ဒေါ်ဇင်မာအောင်၊ ကိုပေါက်၊ ချစ်သုဝေတို့ အပါအဝင် မိသားစုပေါင်း (၁၀ဝ) ကျော် အမေရိကန်တွင် ခိုလှုံခွင့်လျှောက်ထားမှု ပယ်ချခံရ

 47771

Iris (NP News) - ဖေဖော်ဝါရီ ၂၆

နာမည်ကျော်များဖြစ်သော ဒေါ်ဇင်မာအောင်၊ ဦးမိုးဇော်ဦး၊ နေဘုန်းလတ်၊ ချစ်သုဝေနှင့် လင်းလင်း အပါအဝင် မိသားစုပေါင်း (၁၀ဝ) ကျော်က အမေရိ ကန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့် (Asylum) လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံလိုက်ရပြီး အခြားသောနိုင်ငံများကို ထပ်မံကြိုးစားနေကြကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာ၏ နောက်ဆက်တွဲအဖြစ် နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များနှင့် လူ့စွမ်းအားရင်းမြစ်များစွာက နိုင်ငံတွင်းမှထွက်ပြေးတိမ်းရှောင်သွားခဲ့ ကြပြီး အခြားသော နိုင်ငံများတွင် ခိုလှုံခွင့်လျှောက်ထားခြင်း၊ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြန်လည်ကြားသိနေရသည်။ နိုင်ငံရေးဖြစ်စဉ် အစောပိုင်းကာလများ၌ အချို့သောပုဂ္ဂိုလ်များမှာ နိုင်ငံရေးဖိနှိပ်မှုခေါင်းစဉ်အောက်မှတစ်ဆင့် မြန်မာ့တပ်မတော်အကြောင်းကို ဇာတ်လမ်းဆင်ရေးသား၍ အခြားသော နိုင်ငံများထံ နေထိုင်ခွင့်များကို လွယ်လွယ်ရရှိခဲ့ကြဖူးကြောင်းလည်း သိရသည်။ “မိသားစု ၁၀၃ စုလောက် ပယ်ချခံရတယ်လို့ ကြားရတယ်။ အမေရိကန်မှာ ခိုလှုံခွင့်(Asylum) မရဘူး ဖြစ်နေတယ်။ အဲဒီအထဲမှာ NLD ထဲက အမျိုးသမီးရေးရာ NGO လုပ်ငန်းတွေလုပ်တဲ့ ခင်လေးတို့ မိသားစုလည်း ပါတယ်လို့ ကြားတယ်”ဟု ခိုလှုံခွင့် ပယ်ချခံရမှုအကြောင်းကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးဒုက္ခသည် အဖြစ် နေထိုင်ခိုလှုံခွင့်လျှောက်ထားခဲ့သော်လည်း မရရှိခဲ့သော လူပုဂ္ဂိုလ်များထဲတွင် NUG မှ ဒေါ်ဇင်မာအောင်၊ ဦးမိုးဇော်ဦး၊ ဦးနေဘုန်းလတ်၊ ဦးကျော်နီ၊ ဒေါ်အိသဉ္ဇာ မောင်တို့ ပါဝင်နေသကဲ့သို့ အခြားသော ထင်ရှားသည့် ပုဂ္ဂိုလ်အများအပြားလည်း ပါဝင်နေကြောင်း ကြားသိရသည်။ “ချစ်သုဝေတို့ လင်မယား မိသားစု၊ ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်၊ ဇင်မာအောင်တို့ မိသားစု၊ ဦးရောဘတ်စန်းအောင်ဆို တစ်ယောက်တည်း၊ ဘိုဘိုဦးတို့လင်မယား၊ အင်းစိန် NLD က မောင်မောင်ဦးတို့ မိသားစုဆိုရင် အမေရိကန်ဗီဇာ Hold လုပ်ခံထားရတယ်။ NLD က ရီရီမြတို့ လင်မယား၊ နေဘုန်းလတ်တို့ ကြည်ပြာတို့၊ ထွန်းမြင့်တို့၊ လှိုင်သာယာက ဝင်းမောင်၊ မြတ်မင်းသူ၊ ခရမ်းက သိန်းဇော်လတ်၊ ဦးဝင်းထိန်ရဲ့ညီ မိသားစု၊ NUG ဒုဝန် ကြီးကျော်နီတို့ပါတယ်။ MRTV က ကျော်သက်လင်း လည်းပါတယ်။ NUG က လူငယ်ရေးရာ အိသဉ္ဇာမောင်လည်းပါတယ်။ စည်သူမောင်ဆိုရင် မိသားစုတွေက အမေရိကန်မှာ ရောက်နေပေမဲ့ သူ့ကျမှ အပယ်ခံရတာ”ဟု သတင်းရင်းမြစ်က ဆက်လက် ပြောကြားသည်။

