လူငယ်များကို ပေါ်တာဆွဲသွားကြောင်း သတင်းအတိအကျသိရပါက အချိန်မရွေးတိုင်ကြားရန် ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 951

မြူနစ် (NP News) - ဖေဖော်ဝါရီ ၂၅

လူငယ်များကို ပေါ်တာဆွဲသွားကြောင်း သတင်းအတိအကျသိရပါက အချိန်မရွေးတိုင်ကြားရန် နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းက ယမန်နေ့(ဖေဖော်ဝါရီလ ၂၄ ရက်) ညပိုင်းတွင် နိုင်ငံအတွင်း ထွက်ပေါ်နေသည့် ကောလာဟလသတင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် လူထုကြားစိုးရိမ်မှုများဖြစ်ပေါ်ကာ ယခုကဲ့သို့ ကောလာဟလများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ချိန်တွင် ပြည်ဖျက်မီဒီယာ၊ အကြမ်းဖက်အဖွဲ့များ အားလုံးအနေဖြင့် လူငယ်တိုင်း ချက်ချင်းတပ်ထဲဝင်ကာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရတော့မည်သကဲ့သို့ ခြောက်လှန့်မှုများရှိခဲ့သည်ဟု နစကပြောခွင့်ရက ဆိုသည်။

“ဒီဟာတွေကတော့ လူငယ်တွေ ဘယ်နေရာမှာ ပျောက်သွားတယ်တို့၊ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်တို့၊ ဘယ်နေရာမှာ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီတို့၊ ဘယ်နေရာမှာ ပေါ်တာဆွဲနေပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက်ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ ဟာတွေပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောကြားချင်တာက ဘယ်နေရာမှာ နာမည်ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရမှာ နာမည်ဘယ်သူနဲ့ လူငယ်တွေ ပျောက်ဆုံးနေတယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာ သိရရင်၊ သတင်းတိကျတယ်ဆိုရင် ကျွန်တော်တို့ပေးထားတဲ့ ဖုန်းနံပါတ်များ ရှိပါတယ်။ အချိန်မရွေး ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းဥပဒေ အာဏည်တည်လိုက်ခြင်းသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားများ တောင့်တင်စေရေးအတွက် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ၀၆၇-၃၄၀၄၉၁၁၊ ၃၄၀၄၉၂၂၊ ၃၄၀၄၉၃၃၊ ၃၄၀၄၉၄၄၊ ၃၄၀၄၉၅၅ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း နစကဘက်က အသိပေးထုတ်ပြန်ထားသည်။

သို့သော် စုံစမ်းမေးမြန်းခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေးဆက်သွယ်လာသော ဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဟုလည်း နစကမှ သတိပေးထားသည်။

zawgyi version
လူငယ္မ်ားကို ေပၚတာဆြဲသြားေၾကာင္း သတင္းအတိအက်သိရပါက အခ်ိန္မေ႐ြးတိုင္ၾကားရန္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၂၅

လူငယ္မ်ားကို ေပၚတာဆြဲသြားေၾကာင္း သတင္းအတိအက်သိရပါက အခ်ိန္မေ႐ြးတိုင္ၾကားရန္ နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

၎က ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၄ ရက္) ညပိုင္းတြင္ ႏိုင္ငံအတြင္း ထြက္ေပၚေနသည့္ ေကာလာဟလသတင္းမ်ားႏွင့္ပတ္သက္၍ ရွင္းလင္းေျပာဆိုရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ယခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္တြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို စတင္အာဏာတည္ေၾကာင္း အမိန႔္ထုတ္ျပန္ၿပီးေနာက္ပိုင္းတြင္ လူထုၾကားစိုးရိမ္မႈမ်ားျဖစ္ေပၚကာ ယခုကဲ့သို႔ ေကာလာဟလမ်ားလည္း ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒ စတင္အာဏာတည္ခ်ိန္တြင္ ျပည္ဖ်က္မီဒီယာ၊ အၾကမ္းဖက္အဖြဲ႕မ်ား အားလုံးအေနျဖင့္ လူငယ္တိုင္း ခ်က္ခ်င္းတပ္ထဲဝင္ကာ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ရေတာ့မည္သကဲ့သို႔ ေျခာက္လွန႔္မႈမ်ားရွိခဲ့သည္ဟု နစကေျပာခြင့္ရက ဆိုသည္။

“ဒီဟာေတြကေတာ့ လူငယ္ေတြ ဘယ္ေနရာမွာ ေပ်ာက္သြားတယ္တို႔၊ ဘယ္ေနရာမွာ ဖမ္းဆီးခံရတယ္တို႔၊ ဘယ္ေနရာမွာ အတင္းအဓမၼ စစ္သားစုေဆာင္းေနၿပီတို႔၊ ဘယ္ေနရာမွာ ေပၚတာဆြဲေနၿပီဆိုတဲ့ ေကာလာဟလ ထုတ္လႊင့္ခ်က္မ်ား ဆက္တိုက္ျဖစ္ေပၚလာတာကို ေတြ႕ရပါတယ္။ အေျခအျမစ္မရွိတဲ့ ဟာေတြပဲျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ရွင္းရွင္းလင္းလင္းေျပာၾကားခ်င္တာက ဘယ္ေနရာမွာ နာမည္ဘယ္သူ၊ ဘယ္အဖြဲ႕အစည္းက လုပ္ခဲ့တယ္။ ဘယ္ေနရမွာ နာမည္ဘယ္သူနဲ႔ လူငယ္ေတြ ေပ်ာက္ဆုံးေနတယ္။ ဘယ္ေနရာမွာ နာမည္ဘယ္သူနဲ႔လူငယ္အဖြဲ႕ေတြကို ေပၚတာဆြဲသြားတယ္ဆိုတာ သိရရင္၊ သတင္းတိက်တယ္ဆိုရင္ ကြၽန္ေတာ္တို႔ေပးထားတဲ့ ဖုန္းနံပါတ္မ်ား ရွိပါတယ္။ အခ်ိန္မေ႐ြး ဆက္သြယ္ေမးျမန္း စုံစမ္းႏိုင္ပါတယ္” ဟု ၎က ေျပာသည္။

စစ္မႈထမ္းဥပေဒ အာဏည္တည္လိုက္ျခင္းသည္ ျပည္သူလူထု၏ လူမႈစီးပြားဘဝ လုံၿခဳံေရး၊ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရး၊ ကာကြယ္ေရးအင္အားမ်ား ေတာင့္တင္ေစေရးအတြက္ ေဆာင္႐ြက္ျခင္းသာျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ပတ္သက္၍ ၀၆၇-၃၄၀၄၉၁၁၊ ၃၄၀၄၉၂၂၊ ၃၄၀၄၉၃၃၊ ၃၄၀၄၉၄၄၊ ၃၄၀၄၉၅၅ ဖုန္းနံပါတ္မ်ားကို ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း နစကဘက္က အသိေပးထုတ္ျပန္ထားသည္။

သို႔ေသာ္ စုံစမ္းေမးျမန္းျခင္းမဟုတ္ဘဲ အေႏွာင့္အယွက္ေပးဆက္သြယ္လာေသာ ဖုန္းနံပါတ္မ်ားကို မွတ္တမ္းတင္ကာ ယင္းဖုန္းဆင္းကဒ္မ်ားကို ပိတ္သိမ္းသြားမည္ဟုလည္း နစကမွ သတိေပးထားသည္။

Related news

© 2021. All rights reserved.