(၁၅) နှစ်ကျော်တည်ဆောက်လာသည့်အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို (၂၀၂၅- ၂၀၂၆)ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်

 911

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၅

(၁၅)နှစ်ကျော် တည်ဆောက်လာသည့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကို (၂၀၂၅- ၂၀၂၆) ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀ဝ၈-၂၀ဝ၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ စီမံကိန်းမှာ (၁၅)နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။ လက်ရှိတွင် တည်ဆောက်မှုစီမံကိန်းမှာ ၈၂ ရာခိုင် နှုန်းပြီးစီးနေပြီး လာမည့် ၂၀၂၅- ၂၀၂၆ ခုနှစ်တွင် ပြီးစီးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆို ထားသည်။

''အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကို ၂၀ဝ၈- ၂၀ဝ၉ ခုနှစ်မှာ စပြီးတော့ တည် ဆောက်ခဲ့တာပါ။ လက်ရှိမှာတော့လုပ်ငန်းပြီးစီးမှု ၈၂ ရာခိုင်နှုန်းရှိနေပါပြီ။ ၂၀၂၅- ၂၀၂၆ ခုနှစ်မှာ ပြီးစီး မှာဖြစ်ပါတယ်။ စက်တပ်ဆင်အင်အား (၅၁)မဂ္ဂါဝပ်နဲ့ တည်ဆောက်နေတာဖြစ်ပါတယ်"ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယခင်က အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကို လာမည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်ကုန်တွင် အပြီးဆောင်ရွက်ရန် လျာထားခဲ့ခြင်းဖြစ် သည်။ စီမံကိန်းသည် စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိသော စက်(၃) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား(၅၁)မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း(၂၆၇)သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြုစီမံကိန်းလည်း ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄)မိုင်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပါက ရှမ်းပြည်နယ်(တောင်ပိုင်း) အပြင် နိုင်ငံတော် ဓာတ်အား စနစ်သို့ ဆက်လက်ဖြန့်ဖြူးနိုင်ကြောင်း သိရသည်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအပြင် သူဌေးရေအားလျှပ်စစ်စီမံကိန်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်ပငရေအားလျှပ်စစ် စီမံကိန်းနှင့် ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းများ ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
(၁၅) ႏွစ္ေက်ာ္တည္ေဆာက္လာသည့္အထက္က်ိဳင္းေတာင္း ေရအားလွ်ပ္စစ္စီမံကိန္းကို (၂၀၂၅- ၂၀၂၆)ဘ႑ာႏွစ္တြင္ အၿပီးတည္ေဆာက္မည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၅
(၁၅)ႏွစ္ေက်ာ္ တည္ေဆာက္လာသည့္ အထက္က်ိဳင္းေတာင္ေရအားလွ်ပ္စစ္စီမံကိန္းကို (၂၀၂၅- ၂၀၂၆) ဘ႑ာႏွစ္တြင္ အၿပီးတည္ေဆာက္ မည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။

အထက္က်ိဳင္းေတာင္း ေရအားလွ်ပ္စစ္စီမံကိန္းကို ၿပီးခဲ့သည့္ ၂၀ဝ၈-၂၀ဝ၉ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ အဆိုပါ စီမံကိန္းမွာ (၁၅)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္သည္။ လက္ရွိတြင္ တည္ေဆာက္မႈစီမံကိန္းမွာ ၈၂ ရာခိုင္ ႏႈန္းၿပီးစီးေနၿပီး လာမည့္ ၂၀၂၅- ၂၀၂၆ ခုႏွစ္တြင္ ၿပီးစီးႏိုင္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ဆို ထားသည္။

''အထက္က်ိဳင္းေတာင္ေရအားလွ်ပ္စစ္စီမံကိန္းကို ၂၀ဝ၈- ၂၀ဝ၉ ခုႏွစ္မွာ စၿပီးေတာ့ တည္ ေဆာက္ခဲ့တာပါ။ လက္ရွိမွာေတာ့လုပ္ငန္းၿပီးစီးမႈ ၈၂ ရာခိုင္ႏႈန္းရွိေနပါၿပီ။ ၂၀၂၅- ၂၀၂၆ ခုႏွစ္မွာ ၿပီးစီး မွာျဖစ္ပါတယ္။ စက္တပ္ဆင္အင္အား (၅၁)မဂၢါဝပ္နဲ႔ တည္ေဆာက္ေနတာျဖစ္ပါတယ္"ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယခင္က အထက္က်ိဳင္းေတာင္ေရအားလွ်ပ္စစ္စီမံကိန္းကို လာမည့္ ၂၀၂၄- ၂၀၂၅ ဘ႑ာႏွစ္ကုန္တြင္ အၿပီးေဆာင္႐ြက္ရန္ လ်ာထားခဲ့ျခင္းျဖစ္ သည္။ စီမံကိန္းသည္ စက္တပ္ဆင္အင္အား (၁၇) မဂၢါဝပ္ရွိေသာ စက္(၃) လုံးျဖင့္ စုစုေပါင္း စက္တပ္ဆင္အင္အား(၅၁)မဂၢါဝပ္မွ ႏွစ္စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္ နာရီသန္းေပါင္း(၂၆၇)သန္း ထုတ္လုပ္ေပးႏိုင္မည့္ ေဒသအက်ိဳးျပဳစီမံကိန္းလည္း ျဖစ္သည္။

ထို႔ျပင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ က်ိဳင္း ေတာင္းၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၄)မိုင္အကြာ၊ နမ့္တိန္ေခ်ာင္းေပၚတြင္ အေကာင္အထည္ေဖာ္ေနျခင္းျဖစ္ၿပီး စီမံကိန္းလုပ္ငန္းမ်ားၿပီးစီးပါက ရွမ္း ျပည္နယ္(ေတာင္ပိုင္း) အျပင္ ႏိုင္ငံေတာ္ ဓာတ္အား စနစ္သို႔ ဆက္လက္ျဖန႔္ျဖဴးႏိုင္ေၾကာင္း သိရသည္။လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ အထက္ က်ိဳင္းေတာင္း ေရအားလွ်ပ္စစ္စီမံကိန္းအျပင္ သူေဌးေရအားလွ်ပ္စစ္စီမံကိန္း၊ အထက္ရဲ႐ြာ ေရအားလွ်ပ္စစ္စီမံကိန္း၊ နမ့္ပငေရအားလွ်ပ္စစ္ စီမံကိန္းႏွင့္ ေဟြထိုက္ေရအားလွ်ပ္စစ္စီမံကိန္းမ်ား ကိုလည္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.