အမေရိကန်ခိုလှုံခွင့် ပယ်ချခံရမှုဖြစ်စဉ်မှာ ယခု တစ်ကြိမ်တည်းမဟုတ်ဘဲ အစုအဖွဲ့အလိုက် အကြိမ် ကြိမ်ပယ်ချခံရခြင်းမျိုးဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်ထိတိုင် ပယ်ချခံရသောအဖွဲ့များ ဆက်လက်ထွက်ပေါ်နေခဲ့ကြောင်း ကြားသိရသည်။ ယင်းအတွက်ကြောင့် အမေရိကန်တွင် နေထိုင်ခိုလှုံ ခွင့်အစား ဩစတြေးလျနိုင်ငံသို့ လျှောက်ထားကြရန် ပြင်ဆင်နေကြကြောင်း၊ အချို့မှာ ဥရောပအခြေစိုက် ချက်ရီပတ်ဘလစ် (Czech Republic) တွင် ခိုလှုံခွင့်ရရန် ဆက်လက်ကြိုးစားနေကြဆဲဖြစ်ကြောင်း သိရ သည်။ “မိုးဇော်ဦးဆိုရင် အရင်က Czech Republic ကတ် ကိုင်ထားတာ။ အခုကျတော့ ဟိုဘက်က ကန့်သတ်လိုက်ပြီလို့ ယူဆရတယ်။ အခုတော့ သူတို့ အားလုံး နိုင်ငံမဲ့သွားတာပေါ့”ဟု သတင်းရင်းမြစ်က ပြောသည်။ အခြားသောသတင်းရင်းမြစ်တို့၏ အဆို အရ အမေရိကန်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင် ခွင့်ကို အိမ့်ပိုးဥခေါ် ပန်ဆယ်လိုလည်း ရရှိထားခြင်း မရှိကြောင်း၊ လက်ရှိနေထိုင်သည့်ပုံစံမှာ အခြားသော ခေါင်းစဉ်တစ်ခုခုအောက်မှ ဖြစ်နိုင်ကြောင်း ကြားသိရသည်။

ကုလသမဂ္ဂက သတ်မှတ်ထားသော ဒုက္ခသည် ခံယူ၍ ခိုလှုံခွင့်တွင် ၁၉၅၁ Refugee Convention နှင့် ၁၉၆၇ Protocol အရ သတ်မှတ်ချက်များရှိထားပြီး မွေးဖွားနေထိုင်ရာ နိုင်ငံတစ်နိုင်ငံ၌ နိုင်ငံရေး၊ စစ်ရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုကြီးမားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ကာ ခိုလှုံခွင့်တောင်းခံခြင်းမျိုး ဖြစ်သည်။ ယင်းကဲ့သို့ ဘေးဒုက္ခတစ်ခုခုကြောင့် တိမ်း ရှောင်ခိုလှုံလာသူများကိုလည်း ကုလပဋိညာဉ်အရ စာချုပ်လက်မှတ်ထိုးထားသောနိုင်ငံများက အစီအစဉ်ရေးဆွဲ၍ လက်ခံပေးရခြင်းမျိုးဖြစ်ကြောင်း၊ ဒုက္ခသည် ခိုလှုံရေးအတွက်ကိုလည်း လျှောက်လွှာပြင်ဆင်ရေးသားပေးသူနှင့် လျှောက်ထားပေးသူများက နယ်စပ် များတွင် အခကြေးငွေယူ၍ ဆောင်ရွက်ပေးနေကြောင်း ကြားသိရသည်။

