်ကားတစ်စီး ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရ၍ သံဃာတော် တစ်ပါးနှင့် လူ(၂)ဦး သေဆုံးမှု မန္တလေးတိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

ကျောက်ဆည်မြို့နယ် ကတဲကျေးရွာမှ သဲ မောင်းကန်ကျောင်းဆရာတော် ဦးအဂ္ဂဉာဏနှင့် ဒါယိကာမ (၄)ဦးသည် ယာဉ်မောင်းကိုအေးမင်းအောင် မောင်းနှင်သော Mark II ကားဖြင့် ဖေဖော်ဝါရီ လ ၂၀ ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ် မြေနီပြင် ကျေးရွာသို့ ဒေါ်စန်းဝင်း၏ ခင်ပွန်းဖြစ်သူ ဦးမျိုး(ခ)မျက်ပြူး၏ (၁) လပြည့် ရက်လည် ဆွမ်းကပ်အလှူ သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရက်လည်ဆွမ်းကပ်အလှူအပြီး ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းတွင် ဆရာတော် ဦးအဂ္ဂဉာဏ တို့၏ ကားသည် မြေနီပြင်ကျေးရွာမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး နေ့လယ် ၂ နာရီဝန်းကျင် အချိန် တွင် နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-ရေးဝန်း သွား ကားလမ်းဘေး၊ ရွာကြီးကျေးရွာအထွက်ရှိ ရေတွင်းပျက်အနီးအရောက်တွင် PDF အဖွဲ့ဝင် (၁၅)ဦးခန့်က တားဆီးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ ယင်းကဲ့သို့ တားဆီးစဉ် ဆရာတော် ဦးအဂ္ဂဉာဏတို့၏ ကားသည် အရှိန်လွန်၍ ကျော်လွန်သွားခဲ့သည့်အတွက် PDF အဖွဲ့ဝင်များရှိရာထံ နောက်ပြန် ဆုတ်ပြီး မောင်းနှင်လာစဉ် ၎င်းအဖွဲ့ ဝင်များက သေနတ်အတို၊ အရှည်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုကဲ့သို့ PDF အဖွဲ့ဝင် (၁၅)ဦးခန့်က ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သက်တော် (၇၆)နှစ်၊ ဝါတော် (၃၆) ဝါရှိ သဲမောင်း ကန် ကျောင်းဆရာတော် ဦးအဂ္ဂဉာဏသည် ကျည်ဖောက်ဝင်ဒဏ်ရာ (၃) ချက်ဖြင့် နေရာ တွင်ပင် ပျံလွန်တော်မူခဲ့ ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်နှင့်အတူ လိုက်ပါလာသည့် ဒါယိကာမများ ဖြစ်သော ဒေါ်သန်းမီ(၇၀ နှစ်)၊ ဒေါ်ခိုင်ဌေး (၃၈ နှစ်) တို့သည်လည်း ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူ က ထပ်မံ ပြောသည်။
အလားတူ ဆရာတော်ဦးအဂ္ဂÓဏနှင့်အတူ လိုက်ပါလာသော ဒါယိကာမ ဒေါ်အိအိဖြိုး (၂၃ နှစ်)သည် ထိခိုက် ဒဏ်ရာသာရရှိခဲ့ပြီး ဒေါ်စန်းဝင်း (၆၅ နှစ်)နှင့် ယာဉ်မောင်း ကိုအေးမင်းအောင်တို့သည် ထိခိုက် ဒဏ်ရာမရရှိခဲ့ ကြောင်း သိရသည်။

လက်ရှိနစကအစိုးရလက်ထက် (၃)နှစ်ကျော် ကာလအတွင်း၌ အကြမ်းဖက်သမားများ၏ လုပ်ကြံ သတ်ဖြတ်မှုများ ကြောင့် ပျံလွန်တော်မူခဲ့ရသော သံဃာတော်အပါးရေသည် စုစုပေါင်း (၁၀ဝ)နီးပါး ခန့်ရှိနေပြီဖြစ်သည်။ ထိုသို့ သံဃာတော်များ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များသည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အများဆုံး ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

