ရှမ်းပြည်၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟု သတင်းရသဖြင့် ဝယ်ယူလိုကြောင်းကို နိုင်ငံခြားသားတစ်ဦးက ပြောဆိုခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌ ဖြေရှင်း

 1814

မြူနစ် (NP News) - ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်အတွင်း၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟု သတင်းရသဖြင့် ၎င်းဓါတ်သတ္တုများကို ဝယ်ယူလိုကြောင်း နိုင်ငံခြားသားတစ်ဦးက ပြောဆိုခဲ့ဖူးသည်ဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က Tai Freedom- Burmese Version လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အထက်ပါကဲ့သို့ ဖြေရှင်းထားခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် ရှမ်းပြည်အတွင်း၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟုသတင်းရသဖြင့် ၎င်းဓါတ်သတ္တုများ ဝယ်ယူလိုကြောင်းကို နိုင်ငံခြားသားတစ်ဦးက ပြောဆိုလာခဲ့ဖူးကြောင်း RCSS ဥက္ကဋ္ဌက ဆို သည်။

သို့သော် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများ ထွက်သည်ကို တစ်ကြိမ်တစ်ခါမျှ မကြားသိရဖူးကြောင်းနှင့် ယူရေနီယံအကြောင်းကိုပင် သိနားလည်းခြင်းမရှိသည့်အတွက် လေ့လာကြည့်ဦးမည်ဟုသာ ပြန်ကြားခဲ့ဖူးကြောင်း ဗိုလ်ချုပ်ယွက်စစ်က ထုတ်ဖော်ဖြေရှင်းထားသည်။

ထို့ပြင် မည်သည့်အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှု မပြုခဲ့ဖူးကြောင်းလည်း ၎င်းက ထပ်မံဖြေရှင်းထားသည်။ ယင်းကဲ့သို့ စွပ်စွဲ ချက်များသည် ရှေးယခင်ကနည်းတူ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် မည်သို့ပတ်သက်သည်ဟု တစ်ဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း RCSS ဥက္ကဋ္ဌက ဆိုသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုထံမှ ရသော နျူကလီးယားဓါတ်သတ္တုပစ္စည်းများကို ရောင်းချရန် ကြိုးပမ်းမှုဖြင့် စွပ်စွဲခံထားရသော ဂျပန်ရာဇဝတ်ဂိုဏ်း ယာကူဇာခေါင်းဆောင်အီဘီဆာဝါကို အမေရိကန်တရားရေးဌာနက စွဲချက်တင်လိုက်ကြောင်း သိရသည်။

လက်နက်ဝယ်ယူနိုင်ရေးအတွက် ယူရေနီယံဓါတ်သတ္တုများကို ၎င်းမှတစ်ဆင့် အရောင်းအဝယ်လုပ်ရန် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ အမည်မဖော်လိုသူခေါင်းဆောင်တစ်ဦးက ၂၀၂၁ ခုနှစ်အတွင်း၌ ပြောဆိုခဲ့ကြောင်း ယာကူဇာခေါင်း ဆောင်အီဘီဆာဝါက ထွက်ဆိုထားသည်ဟု အမေရိကန်တရားရေးဌာနဘက်က ဆိုထားသည်။

အဆိုပါ ယူရေနီယံဓါတ်သတ္တုကိစ္စနှင့်ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RCSS ဥက္ကဋ္ဌက ပါဝင်ပတ်သက်နေသည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်ပြီး ၎င်းသတင်းများနှင့်ပတ်သက်၍ မေးမြန်းရန်အတွက် NP News အနေဖြင့် RCSS အဖွဲ့၏ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးအုမ်ခေးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

zawgyi version
ရွမ္းျပည္၌ ယူေရနီယံဓါတ္သတၱဳထြက္သည္ဟု သတင္းရသျဖင့္ ဝယ္ယူလိုေၾကာင္းကို ႏိုင္ငံျခားသားတစ္ဦးက ေျပာဆိုခဲ့ဖူးေၾကာင္း RCSS ဥကၠ႒ ေျဖရွင္း
ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၂၅

ရွမ္းျပည္အတြင္း၌ ယူေရနီယံဓါတ္သတၱဳထြက္သည္ဟု သတင္းရသျဖင့္ ၎ဓါတ္သတၱဳမ်ားကို ဝယ္ယူလိုေၾကာင္း ႏိုင္ငံျခားသားတစ္ဦးက ေျပာဆိုခဲ့ဖူးသည္ဟု RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က Tai Freedom- Burmese Version လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ အထက္ပါကဲ့သို႔ ေျဖရွင္းထားျခင္းျဖစ္သည္။