zawgyi version
ေဒၚဇင္မာေအာင္၊ ကိုေပါက္၊ ခ်စ္သုေဝတို႔ အပါအဝင္ မိသားစုေပါင္း (၁၀ဝ) ေက်ာ္ အေမရိကန္တြင္ ခိုလႈံခြင့္ေလွ်ာက္ထားမႈ ပယ္ခ်ခံရ
Iris (NP News) - ေဖေဖာ္ဝါရီ ၂၆

နာမည္ေက်ာ္မ်ားျဖစ္ေသာ ေဒၚဇင္မာေအာင္၊ ဦးမိုးေဇာ္ဦး၊ ေနဘုန္းလတ္၊ ခ်စ္သုေဝႏွင့္ လင္းလင္း အပါအဝင္ မိသားစုေပါင္း (၁၀ဝ) ေက်ာ္က အေမရိ ကန္ႏိုင္ငံတြင္ ဒုကၡသည္အျဖစ္ ခိုလႈံခြင့္ (Asylum) ေလွ်ာက္ထားခဲ့ေသာ္လည္း ျငင္းပယ္ခံလိုက္ရၿပီး အျခားေသာႏိုင္ငံမ်ားကို ထပ္မံႀကိဳးစားေနၾကေၾကာင္း သတင္းရရွိသည္။

၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျပႆနာ၏ ေနာက္ဆက္တြဲအျဖစ္ ႏိုင္ငံေရး သမားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ အႏုပညာရွင္မ်ားႏွင့္ လူ႔စြမ္းအားရင္းျမစ္မ်ားစြာက ႏိုင္ငံတြင္းမွထြက္ေျပးတိမ္းေရွာင္သြားခဲ့ ၾကၿပီး အျခားေသာ ႏိုင္ငံမ်ားတြင္ ခိုလႈံခြင့္ေလွ်ာက္ထားျခင္း၊ အၿမဲတမ္းေနထိုင္ခြင့္ေလွ်ာက္ထားျခင္းမ်ား လုပ္ေဆာင္ခဲ့ၾကေၾကာင္း ႏိုင္ငံေရးအသိုင္းအဝိုင္းမွ ျပန္လည္ၾကားသိေနရသည္။ ႏိုင္ငံေရးျဖစ္စဥ္ အေစာပိုင္းကာလမ်ား၌ အခ်ိဳ႕ေသာပုဂၢိဳလ္မ်ားမွာ ႏိုင္ငံေရးဖိႏွိပ္မႈေခါင္းစဥ္ေအာက္မွတစ္ဆင့္ ျမန္မာ့တပ္မေတာ္အေၾကာင္းကို ဇာတ္လမ္းဆင္ေရးသား၍ အျခားေသာ ႏိုင္ငံမ်ားထံ ေနထိုင္ခြင့္မ်ားကို လြယ္လြယ္ရရွိခဲ့ၾကဖူးေၾကာင္းလည္း သိရသည္။ “မိသားစု ၁၀၃ စုေလာက္ ပယ္ခ်ခံရတယ္လို႔ ၾကားရတယ္။ အေမရိကန္မွာ ခိုလႈံခြင့္(Asylum) မရဘူး ျဖစ္ေနတယ္။ အဲဒီအထဲမွာ NLD ထဲက အမ်ိဳးသမီးေရးရာ NGO လုပ္ငန္းေတြလုပ္တဲ့ ခင္ေလးတို႔ မိသားစုလည္း ပါတယ္လို႔ ၾကားတယ္”ဟု ခိုလႈံခြင့္ ပယ္ခ်ခံရမႈအေၾကာင္းကို သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။ အေမရိကန္ႏိုင္ငံတြင္ ႏိုင္ငံေရးဒုကၡသည္ အျဖစ္ ေနထိုင္ခိုလႈံခြင့္ေလွ်ာက္ထားခဲ့ေသာ္လည္း မရရွိခဲ့ေသာ လူပုဂၢိဳလ္မ်ားထဲတြင္ NUG မွ ေဒၚဇင္မာေအာင္၊ ဦးမိုးေဇာ္ဦး၊ ဦးေနဘုန္းလတ္၊ ဦးေက်ာ္နီ၊ ေဒၚအိသၪၨာ ေမာင္တို႔ ပါဝင္ေနသကဲ့သို႔ အျခားေသာ ထင္ရွားသည့္ ပုဂၢိဳလ္အမ်ားအျပားလည္း ပါဝင္ေနေၾကာင္း ၾကားသိရသည္။ “ခ်စ္သုေဝတို႔ လင္မယား မိသားစု၊ ႐ုပ္ရွင္ဒါ႐ိုက္တာ ကိုေပါက္၊ ဇင္မာေအာင္တို႔ မိသားစု၊ ဦးေရာဘတ္စန္းေအာင္ဆို တစ္ေယာက္တည္း၊ ဘိုဘိုဦးတို႔လင္မယား၊ အင္းစိန္ NLD က ေမာင္ေမာင္ဦးတို႔ မိသားစုဆိုရင္ အေမရိကန္ဗီဇာ Hold လုပ္ခံထားရတယ္။ NLD က ရီရီျမတို႔ လင္မယား၊ ေနဘုန္းလတ္တို႔ ၾကည္ျပာတို႔၊ ထြန္းျမင့္တို႔၊ လႈိင္သာယာက ဝင္းေမာင္၊ ျမတ္မင္းသူ၊ ခရမ္းက သိန္းေဇာ္လတ္၊ ဦးဝင္းထိန္ရဲ႕ညီ မိသားစု၊ NUG ဒုဝန္ ႀကီးေက်ာ္နီတို႔ပါတယ္။ MRTV က ေက်ာ္သက္လင္း လည္းပါတယ္။ NUG က လူငယ္ေရးရာ အိသၪၨာေမာင္လည္းပါတယ္။ စည္သူေမာင္ဆိုရင္ မိသားစုေတြက အေမရိကန္မွာ ေရာက္ေနေပမဲ့ သူ႔က်မွ အပယ္ခံရတာ”ဟု သတင္းရင္းျမစ္က ဆက္လက္ ေျပာၾကားသည္။

အေမရိကန္ခိုလႈံခြင့္ ပယ္ခ်ခံရမႈျဖစ္စဥ္မွာ ယခု တစ္ႀကိမ္တည္းမဟုတ္ဘဲ အစုအဖြဲ႕အလိုက္ အႀကိမ္ ႀကိမ္ပယ္ခ်ခံရျခင္းမ်ိဳးျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ေနာက္ဆုံးပတ္ထိတိုင္ ပယ္ခ်ခံရေသာအဖြဲ႕မ်ား ဆက္လက္ထြက္ေပၚေနခဲ့ေၾကာင္း ၾကားသိရသည္။ ယင္းအတြက္ေၾကာင့္ အေမရိကန္တြင္ ေနထိုင္ခိုလႈံ ခြင့္အစား ဩစေၾတးလ်ႏိုင္ငံသို႔ ေလွ်ာက္ထားၾကရန္ ျပင္ဆင္ေနၾကေၾကာင္း၊ အခ်ိဳ႕မွာ ဥေရာပအေျခစိုက္ ခ်က္ရီပတ္ဘလစ္ (Czech Republic) တြင္ ခိုလႈံခြင့္ရရန္ ဆက္လက္ႀကိဳးစားေနၾကဆဲျဖစ္ေၾကာင္း သိရ သည္။ “မိုးေဇာ္ဦးဆိုရင္ အရင္က Czech Republic ကတ္ ကိုင္ထားတာ။ အခုက်ေတာ့ ဟိုဘက္က ကန႔္သတ္လိုက္ၿပီလို႔ ယူဆရတယ္။ အခုေတာ့ သူတို႔ အားလုံး ႏိုင္ငံမဲ့သြားတာေပါ့”ဟု သတင္းရင္းျမစ္က ေျပာသည္။ အျခားေသာသတင္းရင္းျမစ္တို႔၏ အဆို အရ အေမရိကန္တြင္ ဒုကၡသည္အျဖစ္ ခိုလႈံေနထိုင္ ခြင့္ကို အိမ့္ပိုးဥေခၚ ပန္ဆယ္လိုလည္း ရရွိထားျခင္း မရွိေၾကာင္း၊ လက္ရွိေနထိုင္သည့္ပုံစံမွာ အျခားေသာ ေခါင္းစဥ္တစ္ခုခုေအာက္မွ ျဖစ္ႏိုင္ေၾကာင္း ၾကားသိရသည္။