“ဒီဟာတွေကတော့ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ဘုန်းဘုန်းကတော့ ဒါတွေကို ရှုတ်ချတယ်။ လက်လည်း မခံဘူးပေါ့နော်။ ဘာကြောင့်လဲ ဆို တော့ ဒီဘာသာရေးခေါင်းဆောင်ဆိုတာ ဘာလက်နက်မှလည်း ရှိတာ မဟုတ်ဘူး။ မေတ္တာတရားနဲ့ပဲ ပြောဟောဆုံးမကြတာ။ ဘယ်ဘာသာရေးခေါင်းဆောင်ပဲဖြစ်ဖြစ်ပေါ့။ ဗုဒ္ဓ ဘာသာမှ မဟုတ်ပါဘူး။ တခြားဘာသာတွေကိုလည်း ဘုန်းဘုန်းက ဒီလိုပဲ အသိအမှတ်ပြုပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေက ကိုယ့်ဘာသာထဲက ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဒါတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြ တာတွေက ရပ်သင့်ပါပြီ။ မလုပ်သင့်ဘူးပေါ့နော်။ အဲဒီလို လုပ်ကြတဲ့သူတွေ ဒါတွေကို ရှောင်ကြဉ်ပေးကြဖို့ ဘုန်းဘုန်းက မေတ္တာရပ်ခံပါတယ်” ဟု IBEC ဆရာတော်ဦးသောဘိတက မိန့်ကြားထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော လက်ရှိနစကအစိုးရလက်ထက်တွင် ရဟန်းသံဃာ တော်များ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၊ အရပ်သား ပြည်သူများ စုစုပေါင်း (၆၈၈၀)ဦးထက်မနည်း အကြမ်းဖက်သမားများ ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

Zawgyi Version;
ရက္လည္အလႉမွ ျပန္လာသည့္ကားကို PDF မ်ားက ဝိုင္းဝန္းပစ္ခတ္သျဖင့္ သံဃာေတာ္ႏွင့္ လူ(၂)ဦးေသဆုံး၊ သတ္ျဖတ္ခံရသည့္ သံဃာေတာ္အပါး (၁၀ဝ) ခန႔္ ရွိလာ
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီလ ၂၄

ရက္လည္ဆြမ္းကပ္အလႉမွ ျပန္လာသည့္ကားတစ္စီး ဝိုင္းဝန္းပစ္ခတ္ခံခဲ့ရ၍ သံဃာေတာ္ တစ္ပါးႏွင့္ လူ(၂)ဦး ေသဆုံးမႈ မႏၲေလးတိုင္းအတြင္း ျဖစ္ပြားခဲ့ေၾကာင္း တိုင္းအစိုးရအဖြဲ႕ႏွင့္နီးစပ္သူထံမွ သိရသည္။

ေက်ာက္ဆည္ၿမိဳ႕နယ္ ကတဲေက်း႐ြာမွ သဲ ေမာင္းကန္ေက်ာင္းဆရာေတာ္ ဦးအဂၢဉာဏႏွင့္ ဒါယိကာမ (၄)ဦးသည္ ယာဥ္ေမာင္းကိုေအးမင္းေအာင္ ေမာင္းႏွင္ေသာ Mark II ကားျဖင့္ ေဖေဖာ္ဝါရီ လ ၂၀ ရက္ နံနက္ပိုင္းတြင္ ပခုကၠဴၿမိဳ႕နယ္ ေျမနီျပင္ ေက်း႐ြာသို႔ ေဒၚစန္းဝင္း၏ ခင္ပြန္းျဖစ္သူ ဦးမ်ိဳး(ခ)မ်က္ျပဴး၏ (၁) လျပည့္ ရက္လည္ ဆြမ္းကပ္အလႉ သို႔ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ရက္လည္ဆြမ္းကပ္အလႉအၿပီး ေဖေဖာ္ဝါရီလ ၂၂ ရက္ နံနက္ပိုင္းတြင္ ဆရာေတာ္ ဦးအဂၢဉာဏ တို႔၏ ကားသည္ ေျမနီျပင္ေက်း႐ြာမွ ျပန္လည္ထြက္ခြာလာခဲ့ၿပီး ေန႔လယ္ ၂ နာရီဝန္းက်င္ အခ်ိန္ တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျမင္းၿခံ-ေရးဝန္း သြား ကားလမ္းေဘး၊ ႐ြာႀကီးေက်း႐ြာအထြက္ရွိ ေရတြင္းပ်က္အနီးအေရာက္တြင္ PDF အဖြဲ႕ဝင္ (၁၅)ဦးခန႔္က တားဆီးခဲ့ေၾကာင္း တိုင္းအစိုးရအဖြဲ႕ႏွင့္ နီးစပ္သူက ေျပာသည္။ ယင္းကဲ့သို႔ တားဆီးစဥ္ ဆရာေတာ္ ဦးအဂၢဉာဏတို႔၏ ကားသည္ အရွိန္လြန္၍ ေက်ာ္လြန္သြားခဲ့သည့္အတြက္ PDF အဖြဲ႕ဝင္မ်ားရွိရာထံ ေနာက္ျပန္ ဆုတ္ၿပီး ေမာင္းႏွင္လာစဥ္ ၎အဖြဲ႕ ဝင္မ်ားက ေသနတ္အတို၊ အရွည္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုကဲ့သို႔ PDF အဖြဲ႕ဝင္ (၁၅)ဦးခန႔္က ဝိုင္းဝန္းပစ္ခတ္မႈေၾကာင့္ သက္ေတာ္ (၇၆)ႏွစ္၊ ဝါေတာ္ (၃၆) ဝါရွိ သဲေမာင္း ကန္ ေက်ာင္းဆရာေတာ္ ဦးအဂၢဉာဏသည္ က်ည္ေဖာက္ဝင္ဒဏ္ရာ (၃) ခ်က္ျဖင့္ ေနရာ တြင္ပင္ ပ်ံလြန္ေတာ္မူခဲ့ ေၾကာင္း သိရသည္။ ထို႔ျပင္ ဆရာေတာ္ႏွင့္အတူ လိုက္ပါလာသည့္ ဒါယိကာမမ်ား ျဖစ္ေသာ ေဒၚသန္းမီ(၇၀ ႏွစ္)၊ ေဒၚခိုင္ေဌး (၃၈ ႏွစ္) တို႔သည္လည္း ဦးေခါင္းႏွင့္ ခႏၶာကိုယ္တို႔တြင္ က်ည္ေဖာက္ဝင္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း တိုင္းအစိုးရအဖြဲ႕ႏွင့္နီးစပ္သူ က ထပ္မံ ေျပာသည္။
အလားတူ ဆရာေတာ္ဦးအဂၢÓဏႏွင့္အတူ လိုက္ပါလာေသာ ဒါယိကာမ ေဒၚအိအိၿဖိဳး (၂၃ ႏွစ္)သည္ ထိခိုက္ ဒဏ္ရာသာရရွိခဲ့ၿပီး ေဒၚစန္းဝင္း (၆၅ ႏွစ္)ႏွင့္ ယာဥ္ေမာင္း ကိုေအးမင္းေအာင္တို႔သည္ ထိခိုက္ ဒဏ္ရာမရရွိခဲ့ ေၾကာင္း သိရသည္။

