အစ္စရေး-ဟားမက်စ်စစ်ပွဲနှင့်စပ်လျဉ်းသည့် ကြားနာပွဲ၌ ICJ ၏ စံနှစ်ခွမူဝါဒကို ကာတာ ကန့်ကွက်ခဲ့

 1096

ALynn (NP News) - ဖေဖော်ဝါရီ ၂၄

ကာတာသံအမတ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးထိုးစစ်များနှင့်ပတ်သက် ၍ နိုင်ငံတကာဥပဒေများကို လိုတစ်မျိုး၊ မလိုတစ်မျိုး လိုက်နာကျင့်သုံးစေသည့် ICJ ၏ စံနှစ်ခွမူဝါဒများကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

“ကလေးထောင်နှင့်ချီ သေဆုံးနေချိန်မှာ ကလေးအချို့ကိုသာ အကာအကွယ်ပေးနေတဲ့လုပ်ရပ်လိုမျိုး နိုင်ငံတကာ ဥပဒေကို တပြေးညီကျင့်သုံးခြင်းမရှိတာကို ရှုတ်ချကြောင်း၊ အစ္စရေးတို့သည် လူမျိုးရေးခွဲခြား ဆက်ဆံသည့် အုပ်ချုပ်မှုမျိုး ဖြင့် ဂျူးလူမျိုးလွှမ်းမိုးရေးကိုသာ ရှေ့တန်းတင်နေကြောင်းနှင့် အစ္စရေး ၏ ကျူးကျော်မှုများသည် တရားမဝင်ဖြစ်ပြီး ပါလက်စတိုင်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဟူသော လူအခွင့်အရေးကို ချိုးဖောက်နေကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။

အစ္စရေး-ဟားမက်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ကာတာ၊ အမေရိကန်နှင့် အီဂျစ် တို့အကြား ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်လျက်ရှိနေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အစ္စရေး၏ ကျူးကျော် သိမ်းပိုက်မှုနှင့်ပတ်သက်၍ ICJ တရားရုံးရှေ့မှောက်တွင် နိုင်ငံပေါင်း ၅ဝ ကျော်၏ ထင်မြင်ချက်ကို ကြားနာလျက် ရှိသည်။ တရားသူကြီး ၁၅ ဦးပါ ICJ အဖွဲ့အား "အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု၊ လွှမ်းမိုးခြယ်လှယ်မှု၊ ဂျေရုဆလင် မြို့တော်၏ ဖြစ်တည်မှုနှင့် တရားရုံး၏ ခွဲခြားဆက်ဆံသည့်အစီအမံများကို ပြန်လည်သုံးသပ်ရန်” တောင်းဆိုထား ကြသည်။

ဖေဖော်ဝါရီလ ၂၃ ရက်က ကြားနာပွဲတွင် ပါကစ္စတန်၊ နော်ဝေး၊ အင်ဒိုနီးရှား၊ ယူကေနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်တို့က ၎င်းတို့၏အမြင်များကို တရားရုံးရှေ့မှောက်တွင် ကြားနာခဲ့ကြသည်။ ပါကစ္စတန်တရားရေး ဝန်ကြီးက “အစ္စရေးက ပါလက်စတိုင်းတို့ရဲ့နယ်မြေတွေကို သိမ်းပိုက်နေတာမြင်ရတော့ လုံးဝနောက်ပြန်မလှည့် နိုင်တော့ဘူးလို့ ထင်ရပေမယ့် ၁၉၆၂ ခုနှစ်က အယ်လ်ဂျီးရီးယားကနေ ပြင်သစ်လူမျိုးတွေကိုတောင် မောင်းထုတ် ပစ်နိုင်ခဲ့တဲ့သမိုင်းကြောင်းတွေ ရှိတာကြောင့် ပြောင်းလဲရင် ဘာမဆိုဖြစ်နိုင်ကြောင်း” ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း “အစ္စရေးက ကျူးလွန်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို တားဆီးဖို့အတွက် တရားရုံးရှေ့မှောက်တွင် ရောက်ရှိနေရခြင်းဖြစ်ကြောင်း နှင့် အစ္စရေး၏ တရားမဝင်ကျူးကျော်သိမ်းပိုက်ခြင်းများကို အသိအမှတ်မပြုပေးကြဖို့” တိုက်တွန်း ခဲ့သည်။

အစ္စရေးက ICJ ၏ ကြားနာပွဲသည် ညှိနှိုင်းအဖြေရှာရမည့်ကိစ္စရပ်များကို ထိခိုက်စေနိုင်သည့်အတွက် တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

Zawgyi Version;
အစၥေရး-ဟားမက္စ္စစ္ပြဲႏွင့္စပ္လ်ဥ္းသည့္ ၾကားနာပြဲ၌ ICJ ၏ စံႏွစ္ခြမူဝါဒကို ကာတာ ကန႔္ကြက္ခဲ့
ALynn (NP News) - ေဖေဖာ္ဝါရီ ၂၄

ကာတာသံအမတ္က ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ ပါလက္စတိုင္းနယ္ေျမအတြင္း အစၥေရးထိုးစစ္မ်ားႏွင့္ပတ္သက္ ၍ ႏိုင္ငံတကာဥပေဒမ်ားကို လိုတစ္မ်ိဳး၊ မလိုတစ္မ်ိဳး လိုက္နာက်င့္သုံးေစသည့္ ICJ ၏ စံႏွစ္ခြမူဝါဒမ်ားကို ကန႔္ကြက္ေၾကာင္း ေျပာၾကားခဲ့သည္။

