ရန်ကုန်မြစ်ဝမှတစ်ဆင့် မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ်(၄၅) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

 761

NP News - ဖေဖော်ဝါရီ ၂၅

ရန်ကုန်မြစ်ဝမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သယ်ဆောင်သွားမည့် ငွေကျပ် (၄၅)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

တပ်မတော်(ရေ)မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်၊ ည(၉)နာရီ အချိန်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ “မင်းထက်သာ-၃” အမည်ရှိ စက်လှေအား သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေခဲ့ရာ စက်လှေပေါ်မှ ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ)ကျော်ကြီး၊ လှမြင့်ထွန်းနှင့် ရဲကျော်သူ(ခ)ကိုရဲတို့ (၄)ဦးအား တန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလျံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်၊ ၁၄၁ လမ်း(တပင်‌ရွှေထီးလမ်း)၊ ၆၄ x ၆၅ လမ်း ကြားရှိ ကျော်စွာဝင်းဆိုသူ ငှားရမ်နေထိုင်သည်နေအိမ်အား သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ အေးချမ်းသူနှင့် မျိုးမင်းသိမ်းတို့အား တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် NISSAN DIESEL အမျိုးအစား ၁၂ ဘီး မော်တော်ယာဥ်ပေါ်မှ တန်ဖိုးငွေကျပ်သိန်း ၂၀၆၂ ဒသမ ၅ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၈ ဒသမ ၂၅ ကီလိုနှင့် ALPHARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့သုံးဦးအား စက်မှုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ျမစ္ဝမွတစ္ဆင့္ မေလးရွားႏိုင္ငံသို႔သယ္ေဆာင္မည့္ ေငြက်ပ္(၄၅) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိ

NP News - ေဖေဖာ္ဝါရီ ၂၅

ရန္ကုန္ျမစ္ဝမွတစ္ဆင့္ မေလးရွားႏိုင္ငံသို႔ သယ္ေဆာင္သြားမည့္ ေငြက်ပ္ (၄၅)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕က ေဖေဖာ္ဝါရီလ ၂၄ ရက္ ညပိုင္းတြင္ ထုတ္ျပန္ထားသည္။

တပ္မေတာ္(ေရ)မွ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၇ ရက္၊ ည(၉)နာရီ အခ်ိန္တြင္ တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕၏ အေနာက္ေျမာက္ဘက္ ၁၉၃ မိုင္ခန႔္အကြာ ပင္လယ္ျပင္၌ “မင္းထက္သာ-၃” အမည္ရွိ စက္ေလွအား သတင္းအရရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြခဲ့ရာ စက္ေလွေပၚမွ ၿငိမ္းခ်မ္းလြင္၊ ေက်ာ္လင္းထြန္း(ခ)ေက်ာ္ႀကီး၊ လွျမင့္ထြန္းႏွင့္ ရဲေက်ာ္သူ(ခ)ကိုရဲတို႔ (၄)ဦးအား တန္ဖိုးေငြက်ပ္ ၄၅ ဒသမ ၄၃ ဘီလ်ံ တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၁ ဒသမ ၂၉၈ တန္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုထားသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိခဲ့သည့္ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား ရွမ္းျပည္နယ္မွ ရန္ကုန္တိုင္းသို႔ သယ္ေဆာင္ၿပီး ရန္ကုန္ျမစ္ဝမွတစ္ဆင့္ ပင္လယ္ေရေၾကာင္းအသုံးျပဳ၍ မေလးရွားႏိုင္ငံေရပိုင္နက္သို႔ သယ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ၎တို႔အား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ ေဖေဖာ္ဝါရီလ ၁၉ ရက္ နံနက္ပိုင္းတြင္ မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈရပ္ကြက္၊ ၁၄၁ လမ္း(တပင္‌ေ႐ႊထီးလမ္း)၊ ၆၄ x ၆၅ လမ္း ၾကားရွိ ေက်ာ္စြာဝင္းဆိုသူ ငွားရမ္ေနထိုင္သည္ေနအိမ္အား သတင္းအရ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ရွာေဖြခဲ့ရာ ၎ႏွင့္အတူ ေအးခ်မ္းသူႏွင့္ မ်ိဳးမင္းသိမ္းတို႔အား ေတြ႕ရွိၿပီး ေနအိမ္ၿခံဝင္းအတြင္း ရပ္တန႔္ထားသည့္ NISSAN DIESEL အမ်ိဳးအစား ၁၂ ဘီး ေမာ္ေတာ္ယာဥ္ေပၚမွ တန္ဖိုးေငြက်ပ္သိန္း ၂၀၆၂ ဒသမ ၅ တန္ဖိုးရွိ ဘိန္းျဖဴအေလးခ်ိန္ ၈ ဒသမ ၂၅ ကီလိုႏွင့္ ALPHARD အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ ၁ စီးႏွင့္ လက္ကိုင္ဖုန္း ၃ လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔သုံးဦးအား စက္မႈနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.