လက္ရွိနစကအစိုးရလက္ထက္ (၃)ႏွစ္ေက်ာ္ ကာလအတြင္း၌ အၾကမ္းဖက္သမားမ်ား၏ လုပ္ႀကံ သတ္ျဖတ္မႈမ်ား ေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ရေသာ သံဃာေတာ္အပါးေရသည္ စုစုေပါင္း (၁၀ဝ)နီးပါး ခန႔္ရွိေနၿပီျဖစ္သည္။ ထိုသို႔ သံဃာေတာ္မ်ား အၾကမ္းဖက္သတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ားသည္ စစ္ကိုင္း၊ မေကြးႏွင့္ မႏၲေလးတိုင္းေဒသႀကီး တို႔တြင္ အမ်ားဆုံး ျဖစ္ပြားေနလ်က္ရွိေၾကာင္း သိရသည္။

“ဒီဟာေတြကေတာ့ ဘယ္အဖြဲ႕အစည္းကပဲ လုပ္လုပ္ ဘုန္းဘုန္းကေတာ့ ဒါေတြကို ရႈတ္ခ်တယ္။ လက္လည္း မခံဘူးေပါ့ေနာ္။ ဘာေၾကာင့္လဲ ဆို ေတာ့ ဒီဘာသာေရးေခါင္းေဆာင္ဆိုတာ ဘာလက္နက္မွလည္း ရွိတာ မဟုတ္ဘူး။ ေမတၱာတရားနဲ႔ပဲ ေျပာေဟာဆုံးမၾကတာ။ ဘယ္ဘာသာေရးေခါင္းေဆာင္ပဲျဖစ္ျဖစ္ေပါ့။ ဗုဒၶ ဘာသာမွ မဟုတ္ပါဘူး။ တျခားဘာသာေတြကိုလည္း ဘုန္းဘုန္းက ဒီလိုပဲ အသိအမွတ္ျပဳပါတယ္။ အဲဒီေတာ့ ဗုဒၶဘာသာ ရဟန္းေတာ္ေတြက ကိုယ့္ဘာသာထဲက ပုဂၢိဳလ္ေတြျဖစ္တဲ့အတြက္ ဒါေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ေနၾက တာေတြက ရပ္သင့္ပါၿပီ။ မလုပ္သင့္ဘူးေပါ့ေနာ္။ အဲဒီလို လုပ္ၾကတဲ့သူေတြ ဒါေတြကို ေရွာင္ၾကဥ္ေပးၾကဖို႔ ဘုန္းဘုန္းက ေမတၱာရပ္ခံပါတယ္” ဟု IBEC ဆရာေတာ္ဦးေသာဘိတက မိန႔္ၾကားထားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ လက္ရွိနစကအစိုးရလက္ထက္တြင္ ရဟန္းသံဃာ ေတာ္မ်ား အပါအဝင္ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အရပ္သား ျပည္သူမ်ား စုစုေပါင္း (၆၈၈၀)ဦးထက္မနည္း အၾကမ္းဖက္သမားမ်ား ၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။

Related news

© 2021. All rights reserved.