အစ္စရေး၏ နိုင်ပွဲက ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ရာဟုပြော

 457

Pika (NP News) - ဖေဖော်ဝါရီ ၂၆

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းကို ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် ဟားမက် လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်နေသည့် စစ်ပွဲတွင် အစ္စရေးတပ်ဖွဲ့များ၏ အနိုင်ရရှိမှုက မကြာမီအချိန်အတွင်း ရရှိလာလိမ့်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အကြံပြုပြောခဲ့သည်။

သို့သော်လည်း ပါလက်စတိုင်းဒုက္ခသည် (၁ ဒသမ ၄) သန်းခန့်ရှိသော ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုများ လုပ်ဆောင် ရန် စီစဉ်နေသောအစီအစဉ်အား ဖျက်သိမ်းရန် အစ္စရေးအစိုးရကို နိုင်ငံတကာက ဖိအားပေးနေကြောင်းလည်း သိရသည်။

အစ္စရေးတပ်ဖွဲ့များက ထိုးစစ်ဆင်မှုမလုပ်ဆောင်မီ ရာဖဲလ်မြို့မြောက်ပိုင်းရှိ ရှင်းလင်းထားသောနေရာများသို့ အရပ်သားများအား ရွှေ့ပြောင်းပေးသွားလိမ့်မည်ဖြစ်ကြောင်း နေတန်ရာဟုက ရှင်းပြပြောခဲ့သည်။ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်မှုများသည် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် ယာယီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ ရှိခဲ့မည်ဆိုပါက အချိန်ခဏနှောင့်နှေးမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဖြစ်ကိုဖြစ်လာမည်ဟု နေတန်ရာဟုက ပြောဆိုခဲ့ ကြောင်းလည်း သိရသည်။

နေတန်ရာဟုက "ယာယီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ မရှိခဲ့ဘူးဆိုရင် ထိုးစစ်ဆင်မှုကို ဆက်လက် လုပ်ဆောင်သွားမှာပါ။ အလုံးစုံအောင်မြင်မှုက ကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တာကြောင့် ဒီစစ်ဆင်ရေးကို လုပ်ကို လုပ်ရမှာပါ။ ပြီးတော့ ဒီစစ်ဆင်ရေးကို စလိုက်တာနဲ့တစ်ပြိုင်နက် အောင်မြင်မှုက ရကိုရလာမှာပါ။ အစ္စရေး တပ်ဖွဲ့တွေရဲ့နိုင်ပွဲက လက်တစ်ကမ်းမှာရောက်နေပါပြီ။ ဟားမက်လက်နက်ကိုင်အဖွဲ့ကို သုတ်သင်ရှင်းလင်းတာ တွေမပြီးမချင်း နိုင်ပွဲ ရရှိမှာမဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

ထို့အပြင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့၏ တပ်ရင်း(၂၄)ခုမှ (၁၈) ခုကို ဖျက်ဆီးပြီးပြီဖြစ်ပြီး ကျန်ရှိနေသော တပ်ရင်း(၄)ခုမှာ ရာဖဲလ်မြို့တွင် ရှိနေကြောင်းလည်း နေတန်ရာဟု က ပြောခဲ့သည်။

Zawgyi Version;
အစၥေရး၏ ႏိုင္ပြဲက ေရာက္ရွိလာေတာ့မည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆

ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းကို ထိုးစစ္ဆင္မႈမ်ား စတင္လုပ္ေဆာင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ဟားမက္ လက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္ေနသည့္ စစ္ပြဲတြင္ အစၥေရးတပ္ဖြဲ႕မ်ား၏ အႏိုင္ရရွိမႈက မၾကာမီအခ်ိန္အတြင္း ရရွိလာလိမ့္မည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အႀကံျပဳေျပာခဲ့သည္။

သို႔ေသာ္လည္း ပါလက္စတိုင္းဒုကၡသည္ (၁ ဒသမ ၄) သန္းခန႔္ရွိေသာ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ေနေသာအစီအစဥ္အား ဖ်က္သိမ္းရန္ အစၥေရးအစိုးရကို ႏိုင္ငံတကာက ဖိအားေပးေနေၾကာင္းလည္း သိရသည္။

အစၥေရးတပ္ဖြဲ႕မ်ားက ထိုးစစ္ဆင္မႈမလုပ္ေဆာင္မီ ရာဖဲလ္ၿမိဳ႕ေျမာက္ပိုင္းရွိ ရွင္းလင္းထားေသာေနရာမ်ားသို႔ အရပ္သားမ်ားအား ေ႐ႊ႕ေျပာင္းေပးသြားလိမ့္မည္ျဖစ္ေၾကာင္း ေနတန္ရာဟုက ရွင္းျပေျပာခဲ့သည္။ ရာဖဲလ္ၿမိဳ႕ကို ထိုးစစ္ဆင္မႈမ်ားသည္ ဟားမက္လက္နက္ကိုင္အဖြဲ႕ႏွင့္ ယာယီအပစ္အခတ္ရပ္စဲေရး ညႇိႏႈိင္းမႈမ်ား ရွိခဲ့မည္ဆိုပါက အခ်ိန္ခဏေႏွာင့္ေႏွးမည္ျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ ျဖစ္ကိုျဖစ္လာမည္ဟု ေနတန္ရာဟုက ေျပာဆိုခဲ့ ေၾကာင္းလည္း သိရသည္။

ေနတန္ရာဟုက "ယာယီအပစ္အခတ္ရပ္စဲေရး ညႇိႏႈိင္းမႈေတြ မရွိခဲ့ဘူးဆိုရင္ ထိုးစစ္ဆင္မႈကို ဆက္လက္ လုပ္ေဆာင္သြားမွာပါ။ အလုံးစုံေအာင္ျမင္မႈက ကြၽန္ေတာ္တို႔ရဲ႕ပန္းတိုင္ျဖစ္တာေၾကာင့္ ဒီစစ္ဆင္ေရးကို လုပ္ကို လုပ္ရမွာပါ။ ၿပီးေတာ့ ဒီစစ္ဆင္ေရးကို စလိုက္တာနဲ႔တစ္ၿပိဳင္နက္ ေအာင္ျမင္မႈက ရကိုရလာမွာပါ။ အစၥေရး တပ္ဖြဲ႕ေတြရဲ႕ႏိုင္ပြဲက လက္တစ္ကမ္းမွာေရာက္ေနပါၿပီ။ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို သုတ္သင္ရွင္းလင္းတာ ေတြမၿပီးမခ်င္း ႏိုင္ပြဲ ရရွိမွာမဟုတ္ပါဘူး" ဟု ေျပာခဲ့သည္။

ထို႔အျပင္ အစၥေရးတပ္ဖြဲ႕မ်ားသည္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္လက္နက္ကိုင္အဖြဲ႕၏ တပ္ရင္း(၂၄)ခုမွ (၁၈) ခုကို ဖ်က္ဆီးၿပီးၿပီျဖစ္ၿပီး က်န္ရွိေနေသာ တပ္ရင္း(၄)ခုမွာ ရာဖဲလ္ၿမိဳ႕တြင္ ရွိေနေၾကာင္းလည္း ေနတန္ရာဟု က ေျပာခဲ့သည္။

Related news

© 2021. All rights reserved.