ရုရှားအတွက် အိန္ဒိယနိုင်ငံသားတွေ စစ်ပွဲမှာပါဝင်တိုက်ခိုက်ပေးနေဟုဆို

 452

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅

အိန္ဒိယနိုင်ငံသားအချို့ဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားနိုင်ငံဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက "အိန္ဒိယနိုင်ငံသားတွေဟာ ရုရှားစစ်တပ်ကို အားပေးထောက်ခံမှုနဲ့အလုပ်လုပ်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့တယ်" လို့ဆိုပါတယ်။ အိန္ဒိယအစိုးရဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ဘယ်နှစ်ဦး ရုရှားဘက်က ပါဝင်တိုက်ခိုက်ပေးနေသလဲဆိုတဲ့အချက်ကို အသေးစိတ်ထုတ်ပြန်တာမျိုးတော့မရှိခဲ့ကြောင်းသိရပါတယ်။

ဒူဘိုင်း အခြေစိုက် လူသစ်စုဆောင်ရေးအုပ်စုများသည် အိန္ဒိယနိုင်ငံသားများကို တရားမဝင်လူသစ်စုဆောင်းပြီး ရုရှားနိုင်ငံကူး လက်မှတ်ထုတ်ပေးကာရုရှားနိုင်ငံကို ပို့ဆောင်ခြင်းများရှိခဲ့ကာ ရုရှားစစ်တပ်က လက်နက်နှင့်ကျည်ဆံများအသုံးပြုတတ်စေရန် သင်ကြားပေးပြီး ရှေ့တန်းသို့ ပို့ဆောင်ခြင်းများရှိခဲ့တယ်လို့သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံသား အနည်းဆုံး ၁၀၀ ခန့် ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားစစ်တပ်က ပါဝင်တိုက်ခိုက်ပေးဖို့စာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်ကြာမြင့်နေပြီဖြစ်ရာ နှစ်ဖက်စလုံးဟာ လူသူ၊ လက်နက်၊ ခဲယမ်းမီးကျောက်ကုန်ခမ်းမှုတွေရှိလာခဲ့ရာ ကြေးစားစစ်သားတွေကိုခေါ်ယူအသုံးပြုခြင်း၊ အခြားနိုင်ငံသားတွေကို ခေါ်ယူခြင်းများရှိနေကြောင်းသိရပါတယ်။

ရုရှားနဲ့ ယူကရိန်းကြားစစ်ပွဲဖြစ်ပွားနေချိန်အတွင်း အပစ်ခတ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်နိုင်ခြင်းမရှိဘဲ လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲက အချိန် (၁၀) နှစ်ကြာတောင် အဆုံးသတ်မှာမဟုတ်ကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက် မီဒီယာတွေကဖော်ပြထားပါတယ်။zawgyi

zawgyi version
႐ုရွားအတြက္ အိႏၵိယႏိုင္ငံသားေတြ စစ္ပြဲမွာပါဝင္တိုက္ခိုက္ေပးေနဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၅

အိႏၵိယႏိုင္ငံသားအခ်ိဳ႕ဟာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားႏိုင္ငံဘက္ကေန ပါဝင္တိုက္ခိုက္ေပးေနတယ္လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက "အိႏၵိယႏိုင္ငံသားေတြဟာ ႐ုရွားစစ္တပ္ကို အားေပးေထာက္ခံမႈနဲ႔အလုပ္လုပ္ဖို႔အတြက္ လက္မွတ္ေရးထိုးခဲ့တယ္" လို႔ဆိုပါတယ္။ အိႏၵိယအစိုးရဟာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း အိႏၵိယႏိုင္ငံသား ဘယ္ႏွစ္ဦး ႐ုရွားဘက္က ပါဝင္တိုက္ခိုက္ေပးေနသလဲဆိုတဲ့အခ်က္ကို အေသးစိတ္ထုတ္ျပန္တာမ်ိဳးေတာ့မရွိခဲ့ေၾကာင္းသိရပါတယ္။

ဒူဘိုင္း အေျခစိုက္ လူသစ္စုေဆာင္ေရးအုပ္စုမ်ားသည္ အိႏၵိယႏိုင္ငံသားမ်ားကို တရားမဝင္လူသစ္စုေဆာင္းၿပီး ႐ုရွားႏိုင္ငံကူး လက္မွတ္ထုတ္ေပးကာ႐ုရွားႏိုင္ငံကို ပို႔ေဆာင္ျခင္းမ်ားရွိခဲ့ကာ ႐ုရွားစစ္တပ္က လက္နက္ႏွင့္က်ည္ဆံမ်ားအသုံးျပဳတတ္ေစရန္ သင္ၾကားေပးၿပီး ေရွ႕တန္းသို႔ ပို႔ေဆာင္ျခင္းမ်ားရွိခဲ့တယ္လို႔သတင္းေတြလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ အိႏၵိယႏိုင္ငံသား အနည္းဆုံး ၁၀၀ ခန႔္ ၿပီးခဲ့တဲ့ႏွစ္အတြင္း ႐ုရွားစစ္တပ္က ပါဝင္တိုက္ခိုက္ေပးဖို႔စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့တယ္လို႔ သတင္းေတြမွာေဖာ္ျပထားပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ အခ်ိန္ ၂ ႏွစ္ၾကာျမင့္ေနၿပီျဖစ္ရာ ႏွစ္ဖက္စလုံးဟာ လူသူ၊ လက္နက္၊ ခဲယမ္းမီးေက်ာက္ကုန္ခမ္းမႈေတြရွိလာခဲ့ရာ ေၾကးစားစစ္သားေတြကိုေခၚယူအသုံးျပဳျခင္း၊ အျခားႏိုင္ငံသားေတြကို ေခၚယူျခင္းမ်ားရွိေနေၾကာင္းသိရပါတယ္။

႐ုရွားနဲ႔ ယူကရိန္းၾကားစစ္ပြဲျဖစ္ပြားေနခ်ိန္အတြင္း အပစ္ခတ္ရပ္စဲဖို႔၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ လုပ္ေဆာင္ႏိုင္ျခင္းမရွိဘဲ လက္ရွိအခ်ိန္အထိ တိုက္ခိုက္ေနဆဲျဖစ္ပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲက အခ်ိန္ (၁၀) ႏွစ္ၾကာေတာင္ အဆုံးသတ္မွာမဟုတ္ေၾကာင္း ဘဂၤလားေဒရွ႕္အေျခစိုက္ မီဒီယာေတြကေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.