အမေရိကန်ဒေါ်လာ(၅၆၈)သန်းတန်ဖိုးရှိ ကိုကင်း(၅ ဒသမ ၇) တန်ကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

 494

Pika (NP News) - ဖေဖော်ဝါရီ ၂၄

အင်္ဂလန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်း ဆောက်သမ်တန်မြို့ ဆိပ်ကမ်းရှိ ကွန်တိန်နာတစ်ခုအတွင်းတွင် ဖွက်ထား သော ကိုကင်း(၅ ဒသမ ၇) တန်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၈)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားရာဇဝတ်မှု အေဂျင်စီ NCA က ပြောကြားခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးဖမ်းဆီးရမိမှုတစ်ခုဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ(၂၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

တောင်အမေရိကတိုက်မှ သယ်ဆောင်လာသော ငှက်ပျောသီးကွန်တိန်နာအတွင်းတွင် ဖွက်ထားသည့် ကိုကင်းများ ကို ယခုကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရာဇဝတ်မှုအေဂျင်စီ NCA က ပြောကြားခဲ့သည်။ ထို့အပြင် ဖမ်းဆီးရမိသော ကိုကင်းများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၅၆၈)သန်း ရှိကြောင်း NCA က ထုတ်ပြန် ခဲ့သည်။
"ဒီကိုကင်းတွေကို ဂျာမနီနိုင်ငံ Hamburg မြို့ကို ပို့ဆောင်ဖို့လုပ်ထားတာလို့ တာဝန်ရှိသူတွေက ယုံကြည်နေ ပါတယ်။ ပြီးတော့ ဒီစံချိန်တင်ဖမ်းဆီးရမိမှုဟာ နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေကို အကြီးအကျယ်ထိခိုက်နစ်နာ စေမှာပါ" ဟု NCA ဒါရိုက်တာခရစ်ဖာရီမွန်းက ပြောခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ယခင်ကအကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၂ဝ၂၂ ခုနှစ်တွင် ဆောက်သမ်တန်မြို့မှာ တွေ့ရှိခဲ့သည့် ကိုကင်း(၃ ဒသမ ၇) တန် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများသည် ဗြိတိန်၏ တရားမဝင်ကိုကင်းဈေးကွက်မှ တစ်နှစ်လျှင် ပေါင်(၄)ဘီလျံခန့် ရရှိနေကြောင်း NCA က ခန့်မှန်းခဲ့သည်။

Zawgyi Version;
အေမရိကန္ေဒၚလာ(၅၆၈)သန္းတန္ဖိုးရွိ ကိုကင္း(၅ ဒသမ ၇) တန္ကို ၿဗိတိန္ရဲတပ္ဖြဲ႕ ဖမ္းဆီးရမိ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၄

အဂၤလန္ႏိုင္ငံေတာင္ပိုင္းကမ္း႐ိုးတန္း ေဆာက္သမ္တန္ၿမိဳ႕ ဆိပ္ကမ္းရွိ ကြန္တိန္နာတစ္ခုအတြင္းတြင္ ဖြက္ထား ေသာ ကိုကင္း(၅ ဒသမ ၇) တန္ကို ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ(၈)ရက္က ဖမ္းဆီးရမိခဲ့ေၾကာင္း အမ်ိဳးသားရာဇဝတ္မႈ ေအဂ်င္စီ NCA က ေျပာၾကားခဲ့သည္။

အဆိုပါဖမ္းဆီးရမိမႈသည္ သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးဖမ္းဆီးရမိမႈတစ္ခုျဖစ္ေၾကာင္း ၿဗိတိန္ရဲတပ္ဖြဲ႕က ေဖေဖာ္ဝါရီလ(၂၃)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

ေတာင္အေမရိကတိုက္မွ သယ္ေဆာင္လာေသာ ငွက္ေပ်ာသီးကြန္တိန္နာအတြင္းတြင္ ဖြက္ထားသည့္ ကိုကင္းမ်ား ကို ယခုကဲ့သို႔ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း အမ်ိဳးသားရာဇဝတ္မႈေအဂ်င္စီ NCA က ေျပာၾကားခဲ့သည္။ ထို႔အျပင္ ဖမ္းဆီးရမိေသာ ကိုကင္းမ်ား၏ စုစုေပါင္းတန္ဖိုးမွာ အေမရိကန္ေဒၚလာ(၅၆၈)သန္း ရွိေၾကာင္း NCA က ထုတ္ျပန္ ခဲ့သည္။
"ဒီကိုကင္းေတြကို ဂ်ာမနီႏိုင္ငံ Hamburg ၿမိဳ႕ကို ပို႔ေဆာင္ဖို႔လုပ္ထားတာလို႔ တာဝန္ရွိသူေတြက ယုံၾကည္ေန ပါတယ္။ ၿပီးေတာ့ ဒီစံခ်ိန္တင္ဖမ္းဆီးရမိမႈဟာ ႏိုင္ငံတကာရာဇဝတ္ဂိုဏ္းေတြကို အႀကီးအက်ယ္ထိခိုက္နစ္နာ ေစမွာပါ" ဟု NCA ဒါ႐ိုက္တာခရစ္ဖာရီမြန္းက ေျပာခဲ့သည္။

ၿဗိတိန္ႏိုင္ငံတြင္ ယခင္ကအႀကီးမားဆုံး မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမွာ ၂ဝ၂၂ ခုႏွစ္တြင္ ေဆာက္သမ္တန္ၿမိဳ႕မွာ ေတြ႕ရွိခဲ့သည့္ ကိုကင္း(၃ ဒသမ ၇) တန္ ျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ႏိုင္ငံတကာရာဇဝတ္ဂိုဏ္းမ်ားသည္ ၿဗိတိန္၏ တရားမဝင္ကိုကင္းေဈးကြက္မွ တစ္ႏွစ္လွ်င္ ေပါင္(၄)ဘီလ်ံခန႔္ ရရွိေနေၾကာင္း NCA က ခန႔္မွန္းခဲ့သည္။

Related news

© 2021. All rights reserved.