စင်ကာပူနိုင်ငံ Prefer ကုမ္ပဏီက ပေါင်မုန့်၊ မုယောစပါး နဲ့ ပဲပျော့ဖတ်တို့မှ ပြုလုပ်တဲ့ ကော်ဖီကို စတင်ထုတ်လုပ်ရောင်းချ

 479

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၅

အသားတုများနည်းတူ ကော်ဖီအစားထိုး ကော်ဖီလည်း ပေါ်ထွက်လာပြီဖြစ်ပြီး အဆိုပါ ကော်ဖီတုကို ပဲပျော့ဖတ်၊ မုယောစပါးနဲ့ ပေါင်မုန့်တွေမှ ပြုလုပ်ထားပါတယ်။

အဆိုပါ ကော်ဖီတုကို Prefer ကုမ္ပဏီမှ ထုတ်လုပ်လာခြင်း ဖြစ်ပါတယ်။ ပဲပျော့ဖတ်၊ မုယောစပါး နဲ့ ပေါင်မုန့်စတဲ့ ပါဝင်ပစ္စည်းတွေကို အစား အသောက်အဆင့်ရှိ အဏုဇီဝပိုးမွှားတွေနဲ့ ရောစပ်ပြီး အနံ့နဲ့ အရသာအတွက် မီးကင်ကာ ဖန်တီးပြုပြင်ထားခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် တစ်ခုလုံး ၄၈ နာရီခန့်သာ ကြာမြင့်ပါတယ်။ ဒီကော်ဖီဟာ ကဖင်းဓာတ် ကင်းစင်တဲ့ ကော်ဖီဖြစ်ပေမယ့် ကိုယ်လိုချင်တဲ့ ကဖင်းဓာတ်ထည့်သွင်းပြီး ချိန်ညှိသောက်သုံးနိုင်ပြီး ကော်ဖီစက်နဲ့ အခြားအပိုအဆင့်တွေ အသုံးပြုစရာ မလိုဘဲ အချိန်တိုအတွင်း တကယ့်အစစ် ကော်ဖီလို ခံစားရစေမှာဖြစ်ပါတယ်။

Prefer ရဲ့ ဒီထုတ်ကုန်တွေကို SaladStop၊ Foreword Coffee Roasters၊ Coexist Coffee နဲ့ Dough အပါအဝင် အစားအသောက်နဲ့ အဖျော်ယမကာ (F&B) ဆိုင်ခွဲ ၁၄ ခုမှာ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ Prefer ကုမၸဏီက ေပါင္မုန႔္၊ မုေယာစပါး နဲ႔ ပဲေပ်ာ့ဖတ္တို႔မွ ျပဳလုပ္တဲ့ ေကာ္ဖီကို စတင္ထုတ္လုပ္ေရာင္းခ်
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၅

အသားတုမ်ားနည္းတူ ေကာ္ဖီအစားထိုး ေကာ္ဖီလည္း ေပၚထြက္လာၿပီျဖစ္ၿပီး အဆိုပါ ေကာ္ဖီတုကို ပဲေပ်ာ့ဖတ္၊ မုေယာစပါးနဲ႔ ေပါင္မုန္႔ေတြမွ ျပဳလုပ္ထားပါတယ္။

အဆိုပါ ေကာ္ဖီတုကို Prefer ကုမၸဏီမွ ထုတ္လုပ္လာျခင္း ျဖစ္ပါတယ္။ ပဲေပ်ာ့ဖတ္၊ မုေယာစပါး နဲ႔ ေပါင္မုန္႔စတဲ့ ပါဝင္ပစၥည္းေတြကို အစား အေသာက္အဆင့္ရွိ အဏုဇီဝပိုးမႊားေတြနဲ႔ ေရာစပ္ၿပီး အနံ႔နဲ႔ အရသာအတြက္ မီးကင္ကာ ဖန္တီးျပဳျပင္ထားျခင္း ျဖစ္ပါတယ္။ ဒီလုပ္ငန္းစဥ္ တစ္ခုလုံး ၄၈ နာရီခန႔္သာ ၾကာျမင့္ပါတယ္။ ဒီေကာ္ဖီဟာ ကဖင္းဓာတ္ ကင္းစင္တဲ့ ေကာ္ဖီျဖစ္ေပမယ့္ ကိုယ္လိုခ်င္တဲ့ ကဖင္းဓာတ္ထည့္သြင္းၿပီး ခ်ိန္ညႇိေသာက္သုံးႏိုင္ၿပီး ေကာ္ဖီစက္နဲ႔ အျခားအပိုအဆင့္ေတြ အသုံးျပဳစရာ မလိုဘဲ အခ်ိန္တိုအတြင္း တကယ့္အစစ္ ေကာ္ဖီလို ခံစားရေစမွာျဖစ္ပါတယ္။

Prefer ရဲ႕ ဒီထုတ္ကုန္ေတြကို SaladStop၊ Foreword Coffee Roasters၊ Coexist Coffee နဲ႔ Dough အပါအဝင္ အစားအေသာက္နဲ႔ အေဖ်ာ္ယမကာ (F&B) ဆိုင္ခြဲ ၁၄ ခုမွာ ရရွိႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.