ခြံအမှတ်(၅၄)လေလံကြောင့် ဒေါ်အောင်ဆန်းစုကြည်ပိုင် ကုန်ကားအစီး (၂၀)စာပစ္စည်းများကို မည်သည့်နေရာသို့ ရွှေ့ရမည်မှန်းမသိဖြစ်နေ

 57307

Iris (NP News) - ဖေဖော်ဝါရီ ၂၅

လေလံတင်ရောင်းချရန် အမိန့်ချမှတ်ခံထား ရသော ခြံအမှတ်(၅၄) နေအိမ်ထဲမှ ဒေါ်အောင်ဆန်း စုကြည်ပိုင်ဆိုင်သည့် ကွန်တိန်နာ အလုံး (၂၀) စာ ပစ္စည်းများကို မည်သည့်နေရာသို့ ပို့ဆောင်ထားရမည် မှန်းမသိ ဖြစ်နေကြောင်း အိမ်စောင့်အဖြစ်နေထိုင်ကြသူများနှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ်(၅၄) နေအိမ်ကို သားသမီးများဖြစ်သော ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က အမွေဆိုင်အဖြစ် ခွဲဝေယူရန်အတွက် လေလံတင်ရောင်းချရမည်ဟု ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အတည်ပြုအမိန့်ကြေညာပေးထားပြီးသားဖြစ်သည်။ လေလံ တင်မည့်ကာလမှာ မတ်လ(၂၀)ရက်ဖြစ်သည့် အတွက် ရက်အနည်းငယ်သာ ကျန်တော့သည့် အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော လက်ဆောင်ပစ္စည်းသေတ္တာများကို မည်သည့် နေရာ သို့ ပို့ဆောင်ထားရမည်နည်းဆိုသော မေးခွန်းများ လည်း ထွက်ပေါ်လာနေခြင်းဖြစ်သည်။ "ကွန်တိန်နာ အလုံး ၂၀ စာလောက်ရှိတယ်လို့ သိရတယ်။ ပထမဆုံး အကြိမ်က သိထားတာက ကွန်တိန်နာ(၇)လုံးစာပဲ။ နောက်မှ ထပ်ရောက်လာတာနဲ့ဆိုရင် ကွန်တိန်နာ အစီး(၂၀)စာလို့ သိထားတယ်"ဟု ခြံအမှတ်(၅၄)ကို စောင့်ရှောက်သူများနှင့်နီးစပ်သော သတင်ရင်း မြစ်က ပြောသည်။ ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်သော ခြံအမှတ်(၅၄)နေအိမ်တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း(၃၀)ကျော် နေထိုင်လာခဲ့ပြီး သားဖြစ်သူ ဦးအောင်ဆန်းဦးကမူ နေအိမ်ခြံရှေ့တွင်ပင် လာရောက်ရပ်ကြည့်ခွင့်မရခဲ့ဘဲ တရားရုံးရောက်ပြီးသည့်နောက်မှသာ မိခင်ဖြစ်သူ၏ပိုင်ဆိုင်မှုအမွေကို ခွဲဝေရယူပိုင်ခွင့် ရခဲ့ခြင်းမျိုးဖြစ် သည်။ တရားရုံးဘက်ကလည်း လေလံတင် ရောင်းချခွင့်ကို ဇန်နဝါရီလအတွင်းက ကြေညာပြီးနောက် တရားရုံးအမိန့်စာများကို သက်ဆိုင်ရာတရားရုံး များနှင့် ခြံအမှတ်(၅၄)အိမ်ရှေ့နံရံ၌ ဖေဖော်ဝါရီလ (၈)ရက်တွင် ချိတ်ကပ်အသိပေးခဲ့ကြောင်းလည်း သိရသည်။

