ဒိုက်ဦးမြို့နယ်မှ (၃)နှစ်အရွယ်ကလေးငယ်ပျောက်ဆုံးနေမှု ယနေ့ထိရှာမတွေ့သေး

 1011

သန့်ဇင်(NP News) - ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာမှ (၃)နှစ်အရွယ်ကလေးငယ်ပျောက်ဆုံးနေမှု ယနေ့အချိန်ထိရှာမတွေ့သေးကြောင်း ပျောက်ဆုံးသူကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။

ကလေးငယ် ပျောက်ဆုံးမှုသည် ပြီးခဲ့သည့်(ဖေဖော်ဝါရီလ ၂၄ ရက်)၊ ညနေ ၅ နာရီ အချိန်ခန့်က ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စပျောက်တာက အမေက ကလေးကို ထမင်းကျွေးဖို့ အိမ်ပေါ်ကိုတက်သွားပြီး ထမင်းသွားခူးတဲ့အချိန်မှာ ပြန်လာတော့ ကလေးက မရှိတော့ဘူး ပျောက်သွားတာ။ ကလေးက (၃)နှစ်အရွယ်ပဲရှိပါသေးတယ်။ ယောက်ျားလေးပါ။ လက်ရှိတော့ ရဲစခန်းမှာလည်းတိုင်ချက် ဖွင့်ထားပါတယ်” ဟု ပျောက်ဆုံးသူ ကလေးငယ်၏ မိသားစုဝင်တစ်ဦးက NP News ကိုပြော သည်။

အဆိုပါပျောက်ဆုံးနေသည့်ကလေးငယ်မှာ အသက်(၃)နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ပြီး ဦးအေးဇော်မြင့် နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးနေသည့် ကလေးငယ်နှင့်ပတ်သက်၍ ၎င်း၏ဖခင်ဖြစ်သူ ဦးအေးဇော်က ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာမှ တစ်ဆင့် “ဒီနေ့ညနေ ၃ နှစ်သား ကျွန်တော့်သားအငယ်ဆုံးလေး ငါးနာရီဝန်းကျင်ခန့်ကပျောက်ဆုံးသွားပါသဖြင့် ယခုချိန်ထိရှာဖွေ မတွေ့သေး၊ တွေ့ရှိပါက ကျေးဇူးပြု၍ ဆက်သွယ်ပေးပါဗျာ” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့ကြောင့် အဆိုပါပျောက်ဆုံးသူကလေးငယ်အား တွေ့ရှိပါက မိသားစုဝင်ဖုန်းနံပါတ်များဖြစ်သည့် 09973025423၊ 09978320051၊ 09967361357နှင့် 09409549437 တို့ကို ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံထားသည်။

zawgyi version
ဒိုက္ဦးၿမိဳ႕နယ္မွ (၃)ႏွစ္အ႐ြယ္ကေလးငယ္ေပ်ာက္ဆုံးေနမႈ ယေန႔ထိရွာမေတြ႕ေသး
သန႔္ဇင္(NP News) - ေဖေဖာ္ဝါရီ ၂၆

ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕နယ္၊ ရွမ္းစုေက်း႐ြာမွ (၃)ႏွစ္အ႐ြယ္ကေလးငယ္ေပ်ာက္ဆုံးေနမႈ ယေန႔အခ်ိန္ထိရွာမေတြ႕ေသးေၾကာင္း ေပ်ာက္ဆုံးသူကေလးငယ္၏ မိသားစုဝင္မ်ားထံမွ သိရသည္။

ကေလးငယ္ ေပ်ာက္ဆုံးမႈသည္ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီလ ၂၄ ရက္)၊ ညေန ၅ နာရီ အခ်ိန္ခန႔္က ဒိုက္ဦးၿမိဳ႕နယ္၊ ရွမ္းစုေက်း႐ြာ အေနာက္ပိုင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“စေပ်ာက္တာက အေမက ကေလးကို ထမင္းေကြၽးဖို႔ အိမ္ေပၚကိုတက္သြားၿပီး ထမင္းသြားခူးတဲ့အခ်ိန္မွာ ျပန္လာေတာ့ ကေလးက မရွိေတာ့ဘူး ေပ်ာက္သြားတာ။ ကေလးက (၃)ႏွစ္အ႐ြယ္ပဲရွိပါေသးတယ္။ ေယာက္်ားေလးပါ။ လက္ရွိေတာ့ ရဲစခန္းမွာလည္းတိုင္ခ်က္ ဖြင့္ထားပါတယ္” ဟု ေပ်ာက္ဆုံးသူ ကေလးငယ္၏ မိသားစုဝင္တစ္ဦးက NP News ကိုေျပာ သည္။

အဆိုပါေပ်ာက္ဆုံးေနသည့္ကေလးငယ္မွာ အသက္(၃)ႏွစ္အ႐ြယ္ ေမာင္ဇြဲမာန္သစ္ျဖစ္ၿပီး ဦးေအးေဇာ္ျမင့္ ႏွင့္ ေဒၚႏြယ္ႏြယ္စိုးတို႔၏ အငယ္ဆုံးသားျဖစ္ေၾကာင္း သိရသည္။ ေပ်ာက္ဆုံးေနသည့္ ကေလးငယ္ႏွင့္ပတ္သက္၍ ၎၏ဖခင္ျဖစ္သူ ဦးေအးေဇာ္က ၎၏လူမႈကြန္ရက္ Facebook စာမ်က္ႏွာမွ တစ္ဆင့္ “ဒီေန႔ညေန ၃ ႏွစ္သား ကြၽန္ေတာ့္သားအငယ္ဆုံးေလး ငါးနာရီဝန္းက်င္ခန္႔ကေပ်ာက္ဆုံးသြားပါသျဖင့္ ယခုခ်ိန္ထိရွာေဖြ မေတြ႕ေသး၊ ေတြ႕ရွိပါက ေက်းဇူးျပဳ၍ ဆက္သြယ္ေပးပါဗ်ာ” ဟု ေရးသားထားသည္ကို ေတြ႕ရသည္။

ထို႔ေၾကာင့္ အဆိုပါေပ်ာက္ဆုံးသူကေလးငယ္အား ေတြ႕ရွိပါက မိသားစုဝင္ဖုန္းနံပါတ္မ်ားျဖစ္သည့္ 09973025423၊ 09978320051၊ 09967361357ႏွင့္ 09409549437 တို႔ကို ဆက္သြယ္ေပးပါရန္ ေမတၱာရပ္ခံထားသည္။

Related news

© 2021. All rights reserved.