ဂျာမနီနိုင်ငံမှာ အသက်ပြည့်ပြီးသူများကို အပန်းဖြေဖို့ ရည်ရွယ်ချက်နဲ့ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပေးမယ်

 378

ဂျန်ဇက် (NP News) - ‌ဖေဖော်ဝါရီ ၂၅

ဂျာမနီလွှတ်တော်အမတ်တွေဟာ ဆေးခြောက်နဲ့ပတ်သက်ပြီး တင်းကြပ်ထားတဲ့ စည်းကမ်းတွေကို ဖြေလျော့ပေးဖို့ အစိုးရရဲ့ အစီအစဉ်တွေကိုခွင့်ပြုပေးလိုက်ကြောင်းသိရပါတယ်။

ဆေးခြောက်ကို အပန်းဖြေစရာရည်ရွယ်ချက် နဲ့ ဝယ်ယူခွင့်ပေးတဲ့ ဆေးခြောက်ကလပ်တွေမှာအဖွဲ့ဝင်တွေအဖြစ် ပါဝင်ခွင့်ပေးဖို့ နဲ့ ဆေး ခြောက်တွေကို အကန့်အသတ်နဲ့ ဝယ်ယူခွင့်ပေးတဲ့တင်းကြပ်မှုတွေကို ဖြေလျော့ပေးမယ့် အစီအစဉ်တွေကိုခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ ဂျာမနီအောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆေးခြောက်ကို ဂျာမနီနိုင်ငံအတွင်း တရားဝင်အသုံးပြုမယ့် အစိုးရရဲ့အစီအစဉ်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၀၇ မဲရှိခဲ့ပြီး ကန့်ကွက်မဲ ၂၂၆ မဲရရှိခဲ့ကာ ကြားနေမဲ ၄ မဲရရှိခဲ့ကြောင်းသိရပါတယ်။

ဂျာမနီကျန်းမာရေးဝန်ကြီးက အစိုးရအနေနဲ့ ဆေးခြောက်နဲ့ပတ်သက်တဲ့မှောင်ခိုဈေးကွက်တွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ကြောင်း၊ ဆေးခြောက်နဲ့ပတ်သက်ပြီး လူငယ်တွေကို ကာကွယ်ပေးမှုတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောပါတယ်။ ဂျာမနီအစိုးရရဲ့ဥပဒေမူကြမ်းထဲမှာ အရွယ်ရောက်ပြီးသား လူငယ်များကို ဆေးခြောက် ၂၅ ဂရမ် တရားဝင်ပိုင်ဆိုင်ခွင့်ပေးရမယ်ဆိုတဲ့အချက်ပါဝင်နေကြောင်းသိရပါတယ်။

ဂျာမနီနိုင်ငံသားတွေဟာ တစ်ဦးကို ဆေးခြောက်သုံးပင်ကိုယ်ပိုင်စိုက်ပျိုးခွင့်ရမှာဖြစ်ပြီး အဲဒီဆေးခြောက်နဲ့ပတ်သက်တဲ့ ဥပဒေက ဧပြီလ ၁ ရက်မှာစတင်သက်ရောက်မှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာနေထိုင်တဲ့ အသက် ၁၈နှစ်ပြည့်သူတွေဟာ ဇူလိုင်လ ၁ရက်မှာစတင်ပြီး ဆေးခြောက်နဲ့ပတ်သက်တဲ့ ကလပ်တွေကို တရားဝင်ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး အဲဒီဆေးခြောက်ကလပ်တစ်ခုစီမှာ အဖွဲ့ဝင် ၅၀၀ အထိ ပါဝင်ခွင့်ပေးမှာဖြစ်ကြောင်းသိရပါတယ်။ တစ်ရက်ကို ဆေးခြောက် ၂၅ ဂရမ် ဝယ်ယူခွင့်ပေးမှာဖြစ်ပေမယ့် လူတစ်ဦးတည်းကို ဆေးခြောက်ကလပ်အများအပြားမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ပေးမှာမဟုတ်ကြောင်း သိရပါတယ်။

zawgyi version
ဂ်ာမနီႏိုင္ငံမွာ အသက္ျပည့္ၿပီးသူမ်ားကို အပန္းေျဖဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေဆးေျခာက္ကို တရားဝင္အသုံးျပဳခြင့္ေပးမယ္
ဂ်န္ဇက္ (NP News) - ‌ေဖေဖာ္ဝါရီ ၂၅