ကုလသမဂၢက သတ္မွတ္ထားေသာ ဒုကၡသည္ ခံယူ၍ ခိုလႈံခြင့္တြင္ ၁၉၅၁ Refugee Convention ႏွင့္ ၁၉၆၇ Protocol အရ သတ္မွတ္ခ်က္မ်ားရွိထားၿပီး ေမြးဖြားေနထိုင္ရာ ႏိုင္ငံတစ္ႏိုင္ငံ၌ ႏိုင္ငံေရး၊ စစ္ေရးအရ ထိခိုက္နစ္နာဆုံးရႈံးမႈႀကီးမားျခင္းေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ကာ ခိုလႈံခြင့္ေတာင္းခံျခင္းမ်ိဳး ျဖစ္သည္။ ယင္းကဲ့သို႔ ေဘးဒုကၡတစ္ခုခုေၾကာင့္ တိမ္း ေရွာင္ခိုလႈံလာသူမ်ားကိုလည္း ကုလပဋိညာဥ္အရ စာခ်ဳပ္လက္မွတ္ထိုးထားေသာႏိုင္ငံမ်ားက အစီအစဥ္ေရးဆြဲ၍ လက္ခံေပးရျခင္းမ်ိဳးျဖစ္ေၾကာင္း၊ ဒုကၡသည္ ခိုလႈံေရးအတြက္ကိုလည္း ေလွ်ာက္လႊာျပင္ဆင္ေရးသားေပးသူႏွင့္ ေလွ်ာက္ထားေပးသူမ်ားက နယ္စပ္ မ်ားတြင္ အခေၾကးေငြယူ၍ ေဆာင္႐ြက္ေပးေနေၾကာင္း ၾကားသိရသည္။

Picture

Linn Htike Linn

26/02/2024 13:32

စပွန်ဆာ ဘယ်လောက်အပေးခံ ရလဲ မအေလိုး ပြည်သူ့အခွန် ခွေးတပ်ရိက္ခာ တွေ ဘယ်လောက်ကျွေးခံထားရလဲ မသိဘူး စုပ်ထား အဘဘောကို မကြာခင် မင်းရော မင်းတို့ခွေးတွေရော မြေကြီးအောက်ရောက်တော့မှာ

Picture

MINNMINN MYAT

29/02/2024 01:56

စာရေးသူဟာ တကယ့်ငတုံး ၊ဘောမမှန်းသိသာတယ်။ ယူအက်စ်နဲ့ တခြားနိုင်ငံတွေက refugees တွေကို ပယ်ချရိုးထုံးစံမရှိဘူး။ မခေါ်သေးတာ ကြာနေတာဘဲ ရှိတယ်။ အချိန်တစ်ခုရောက်ရင် အလှည့်ကို စောင့်နိုင်ရင် တစ်နေ့ လာကို လာရမှာဘဲ။ ခုခေတ်က ငတုံးခေတ်မဟုတ်တော့ဘူးဆိုတာ မင်းတို့ အဘ စပ်စလူးထနေတာကို ကြည့်ရင် သိနိုင်ပါတယ်နော်

Related news

© 2021. All rights reserved.