လြန္ခဲ့ေသာ ႏွစ္အနည္းငယ္ခန႔္တြင္ ရွမ္းျပည္အတြင္း၌ ယူေရနီယံဓါတ္သတၱဳထြက္သည္ဟုသတင္းရသျဖင့္ ၎ဓါတ္သတၱဳမ်ား ဝယ္ယူလိုေၾကာင္းကို ႏိုင္ငံျခားသားတစ္ဦးက ေျပာဆိုလာခဲ့ဖူးေၾကာင္း RCSS ဥကၠ႒က ဆို သည္။

သို႔ေသာ္ မိမိအေနျဖင့္ မည္သည့္ေနရာေဒသတြင္ အဆိုပါယူေရနီယံမ်ား ထြက္သည္ကို တစ္ႀကိမ္တစ္ခါမွ် မၾကားသိရဖူးေၾကာင္းႏွင့္ ယူေရနီယံအေၾကာင္းကိုပင္ သိနားလည္းျခင္းမရွိသည့္အတြက္ ေလ့လာၾကည့္ဦးမည္ဟုသာ ျပန္ၾကားခဲ့ဖူးေၾကာင္း ဗိုလ္ခ်ဳပ္ယြက္စစ္က ထုတ္ေဖာ္ေျဖရွင္းထားသည္။

ထို႔ျပင္ မည္သည့္အေရာင္းအဝယ္ကိစၥကို မည္သူႏွင့္မွ် တုန႔္ျပန္ေဆြးေႏြးမႈ မျပဳခဲ့ဖူးေၾကာင္းလည္း ၎က ထပ္မံေျဖရွင္းထားသည္။ ယင္းကဲ့သို႔ စြပ္စြဲ ခ်က္မ်ားသည္ ေရွးယခင္ကနည္းတူ မူးယစ္ေဆးဝါးေရာင္းဝယ္မႈႏွင့္ မည္သို႔ပတ္သက္သည္ဟု တစ္ဖက္သတ္စြပ္စြဲခဲ့ဖူးေသာ အရင္းအျမစ္မရွိသည့္ လုပ္ရပ္တစ္ခုသာျဖစ္ေၾကာင္း RCSS ဥကၠ႒က ဆိုသည္။

ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခုထံမွ ရေသာ န်ဴကလီးယားဓါတ္သတၱဳပစၥည္းမ်ားကို ေရာင္းခ်ရန္ ႀကိဳးပမ္းမႈျဖင့္ စြပ္စြဲခံထားရေသာ ဂ်ပန္ရာဇဝတ္ဂိုဏ္း ယာကူဇာေခါင္းေဆာင္အီဘီဆာဝါကို အေမရိကန္တရားေရးဌာနက စြဲခ်က္တင္လိုက္ေၾကာင္း သိရသည္။

လက္နက္ဝယ္ယူႏိုင္ေရးအတြက္ ယူေရနီယံဓါတ္သတၱဳမ်ားကို ၎မွတစ္ဆင့္ အေရာင္းအဝယ္လုပ္ရန္ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕တစ္ခု၏ အမည္မေဖာ္လိုသူေခါင္းေဆာင္တစ္ဦးက ၂၀၂၁ ခုႏွစ္အတြင္း၌ ေျပာဆိုခဲ့ေၾကာင္း ယာကူဇာေခါင္း ေဆာင္အီဘီဆာဝါက ထြက္ဆိုထားသည္ဟု အေမရိကန္တရားေရးဌာနဘက္က ဆိုထားသည္။

အဆိုပါ ယူေရနီယံဓါတ္သတၱဳကိစၥႏွင့္ပတ္သက္၍ ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ RCSS ဥကၠ႒က ပါဝင္ပတ္သက္ေနသည္ဟု သတင္းမ်ားထြက္ေပၚေနျခင္းျဖစ္ၿပီး ၎သတင္းမ်ားႏွင့္ပတ္သက္၍ ေမးျမန္းရန္အတြက္ NP News အေနျဖင့္ RCSS အဖြဲ႕၏ ေျပာခြင့္ရ ဒုဗိုလ္မႉးႀကီးအုမ္ေခးထံ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း မရရွိခဲ့ေပ။

Related news

© 2021. All rights reserved.