နေပြည်တော် အပါအဝင် မြို့(၄)ခု၌ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို Online Booking စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း အသိပေး

 1989

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၅

နေပြည်တော် အပါအဝင် မြို့(၄)ခု၌ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို Online မှ Booking စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရုံးက ဖေဖော်ဝါရီလ(၂၄)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဥ်အတိုင်း စိစစ်ထုတ်ပေးနေပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် လူဦးရေ(၂၇၀၀)ကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင်လည်း သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ(၂၆)ရက်မှစ၍ မန္တလေး၊ ပုသိမ်၊ နေပြည်တော် နှင့် ပဲခူးရုံးခွဲတို့တွင် ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးရှိ အိမ်ထောင်စုစာရင်းဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအတွက် အဆင်ပြေစေရန် KBZPay / MPU Card ဖြင့် ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်)၊ နံနက်(၉)နာရီမှစ၍ Online မှ Booking တင်၍ Appointment Date ရယူဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Online မှ Booking တင်ရာ၌ အထက်ပါပြည်နယ်/ တိုင်းဒေသကြီးရှိ အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါက Booking ရသော်လည်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဆိုထားသည်။

Online မှ Booking ရရှိပြီးသူများ၏ နိုင်ငံကူးလက်မှတ် လာ‌ရောက်လျှောက်ထားမှုအား လဝကမှ စိစစ်ထားသော UID နံပါတ်များရှိပါက တစ်ပါတည်းယူ ဆောင်လာရမည်ဖြစ်ပြီး Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားရန် အသိပေးထားသည်။

ထိုသို့ KBZPay / MPU Card ဖြင့် ငွေပေးချေခြင်းကြောင့် ကြားခံပွဲစား/အကျိုးဆောင်များ မလိုအပ်ပဲ ကာယကံရှင်ကိုယ်တိုင်သာ လျှောက်ထားနိုင်ရေး စီစဥ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။

zawgyi version
ေနျပည္ေတာ္ အပါအဝင္ ၿမိဳ႕(၄)ခု၌ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈကို Online Booking စနစ္ျဖင့္ ေဆာင္႐ြက္ႏိုင္ေၾကာင္း အသိေပး

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၅

ေနျပည္ေတာ္ အပါအဝင္ ၿမိဳ႕(၄)ခု၌ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈကို Online မွ Booking စနစ္ျဖင့္ ေဆာင္႐ြက္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပး႐ုံးက ေဖေဖာ္ဝါရီလ(၂၄)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ားအား ပုံမွန္လုပ္ငန္းစဥ္အတိုင္း စိစစ္ထုတ္ေပးေနၿပီး ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး(ရန္ကုန္)တြင္ Online Booking တင္၍ QR စနစ္ျဖင့္ လူဦးေရ(၂၇၀၀)ကို ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္၊ ျမစ္ႀကီးနား၊ ဟားခါး၊ လြိဳင္ေကာ္၊ မေကြး၊ မႏၲေလး၊ မုံ႐ြာ၊ ေတာင္ႀကီး၊ က်ိဳင္းတုံ၊ လားရႈိး၊ တာခ်ီလိတ္၊ ဘားအံ၊ ျမဝတီ၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ေကာ့ေသာင္း၊ ပုသိမ္၊ စစ္ေတြ၊ ပဲခူးၿမိဳ႕မ်ားရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးခြဲမ်ားတြင္လည္း သတ္မွတ္လူဦးေရအတိုင္း ႐ုံးဖြင့္ရက္မ်ားတြင္ ေန႔စဥ္လက္ခံေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ေပးလ်က္ရွိရာ ေဖေဖာ္ဝါရီလ(၂၆)ရက္မွစ၍ မႏၲေလး၊ ပုသိမ္၊ ေနျပည္ေတာ္ ႏွင့္ ပဲခူး႐ုံးခြဲတို႔တြင္ ေဆာင္႐ြက္ႏိုင္မည့္ သက္ဆိုင္ရာျပည္နယ္/ တိုင္းေဒသႀကီးရွိ အိမ္ေထာင္စုစာရင္းဝင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူမ်ားအတြက္ အဆင္ေျပေစရန္ KBZPay / MPU Card ျဖင့္ ယေန႔(ေဖေဖာ္ဝါရီလ ၂၅ ရက္)၊ နံနက္(၉)နာရီမွစ၍ Online မွ Booking တင္၍ Appointment Date ရယူေဆာင္႐ြက္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Online မွ Booking တင္ရာ၌ အထက္ပါျပည္နယ္/ တိုင္းေဒသႀကီးရွိ အိမ္ေထာင္စုစာရင္းဝင္သူမ်ားမဟုတ္ပါက Booking ရေသာ္လည္း ေဆာင္႐ြက္ေပးမည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ဆိုထားသည္။

Online မွ Booking ရရွိၿပီးသူမ်ား၏ ႏိုင္ငံကူးလက္မွတ္ လာ‌ေရာက္ေလွ်ာက္ထားမႈအား လဝကမွ စိစစ္ထားေသာ UID နံပါတ္မ်ားရွိပါက တစ္ပါတည္းယူ ေဆာင္လာရမည္ျဖစ္ၿပီး Booking တင္ရာတြင္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕ Website ၏ www.passport.gov.mm တြင္ ဝင္ေရာက္ေလွ်ာက္ထားရန္ အသိေပးထားသည္။

ထိုသို႔ KBZPay / MPU Card ျဖင့္ ေငြေပးေခ်ျခင္းေၾကာင့္ ၾကားခံပြဲစား/အက်ိဳးေဆာင္မ်ား မလိုအပ္ပဲ ကာယကံရွင္ကိုယ္တိုင္သာ ေလွ်ာက္ထားႏိုင္ေရး စီစဥ္ထားျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.