ဂ်ာမနီလႊတ္ေတာ္အမတ္ေတြဟာ ေဆးေျခာက္နဲ႔ပတ္သက္ၿပီး တင္းၾကပ္ထားတဲ့ စည္းကမ္းေတြကို ေျဖေလ်ာ့ေပးဖို႔ အစိုးရရဲ႕ အစီအစဥ္ေတြကိုခြင့္ျပဳေပးလိုက္ေၾကာင္းသိရပါတယ္။

ေဆးေျခာက္ကို အပန္းေျဖစရာရည္႐ြယ္ခ်က္ နဲ႔ ဝယ္ယူခြင့္ေပးတဲ့ ေဆးေျခာက္ကလပ္ေတြမွာအဖြဲ႕ဝင္ေတြအျဖစ္ ပါဝင္ခြင့္ေပးဖို႔ နဲ႔ ေဆး ေျခာက္ေတြကို အကန႔္အသတ္နဲ႔ ဝယ္ယူခြင့္ေပးတဲ့တင္းၾကပ္မႈေတြကို ေျဖေလ်ာ့ေပးမယ့္ အစီအစဥ္ေတြကိုခြင့္ျပဳခဲ့ေၾကာင္းသိရပါတယ္။ ဂ်ာမနီေအာက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ေဆးေျခာက္ကို ဂ်ာမနီႏိုင္ငံအတြင္း တရားဝင္အသုံးျပဳမယ့္ အစိုးရရဲ႕အစီအစဥ္ကို မဲခြဲဆုံးျဖတ္ခဲ့ရာ ေထာက္ခံမဲ ၄၀၇ မဲရွိခဲ့ၿပီး ကန႔္ကြက္မဲ ၂၂၆ မဲရရွိခဲ့ကာ ၾကားေနမဲ ၄ မဲရရွိခဲ့ေၾကာင္းသိရပါတယ္။

ဂ်ာမနီက်န္းမာေရးဝန္ႀကီးက အစိုးရအေနနဲ႔ ေဆးေျခာက္နဲ႔ပတ္သက္တဲ့ေမွာင္ခိုေဈးကြက္ေတြကို တိုက္ဖ်က္ဖို႔ ရည္႐ြယ္ေၾကာင္း၊ ေဆးေျခာက္နဲ႔ပတ္သက္ၿပီး လူငယ္ေတြကို ကာကြယ္ေပးမႈေတြ ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ဖို႔ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။ ဂ်ာမနီအစိုးရရဲ႕ဥပေဒမူၾကမ္းထဲမွာ အ႐ြယ္ေရာက္ၿပီးသား လူငယ္မ်ားကို ေဆးေျခာက္ ၂၅ ဂရမ္ တရားဝင္ပိုင္ဆိုင္ခြင့္ေပးရမယ္ဆိုတဲ့အခ်က္ပါဝင္ေနေၾကာင္းသိရပါတယ္။

ဂ်ာမနီႏိုင္ငံသားေတြဟာ တစ္ဦးကို ေဆးေျခာက္သုံးပင္ကိုယ္ပိုင္စိုက္ပ်ိဳးခြင့္ရမွာျဖစ္ၿပီး အဲဒီေဆးေျခာက္နဲ႔ပတ္သက္တဲ့ ဥပေဒက ဧၿပီလ ၁ ရက္မွာစတင္သက္ေရာက္မွာျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံမွာေနထိုင္တဲ့ အသက္ ၁၈ႏွစ္ျပည့္သူေတြဟာ ဇူလိုင္လ ၁ရက္မွာစတင္ၿပီး ေဆးေျခာက္နဲ႔ပတ္သက္တဲ့ ကလပ္ေတြကို တရားဝင္ဝင္ေရာက္ခြင့္ရမွာျဖစ္ၿပီး အဲဒီေဆးေျခာက္ကလပ္တစ္ခုစီမွာ အဖြဲ႕ဝင္ ၅၀၀ အထိ ပါဝင္ခြင့္ေပးမွာျဖစ္ေၾကာင္းသိရပါတယ္။ တစ္ရက္ကို ေဆးေျခာက္ ၂၅ ဂရမ္ ဝယ္ယူခြင့္ေပးမွာျဖစ္ေပမယ့္ လူတစ္ဦးတည္းကို ေဆးေျခာက္ကလပ္အမ်ားအျပားမွာ အဖြဲ႕ဝင္အျဖစ္ပါဝင္ခြင့္ေပးမွာမဟုတ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.