ပင်လယ်နီအတွင်း တိုက်ပွဲများပြင်းထန်နေလျက်ရှိပြီး ယီမင်ရှိ ဟူသီစခန်းများကို အမေရိကန်နှင့် ယူကေတို့ ဗုံးကြဲချ

 564

ALynn (NP News) - ဖေ‌ဖော်ဝါရီ ၂၅

အမေရိကန်နှင့် ယူကေတို့၏ ဖေဖော်ဝါရီလ ၂၄ ရက် (စနေနေ့) ပူးတွဲထုတ်ပြန်ချက်၌ ယီမင်ရှိ ဟူသီတို့၏ စခန်း ၁၈ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက် ကတည်းက စတင်ခဲ့သည့် အမေရိကန်နှင့် ယူကေတို့၏ စစ်ဆင်ရေးသည် ယခုဆိုလျှင် ၄ ကြိမ်မြောက်ရှိပြီဖြစ်သည်။ ပူးတွဲစစ်ဆင် ရေးများအပြင် အမေရိကန်သည် ဟူသီတို့၏ ပစ်မှတ်များကို နေ့စဉ်တိုက် ခိုက်ခြင်းများလည်း ပြုလုပ်လျက်ရှိသည်။ ထိုသို့ အဆက်မပြတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်သော်လည်း ဟူသီတို့အား ဟန့်တားနိုင်ခြင်းမရှိဘဲ ရေကြောင်းကုန်သွယ်ရေးစရိတ်များကိုသာ တိုးလာစေသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးက “အီရန်တို့ ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီစစ်သွေးကြွတွေကို ရှင်းလင်းမှဖြစ်မည်ဆိုကြောင်း၊ သို့မဟုတ်လျှင် ဟူသီတွေရဲ့တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းရဲ့စီးပွားရေး၊ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်စေသလို ယီမင်နဲ့အခြားနိုင်ငံတွေကို အထောက်အပံ့တွေပေးပို့ရာမှာလည်း အနှောင့်အယှက်ဖြစ်စေကြောင်း”ဟု ဖော်ပြခဲ့သည်။

ဟူသီတို့အားတိုက်ခိုက်ရန် ဩစတေးလျ၊ ဘာရိန်း၊ ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နယူးဇီလန်တို့ကလည်း ထောက်ခံပေးထားသည်။ ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက “၎င်းတို့သည် အမေရိကန် နှင့် ယူကေ၏ စစ်ဆင်ရေး များကို ကြံ့ကြံ့ခံတုံ့ပြန်လျက်ရှိကြောင်း နှင့် ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းလူမျိုးများအပေါ် အင်အားသုံးတိုက်ခိုက်နေခြင်းများကို ရပ်တန့်မှသာ ၎င်းတို့ဘက်ကလည်း ပင်လယ်နီအတွင်း စစ်ဆင်ရေးများကို ရပ်တန့်ပေးမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

AP သတင်းဌာန၏ ဖော်ပြချက်အရ နိုဝင်ဘာလ ၁၉ ရက်ကတည်းက စတင်ခဲ့သော ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်း ဟူသီတို့၏ တိုက်ခိုက်မှုများသည် ၅၇ ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။ ဟူသီပြောရေး ဆိုခွင့်ရှိသူက အမေရိကန်အလံလွှင့်ထားသည့် ဓာတုပစ္စည်းနှင့် ရေနံတင် တင်သင်္ဘောကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း စနေနေ့က ဖော်ပြခဲ့သည်။ အမေရိကန်ဘက်ကလည်း အဆိုပါတိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့ပြီး သင်္ဘောမှာအပျက်စီးမရှိသလို ထိခိုက်သူလည်း မရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ယူကေပင်လယ်ပြင်လုံခြုံရေးအေဂျင်စီ UKMTO က စနေနေ့ညက Djibouti ဆိပ်ကမ်းအနီး ၎င်းတို့၏သင်္ဘောတစ်စင်းတိုက်ခိုက်ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ယခုအခါ ဂါဇာစစ်မီးသည် အရှေ့အလယ်ပိုင်းဒေသ အနှံ့အပြားကို တဖြည်း ဖြည်းကူးစက်လာနေပြီ ဖြစ်သည်။ အစ္စရေး-လက်ဘနွန်နယ်စပ်တွင်လည်း ဟစ်ဇ်ဘိုလာတို့က အစ္စရေးကို တိုက်ခိုက်လျက်ရှိသလို အီရန်ထောက်ခံသည့် အီရတ်စစ်သွေးကြွတို့ကလည်း အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်လျက်ရှိနေကြသည်။

zawgyi version
ပင္လယ္နီအတြင္း တိုက္ပြဲမ်ားျပင္းထန္ေနလ်က္ရွိၿပီး ယီမင္ရွိ ဟူသီစခန္းမ်ားကို အေမရိကန္ႏွင့္ ယူေကတို႔ ဗုံးႀကဲခ်
ALynn (NP News) - ေဖ‌ေဖာ္ဝါရီ ၂၅

အေမရိကန္ႏွင့္ ယူေကတို႔၏ ေဖေဖာ္ဝါရီလ ၂၄ ရက္ (စေနေန႔) ပူးတြဲထုတ္ျပန္ခ်က္၌ ယီမင္ရွိ ဟူသီတို႔၏ စခန္း ၁၈ ခုကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