"ခြံရှေ့မှာ စာလာကပ်သွားတော့ အိမ်ထဲမှာ အိမ်စောင့်နေပေးတဲ့ ကလေးတွေက ခြံထဲကနေ ထွက်သွားပေးရတော့မယ်လို့ သိထားကြတယ်။ သူတို့လည်း အထုပ်အပိုးလေးတွေ ပြင်ထားတယ်လို့ တော့ ပြောတယ်။ တရားရုံးနဲ့ အစိုးရဘက်ကတော့ သူတို့ကို ခြံထဲက ထွက်သွားဖို့တော့ မပြောသေးဘူးလို့ ကြားတယ်။ လေလံတင်မယ့်ရက်ရောက်ခါနီးရင် တော့ ထွက်ရမယ်ထင်ပါတယ်။ ခက်တာက ဒေါ် အောင်ဆန်းစုကြည်ရဲ့ပစ္စည်းတွေကို ဘယ်သွားထား ရမယ်မှန်း မသိဖြစ်နေတာ"ဟု သတင်းရင်းမြစ်က ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်နေအိမ်မှ ပစ္စည်းများကို နစကဘက်က တာဝန်ယူ၍ နှစ်နှစ် အတွင်း ဆက်တိုက်သယ်ယူပို့ဆောင်ပေးခဲ့သော ပစ္စည်းများမှာ ကုန်ကား အစီး (၂၀) စာအထိ ရှိခဲ့ကြောင်း၊ ခြံအမှတ်(၅၄)အတွင်း၌ ထားရှိသော အဆိုပါ ပစ္စည်းများမှာ ထိန်းသိမ်းသူ နည်းပါးလှသည့်အတွက် ခြကိုက်၍လည်းကောင်း၊ မိုးစို၍လည်းကောင်း ပျက်စီးမှုများ အနည်းငယ်ရှိလာနေသည်ဟု ဆိုသည်။ "ပရိဘောဂတွေလည်း ပါတယ်တဲ့။ အိမ်အခန်းရှိ သမျှနေရာအပြည့်နီးပါးမှာ ထားရတယ်။ တိုက်ပျက် ကြီးထဲမှာလည်း ထားရတယ်။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့အဝတ်တွေချည်းပဲတော့ မဟုတ်ဘူး။ တခြား သော လက်ဆောင်ပစ္စည်းတွေ ပါမှာပေါ့"ဟု သတင်း ရင်းမြစ်က ပြောသည်။ ကုန်ကား အစီး(၂၀)စာ ရှိ သော ပစ္စည်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း ပိုင်ဆိုင်သောပစ္စည်းများမဟုတ်ဘဲ နေပြည်တော်ရှိနေအိမ်နှင့် လရောင်တော စီမံကိန်းတွင် အစောင့်နှင့် အစေအပါးအဖြစ် နေထိုင်သူ(၇)ဦးတို့၏ ပစ္စည်းများလည်း ပါဝင်ကြောင်း ကြားသိရသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ခြံအမှတ် (၅၄)ကို လေလံတင်မည့်ရက်က နီးကပ်လာပြီဖြစ်သည့်အ တွက် လုပ်ငန်းစဉ်သာ အောင်မြင်သွားခဲ့ပါက နှစ်ဧက နီးပါးကျယ်ဝန်းသော ခြံအတွင်းသို့ ရောက်ရှိ နေသည့် ကုန်ကားအစီး(၂၀)စာ ပစ္စည်းများကို တစ်နေရာရာသို့ ဆက်လက်ပြောင်းရွှေ့ရမည်လည်း ဖြစ်သည်။

zawgyi version
ၿခံအမွတ္(၅၄)ေလလံေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ပိုင္ ကုန္ကားအစီး (၂၀)စာပစၥည္းမ်ားကို မည္သည့္ေနရာသို႔ ေ႐ႊ႕ရမည္မွန္းမသိျဖစ္ေန
Iris (NP News) - ေဖေဖာ္ဝါရီ ၂၅

