နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ ကောလာဟလများဖြန့်ကာ ငွေကြေးမတန်တဆတောင်းခံသူများနှင့်ကြားခံပွဲစားများကို အရေးယူမည်

 2822

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၅

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ ကောလာဟလများဖြန့်ကာ ငွေကြေးမတန်တဆတောင်းခံသူများနှင့် ကြားခံပွဲစားများကို အရေးယူသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဖေဖော်ဝါရီလ ၂၀ ရက်တွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သည် နိုင်ငံကူးလက်မှတ် များကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် လူဦးရေ (၂၇၀ဝ)ကို ပုံမှန်အတိုင်းစိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်း တုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေနှင့် ပဲခူးမြို့ များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲများတွင် လည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ် စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ ကောလာ ဟလသတင်းများထွက်ပေါ်လာခဲ့ပြီး နိုင်ငံကူးလက် မှတ်ရယူလိုသူများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် အမှန်တ ကယ်သွားရောက်လိုသူများကို ပုံမှန်လုပ်ငန်းစဉ်များ အတိုင်း ခွင့်ပြုအရေအတွက်ဖြင့် ပုံမှန်ထုတ်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးရုံးကဆိုထားသည်။

ထို့ပြင် ကောလာဟလ သတင်းများဖြန့်၍ ငွေ ကြေးအဆမတန်တောင်းယူသူများနှင့် ကြားခံပွဲစား များကိုလည်း ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ နစကအနေဖြင့် ပြီးခဲ့သော ရက် ပိုင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို အာဏာ တည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် ပြည်တွင်း၌ နိုင်ငံကူးလက်မှတ်လုပ်ကိုင်လာသူ များပြားလာခဲ့သည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးႏွင့္ပတ္သက္၍ ေကာလာဟလမ်ားျဖန႔္ကာ ေငြေၾကးမတန္တဆေတာင္းခံသူမ်ားႏွင့္ၾကားခံပြဲစားမ်ားကို အေရးယူမည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၅

ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးႏွင့္ပတ္သက္၍ ေကာလာဟလမ်ားျဖန႔္ကာ ေငြေၾကးမတန္တဆေတာင္းခံသူမ်ားႏွင့္ ၾကားခံပြဲစားမ်ားကို အေရးယူသြား မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးက သတင္းထုတ္ျပန္လိုက္သည္။

ျမန္မာႏိုင္ငံ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ အထက္ပါကဲ့သို႔ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရးအဖြဲ႕သည္ ႏိုင္ငံကူးလက္မွတ္ မ်ားကို ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး(ရန္ကုန္)တြင္ Online Booking တင္၍ QR စနစ္ျဖင့္ လူဦးေရ (၂၇၀ဝ)ကို ပုံမွန္အတိုင္းစိစစ္ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္၊ ျမစ္ႀကီးနား၊ ဟားခါး၊ လြိဳင္ေကာ္၊ မေကြး၊ မႏၲေလး၊ မုံ႐ြာ၊ ေတာင္ႀကီး၊ က်ိဳင္း တုံ၊ လားရႈိး၊ တာခ်ီလိတ္၊ ဘားအံ၊ ျမဝတီ၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ေကာ့ေသာင္း၊ ပုသိမ္၊ စစ္ေတြႏွင့္ ပဲခူးၿမိဳ႕ မ်ားရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး ႐ုံးခြဲမ်ားတြင္ လည္း သတ္မွတ္လူဦးေရအတိုင္း ႐ုံးဖြင့္ရက္မ်ားတြင္ ေန႔စဥ္ စိစစ္ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္လ်က္ရွိရာ လက္ရွိတြင္ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးႏွင့္ပတ္သက္၍ ေကာလာ ဟလသတင္းမ်ားထြက္ေပၚလာခဲ့ၿပီး ႏိုင္ငံကူးလက္ မွတ္ရယူလိုသူမ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚ လ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ အမွန္တ ကယ္သြားေရာက္လိုသူမ်ားကို ပုံမွန္လုပ္ငန္းစဥ္မ်ား အတိုင္း ခြင့္ျပဳအေရအတြက္ျဖင့္ ပုံမွန္ထုတ္ေပးသြား မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပး ေရး႐ုံးကဆိုထားသည္။

ထို႔ျပင္ ေကာလာဟလ သတင္းမ်ားျဖန႔္၍ ေငြ ေၾကးအဆမတန္ေတာင္းယူသူမ်ားႏွင့္ ၾကားခံပြဲစား မ်ားကိုလည္း ဥပေဒႏွင့္အညီ ေဖာ္ထုတ္အေရးယူ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။ နစကအေနျဖင့္ ၿပီးခဲ့ေသာ ရက္ ပိုင္းအတြင္း၌ ျပည္သူ႔စစ္မႈထမ္းဥပ‌ေဒကို အာဏာ တည္ေၾကာင္း အမိန႔္ထုတ္ျပန္ၿပီးေနာက္ ျပည္တြင္း၌ ႏိုင္ငံကူးလက္မွတ္လုပ္ကိုင္လာသူ မ်ားျပားလာခဲ့သည္။

Related news

© 2021. All rights reserved.