ရာထူးက အနားယူပြီးနောက် တစ်နှစ်မပြည့်ခင်မှာပဲ နိုင်ငံရေးလောကကို တစ်ကျော့ပြန်ဝင်လာမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်

 963

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅

ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်သွားခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ နိုင်ငံရေးလောကကို တစ်ကျော့ပြန် လာတော့မှာဖြစ်ကြောင်းသိရပါတယ်။

ဟွန်ဆန်ဟာ ကမ္ဘာဒီးယားနိုင်ငံကို နှစ်ပေါင်း ၄၀ နီးပါးကြာ အုပ်ချုပ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ သူရဲ့သားအကြီးဆုံးဖြစ်တဲ့ ဟွန်မာနက်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့ပါတယ်။ ဟွန်ဆန်ဟာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ခဲ့ပေမယ့် ကမ္ဘောဒီးယားနိုင်ငံရေးလောကမှာ သြဇာလွှမ်းမိုးမှု
ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိ ဟွန်ဆန်ဟာ ဘုရင်ဖြစ်သူ ပြည်ပထွက်ချိန်မှာနိုင်ငံကို အကြီးအကဲတစ်ဦးအဖြစ် တာဝန်ယူခွင့်ရမယ့်အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ရည်ရွယ်ထားကြောင်းသိရပါတယ်။ အထက်လွှတ်တော်ကိုယ်စားလှယ်များမဲပေးရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပခဲ့ပြီးနောက် မဲလာပေးသူတစ်ဦးက " ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်သာ အထက်လွှတ်တော်ကိုဦးဆောင်မယ်ဆိုရင် နိုင်ငံဟာ နောက်ထပ် ငြိမ်းချမ်းမှုတွေ နဲ့ ဖွံ့ဖြိုးမှုတွေ ပိုမိုဖြစ်လာမှာပါ"လို့ပြောပါတယ်။

အထက်လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို ဟွန်ဆန် ဦးဆောင်နေတဲ့ ကမ္ဘောဒီးယား အာဏာရပါတီအပါအဝင် ကမ္ဘောဒီးယား နိုင်ငံရေးပါတီကြီးလေးပါတီနဲ့ ပါတီငယ် ၂ ခုတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရပါတယ်။ အထက်လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း ၆၂ နေရာအနက် ၅၈နေရာကို လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများကမဲပေးရွေးချယ်မှာဖြစ်ပါတယ်။

zawgyi version
ရာထူးက အနားယူၿပီးေနာက္ တစ္ႏွစ္မျပည့္ခင္မွာပဲ ႏိုင္ငံေရးေလာကကို တစ္ေက်ာ့ျပန္ဝင္လာမယ့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၅

ၿပီးခဲ့တဲ့ႏွစ္မွာ ဝန္ႀကီးခ်ဳပ္ရာထူးက ႏုတ္ထြက္သြားခဲ့တဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္ဟာ ႏိုင္ငံေရးေလာကကို တစ္ေက်ာ့ျပန္ လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ဟြန္ဆန္ဟာ ကမာၻဒီးယားႏိုင္ငံကို ႏွစ္ေပါင္း ၄၀ နီးပါးၾကာ အုပ္ခ်ဳပ္ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ သူရဲ႕သားအႀကီးဆုံးျဖစ္တဲ့ ဟြန္မာနက္ကို ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ရာထူး လႊဲေျပာင္းေပးခဲ့ပါတယ္။ ဟြန္ဆန္ဟာ ဝန္ႀကီးခ်ဳပ္ရာထူးက ႏုတ္ထြက္ခဲ့ေပမယ့္ ကေမာၻဒီးယားႏိုင္ငံေရးေလာကမွာ ၾသဇာလႊမ္းမိုးမႈ
ရွိေနဆဲျဖစ္ေၾကာင္းသိရပါတယ္။ အသက္ ၇၁ ႏွစ္အ႐ြယ္ရွိ ဟြန္ဆန္ဟာ ဘုရင္ျဖစ္သူ ျပည္ပထြက္ခ်ိန္မွာႏိုင္ငံကို အႀကီးအကဲတစ္ဦးအျဖစ္ တာဝန္ယူခြင့္ရမယ့္အထက္လႊတ္ေတာ္ဥကၠ႒အျဖစ္ တာဝန္ယူဖို႔ ရည္႐ြယ္ထားေၾကာင္းသိရပါတယ္။ အထက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားမဲေပးေ႐ြးခ်ယ္ပြဲကို ေဖေဖာ္ဝါရီလ ၂၅ ရက္က က်င္းပခဲ့ၿပီးေနာက္ မဲလာေပးသူတစ္ဦးက " ဝန္ႀကီးခ်ဳပ္ေဟာင္းဟြန္ဆန္သာ အထက္လႊတ္ေတာ္ကိုဦးေဆာင္မယ္ဆိုရင္ ႏိုင္ငံဟာ ေနာက္ထပ္ ၿငိမ္းခ်မ္းမႈေတြ နဲ႔ ဖြံ႕ၿဖိဳးမႈေတြ ပိုမိုျဖစ္လာမွာပါ"လို႔ေျပာပါတယ္။

အထက္လႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးေကာက္ပြဲကို ဟြန္ဆန္ ဦးေဆာင္ေနတဲ့ ကေမာၻဒီးယား အာဏာရပါတီအပါအဝင္ ကေမာၻဒီးယား ႏိုင္ငံေရးပါတီႀကီးေလးပါတီနဲ႔ ပါတီငယ္ ၂ ခုတို႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္းသိရပါတယ္။ အထက္လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာေပါင္း ၆၂ ေနရာအနက္ ၅၈ေနရာကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနဲ႔ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားကမဲေပးေ႐ြးခ်ယ္မွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.