ေလလံတင္ေရာင္းခ်ရန္ အမိန႔္ခ်မွတ္ခံထား ရေသာ ၿခံအမွတ္(၅၄) ေနအိမ္ထဲမွ ေဒၚေအာင္ဆန္း စုၾကည္ပိုင္ဆိုင္သည့္ ကြန္တိန္နာ အလုံး (၂၀) စာ ပစၥည္းမ်ားကို မည္သည့္ေနရာသို႔ ပို႔ေဆာင္ထားရမည္ မွန္းမသိ ျဖစ္ေနေၾကာင္း အိမ္ေစာင့္အျဖစ္ေနထိုင္ၾကသူမ်ားႏွင့္နီးစပ္သူမ်ားထံမွ သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕ တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ေဒၚခင္ၾကည္အမည္ေပါက္ ၿခံအမွတ္(၅၄) ေနအိမ္ကို သားသမီးမ်ားျဖစ္ေသာ ဦးေအာင္ဆန္းဦးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔က အေမြဆိုင္အျဖစ္ ခြဲေဝယူရန္အတြက္ ေလလံတင္ေရာင္းခ်ရမည္ဟု ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္က အတည္ျပဳအမိန႔္ေၾကညာေပးထားၿပီးသားျဖစ္သည္။ ေလလံ တင္မည့္ကာလမွာ မတ္လ(၂၀)ရက္ျဖစ္သည့္ အတြက္ ရက္အနည္းငယ္သာ က်န္ေတာ့သည့္ အခ်ိန္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ပိုင္ဆိုင္ေသာ လက္ေဆာင္ပစၥည္းေသတၱာမ်ားကို မည္သည့္ ေနရာ သို႔ ပို႔ေဆာင္ထားရမည္နည္းဆိုေသာ ေမးခြန္းမ်ား လည္း ထြက္ေပၚလာေနျခင္းျဖစ္သည္။ "ကြန္တိန္နာ အလုံး ၂၀ စာေလာက္ရွိတယ္လို႔ သိရတယ္။ ပထမဆုံး အႀကိမ္က သိထားတာက ကြန္တိန္နာ(၇)လုံးစာပဲ။ ေနာက္မွ ထပ္ေရာက္လာတာနဲ႔ဆိုရင္ ကြန္တိန္နာ အစီး(၂၀)စာလို႔ သိထားတယ္"ဟု ၿခံအမွတ္(၅၄)ကို ေစာင့္ေရွာက္သူမ်ားႏွင့္နီးစပ္ေသာ သတင္ရင္း ျမစ္က ေျပာသည္။ ေဒၚခင္ၾကည္ အမည္ေပါက္ ပိုင္ဆိုင္ေသာ ၿခံအမွတ္(၅၄)ေနအိမ္တြင္ သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္က ႏွစ္ေပါင္း(၃၀)ေက်ာ္ ေနထိုင္လာခဲ့ၿပီး သားျဖစ္သူ ဦးေအာင္ဆန္းဦးကမူ ေနအိမ္ၿခံေရွ႕တြင္ပင္ လာေရာက္ရပ္ၾကည့္ခြင့္မရခဲ့ဘဲ တရား႐ုံးေရာက္ၿပီးသည့္ေနာက္မွသာ မိခင္ျဖစ္သူ၏ပိုင္ဆိုင္မႈအေမြကို ခြဲေဝရယူပိုင္ခြင့္ ရခဲ့ျခင္းမ်ိဳးျဖစ္ သည္။ တရား႐ုံးဘက္ကလည္း ေလလံတင္ ေရာင္းခ်ခြင့္ကို ဇန္နဝါရီလအတြင္းက ေၾကညာၿပီးေနာက္ တရား႐ုံးအမိန႔္စာမ်ားကို သက္ဆိုင္ရာတရား႐ုံး မ်ားႏွင့္ ၿခံအမွတ္(၅၄)အိမ္ေရွ႕နံရံ၌ ေဖေဖာ္ဝါရီလ (၈)ရက္တြင္ ခ်ိတ္ကပ္အသိေပးခဲ့ေၾကာင္းလည္း သိရသည္။