“ကေလးေထာင္ႏွင့္ခ်ီ ေသဆုံးေနခ်ိန္မွာ ကေလးအခ်ိဳ႕ကိုသာ အကာအကြယ္ေပးေနတဲ့လုပ္ရပ္လိုမ်ိဳး ႏိုင္ငံတကာ ဥပေဒကို တေျပးညီက်င့္သုံးျခင္းမရွိတာကို ရႈတ္ခ်ေၾကာင္း၊ အစၥေရးတို႔သည္ လူမ်ိဳးေရးခြဲျခား ဆက္ဆံသည့္ အုပ္ခ်ဳပ္မႈမ်ိဳး ျဖင့္ ဂ်ဴးလူမ်ိဳးလႊမ္းမိုးေရးကိုသာ ေရွ႕တန္းတင္ေနေၾကာင္းႏွင့္ အစၥေရး ၏ က်ဴးေက်ာ္မႈမ်ားသည္ တရားမဝင္ျဖစ္ၿပီး ပါလက္စတိုင္းတို႔၏ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ဟူေသာ လူအခြင့္အေရးကို ခ်ိဳးေဖာက္ေနေၾကာင္း” ထပ္ေလာင္းေျပာၾကားခဲ့သည္။

အစၥေရး-ဟားမက္စ္စစ္ပြဲ အပစ္အခတ္ရပ္စဲေရးႏွင့္ပတ္သက္၍ ကာတာ၊ အေမရိကန္ႏွင့္ အီဂ်စ္ တို႔အၾကား ေဆြးေႏြးညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္လ်က္ရွိေနသည္။ ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္း အစၥေရး၏ က်ဴးေက်ာ္ သိမ္းပိုက္မႈႏွင့္ပတ္သက္၍ ICJ တရား႐ုံးေရွ႕ေမွာက္တြင္ ႏိုင္ငံေပါင္း ၅ဝ ေက်ာ္၏ ထင္ျမင္ခ်က္ကို ၾကားနာလ်က္ ရွိသည္။ တရားသူႀကီး ၁၅ ဦးပါ ICJ အဖြဲ႕အား "အစၥေရး၏ က်ဴးေက်ာ္သိမ္းပိုက္မႈ၊ လႊမ္းမိုးျခယ္လွယ္မႈ၊ ေဂ်႐ုဆလင္ ၿမိဳ႕ေတာ္၏ ျဖစ္တည္မႈႏွင့္ တရား႐ုံး၏ ခြဲျခားဆက္ဆံသည့္အစီအမံမ်ားကို ျပန္လည္သုံးသပ္ရန္” ေတာင္းဆိုထား ၾကသည္။

ေဖေဖာ္ဝါရီလ ၂၃ ရက္က ၾကားနာပြဲတြင္ ပါကစၥတန္၊ ေနာ္ေဝး၊ အင္ဒိုနီးရွား၊ ယူေကႏွင့္ အျခားႏိုင္ငံမ်ားမွ ကိုယ္စားလွယ္တို႔က ၎တို႔၏အျမင္မ်ားကို တရား႐ုံးေရွ႕ေမွာက္တြင္ ၾကားနာခဲ့ၾကသည္။ ပါကစၥတန္တရားေရး ဝန္ႀကီးက “အစၥေရးက ပါလက္စတိုင္းတို႔ရဲ႕နယ္ေျမေတြကို သိမ္းပိုက္ေနတာျမင္ရေတာ့ လုံးဝေနာက္ျပန္မလွည့္ ႏိုင္ေတာ့ဘူးလို႔ ထင္ရေပမယ့္ ၁၉၆၂ ခုႏွစ္က အယ္လ္ဂ်ီးရီးယားကေန ျပင္သစ္လူမ်ိဳးေတြကိုေတာင္ ေမာင္းထုတ္ ပစ္ႏိုင္ခဲ့တဲ့သမိုင္းေၾကာင္းေတြ ရွိတာေၾကာင့္ ေျပာင္းလဲရင္ ဘာမဆိုျဖစ္ႏိုင္ေၾကာင္း” ေျပာၾကားခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးကလည္း “အစၥေရးက က်ဴးလြန္သည့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ဥပေဒခ်ိဳးေဖာက္မႈမ်ားကို တားဆီးဖို႔အတြက္ တရား႐ုံးေရွ႕ေမွာက္တြင္ ေရာက္ရွိေနရျခင္းျဖစ္ေၾကာင္း ႏွင့္ အစၥေရး၏ တရားမဝင္က်ဴးေက်ာ္သိမ္းပိုက္ျခင္းမ်ားကို အသိအမွတ္မျပဳေပးၾကဖို႔” တိုက္တြန္း ခဲ့သည္။

အစၥေရးက ICJ ၏ ၾကားနာပြဲသည္ ညႇိႏႈိင္းအေျဖရွာရမည့္ကိစၥရပ္မ်ားကို ထိခိုက္ေစႏိုင္သည့္အတြက္ တက္ေရာက္ျခင္းမရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.