ဇန္နဝါရီလ ၁၂ ရက္ ကတည္းက စတင္ခဲ့သည့္ အေမရိကန္ႏွင့္ ယူေကတို႔၏ စစ္ဆင္ေရးသည္ ယခုဆိုလွ်င္ ၄ ႀကိမ္ေျမာက္ရွိၿပီျဖစ္သည္။ ပူးတြဲစစ္ဆင္ ေရးမ်ားအျပင္ အေမရိကန္သည္ ဟူသီတို႔၏ ပစ္မွတ္မ်ားကို ေန႔စဥ္တိုက္ ခိုက္ျခင္းမ်ားလည္း ျပဳလုပ္လ်က္ရွိသည္။ ထိုသို႔ အဆက္မျပတ္တိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္ေသာ္လည္း ဟူသီတို႔အား ဟန႔္တားႏိုင္ျခင္းမရွိဘဲ ေရေၾကာင္းကုန္သြယ္ေရးစရိတ္မ်ားကိုသာ တိုးလာေစသည္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက “အီရန္တို႔ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဟူသီစစ္ေသြးႂကြေတြကို ရွင္းလင္းမွျဖစ္မည္ဆိုေၾကာင္း၊ သို႔မဟုတ္လွ်င္ ဟူသီေတြရဲ႕တိုက္ခိုက္မႈေတြက အေရွ႕အလယ္ပိုင္းရဲ႕စီးပြားေရး၊ သဘာဝပတ္ဝန္း က်င္ကို ထိခိုက္ေစသလို ယီမင္နဲ႔အျခားႏိုင္ငံေတြကို အေထာက္အပံ့ေတြေပးပို႔ရာမွာလည္း အေႏွာင့္အယွက္ျဖစ္ေစေၾကာင္း”ဟု ေဖာ္ျပခဲ့သည္။

ဟူသီတို႔အားတိုက္ခိုက္ရန္ ဩစေတးလ်၊ ဘာရိန္း၊ ကေနဒါ၊ ဒိန္းမတ္၊ နယ္သာလန္ႏွင့္ နယူးဇီလန္တို႔ကလည္း ေထာက္ခံေပးထားသည္။ ဟူသီအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူက “၎တို႔သည္ အေမရိကန္ ႏွင့္ ယူေက၏ စစ္ဆင္ေရး မ်ားကို ႀကံ့ႀကံ့ခံတုံ႔ျပန္လ်က္ရွိေၾကာင္း ႏွင့္ ဂါဇာစစ္ပြဲအတြင္း ပါလက္စတိုင္းလူမ်ိဳးမ်ားအေပၚ အင္အားသုံးတိုက္ခိုက္ေနျခင္းမ်ားကို ရပ္တန႔္မွသာ ၎တို႔ဘက္ကလည္း ပင္လယ္နီအတြင္း စစ္ဆင္ေရးမ်ားကို ရပ္တန႔္ေပးမည္ျဖစ္ေၾကာင္း”ေျပာၾကားခဲ့သည္။

AP သတင္းဌာန၏ ေဖာ္ျပခ်က္အရ ႏိုဝင္ဘာလ ၁၉ ရက္ကတည္းက စတင္ခဲ့ေသာ ပင္လယ္နီႏွင့္ ေအဒင္ပင္လယ္ေကြ႕အတြင္း ဟူသီတို႔၏ တိုက္ခိုက္မႈမ်ားသည္ ၅၇ ႀကိမ္ထက္မနည္းရွိၿပီျဖစ္ေၾကာင္း သိရသည္။ ဟူသီေျပာေရး ဆိုခြင့္ရွိသူက အေမရိကန္အလံလႊင့္ထားသည့္ ဓာတုပစၥည္းႏွင့္ ေရနံတင္ တင္သေဘၤာကို ဒုံးက်ည္ျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း စေနေန႔က ေဖာ္ျပခဲ့သည္။ အေမရိကန္ဘက္ကလည္း အဆိုပါတိုက္ခိုက္ခံရမႈကို အတည္ျပဳခဲ့ၿပီး သေဘၤာမွာအပ်က္စီးမရွိသလို ထိခိုက္သူလည္း မရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ယူေကပင္လယ္ျပင္လုံၿခဳံေရးေအဂ်င္စီ UKMTO က စေနေန႔ညက Djibouti ဆိပ္ကမ္းအနီး ၎တို႔၏သေဘၤာတစ္စင္းတိုက္ခိုက္ခံခဲ့ရေၾကာင္း ေဖာ္ျပခဲ့သည္။

ယခုအခါ ဂါဇာစစ္မီးသည္ အေရွ႕အလယ္ပိုင္းေဒသ အႏွံ႔အျပားကို တျဖည္း ျဖည္းကူးစက္လာေနၿပီ ျဖစ္သည္။ အစၥေရး-လက္ဘႏြန္နယ္စပ္တြင္လည္း ဟစ္ဇ္ဘိုလာတို႔က အစၥေရးကို တိုက္ခိုက္လ်က္ရွိသလို အီရန္ေထာက္ခံသည့္ အီရတ္စစ္ေသြးႂကြတို႔ကလည္း အေမရိကန္အေျခစိုက္စခန္းမ်ားကို တိုက္ခိုက္လ်က္ရွိေနၾကသည္။

Related news

© 2021. All rights reserved.