"ၿခံေရွ႕မွာ စာလာကပ္သြားေတာ့ အိမ္ထဲမွာ အိမ္ေစာင့္ေနေပးတဲ့ ကေလးေတြက ၿခံထဲကေန ထြက္သြားေပးရေတာ့မယ္လို႔ သိထားၾကတယ္။ သူတို႔လည္း အထုပ္အပိုးေလးေတြ ျပင္ထားတယ္လို႔ ေတာ့ ေျပာတယ္။ တရား႐ုံးနဲ႔ အစိုးရဘက္ကေတာ့ သူတို႔ကို ၿခံထဲက ထြက္သြားဖို႔ေတာ့ မေျပာေသးဘူးလို႔ ၾကားတယ္။ ေလလံတင္မယ့္ရက္ေရာက္ခါနီးရင္ ေတာ့ ထြက္ရမယ္ထင္ပါတယ္။ ခက္တာက ေဒၚ ေအာင္ဆန္းစုၾကည္ရဲ႕ပစၥည္းေတြကို ဘယ္သြားထား ရမယ္မွန္း မသိျဖစ္ေနတာ"ဟု သတင္းရင္းျမစ္က ေျပာသည္။

အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့သူ ေဒၚေအာင္ဆန္းစုၾကည္၏ ေနျပည္ေတာ္ေနအိမ္မွ ပစၥည္းမ်ားကို နစကဘက္က တာဝန္ယူ၍ ႏွစ္ႏွစ္ အတြင္း ဆက္တိုက္သယ္ယူပို႔ေဆာင္ေပးခဲ့ေသာ ပစၥည္းမ်ားမွာ ကုန္ကား အစီး (၂၀) စာအထိ ရွိခဲ့ေၾကာင္း၊ ၿခံအမွတ္(၅၄)အတြင္း၌ ထားရွိေသာ အဆိုပါ ပစၥည္းမ်ားမွာ ထိန္းသိမ္းသူ နည္းပါးလွသည့္အတြက္ ျခကိုက္၍လည္းေကာင္း၊ မိုးစို၍လည္းေကာင္း ပ်က္စီးမႈမ်ား အနည္းငယ္ရွိလာေနသည္ဟု ဆိုသည္။ "ပရိေဘာဂေတြလည္း ပါတယ္တဲ့။ အိမ္အခန္းရွိ သမွ်ေနရာအျပည့္နီးပါးမွာ ထားရတယ္။ တိုက္ပ်က္ ႀကီးထဲမွာလည္း ထားရတယ္။ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕အဝတ္ေတြခ်ည္းပဲေတာ့ မဟုတ္ဘူး။ တျခား ေသာ လက္ေဆာင္ပစၥည္းေတြ ပါမွာေပါ့"ဟု သတင္း ရင္းျမစ္က ေျပာသည္။ ကုန္ကား အစီး(၂၀)စာ ရွိ ေသာ ပစၥည္းမ်ားထဲတြင္ ေဒၚေအာင္ဆန္းစုၾကည္ တစ္ဦးတည္း ပိုင္ဆိုင္ေသာပစၥည္းမ်ားမဟုတ္ဘဲ ေနျပည္ေတာ္ရွိေနအိမ္ႏွင့္ လေရာင္ေတာ စီမံကိန္းတြင္ အေစာင့္ႏွင့္ အေစအပါးအျဖစ္ ေနထိုင္သူ(၇)ဦးတို႔၏ ပစၥည္းမ်ားလည္း ပါဝင္ေၾကာင္း ၾကားသိရသည္။ သို႔ေသာ္လည္း လက္ရွိအခ်ိန္တြင္ ၿခံအမွတ္ (၅၄)ကို ေလလံတင္မည့္ရက္က နီးကပ္လာၿပီျဖစ္သည့္အ တြက္ လုပ္ငန္းစဥ္သာ ေအာင္ျမင္သြားခဲ့ပါက ႏွစ္ဧက နီးပါးက်ယ္ဝန္းေသာ ၿခံအတြင္းသို႔ ေရာက္ရွိ ေနသည့္ ကုန္ကားအစီး(၂၀)စာ ပစၥည္းမ်ားကို တစ္ေနရာရာသို႔ ဆက္လက္ေျပာင္းေ႐ႊ႕ရမည္လည္း ျဖစ္သည္။

Related news

© 2021. All rights reserved.