ရုရှားသမ္မတရွေးကောက်ပွဲအတွက် အစောပိုင်းမဲပေးမှုကို စတင်

 610

Pika (NP News) - ဖေဖော်ဝါရီ ၂၆

ရုရှားနိုင်ငံရှိ ဒေသအများအပြားတွင် သမ္မတရွေးကောက်ပွဲအတွက် အစောပိုင်းမဲပေးမှု စတင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအစောပိုင်း မဲပေးမှုသည် ဝေးလံခေါင်သီသောဒေသတွင် နေထိုင်သူများနှင့် ရွေးကောက်ပွဲရက်များအတွင်း ပင်လယ်ပြင်တွင်ရှိနေမည့်သင်္ဘောသားများအတွက် အဓိကရည်ရွယ်ထားခြင်းဖြစ်ပြီး မဲပေးရန် အရည်အချင်း ပြည့်မှီသူများကို ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ စတင်ပြီး မဲပေးခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံရှိ ဒေသများသည် ဖေဖော်ဝါရီလ(၂၅)ရက် နောက်ပိုင်းတွင် အစောပိုင်းမဲပေးမှုကို စတင်နိုင်သော်လည်း ရွေးကောက်ပွဲစည်းမျဉ်းအရ မတ်လ(၁၄)ရက်တွင် အပြီးသတ်လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ရုရှားနိုင်ငံ၏ ၂ဝ၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် လူပေါင်း(၁၈ဝဝဝဝ)ခန့်သည် အစောပိုင်းတွင် မဲပေးခဲ့ကြပြီး လူ(၃၁၀၀၀)သည် ပင်လယ်ပြင်ရှိ မဲရုံများတွင် မဲပေးခဲ့ကြကြောင်း ရုရှားနိုင်ငံ၏ ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။

ထို့အပြင် ရှေ့တန်းစစ်မြေမျက်နှာပြင်ရှိ ရုရှားဒေသလေးခုအနက် တစ်ခုဖြစ်သော Zaporozhye ဒေသတွင် မဲပေးမှုများကို စတင်နေပြီဖြစ်ကြောင်း သိရသည်။ ခါဆွန်ဒေသတွင် အစောပိုင်းမဲပေးမှုကို ဖေဖော်ဝါရီလ(၂၇)ရက် တွင် စတင်မည်ဖြစ်ပြီး ဒွန်းညက်စ်ဒေသနှင့်် လူဟန့်စ်ဒေသတို့တွင် အစောပိုင်းမဲပေးမှုကို မတ်လ(၁၀)ရက်နှင့် (၁၁)ရက်တို့တွင် စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က ယူကရိန်းပိုင်ဒေသ(၄)ခုဖြစ်သော Zaporozhye၊ ခါဆွန်၊ ဒွန်းညက်စ် နှင့် လူဟန့်စ်ဒေသတို့သည် ၂ဝ၂၂ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲများကျင်းပကာ ရုရှားနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၂၄ ခုနှစ် ရုရှားသမ္မတ ရွေးကောက်ပွဲအတွက် အဓိကမဲပေးကာလသည် မတ်လ(၁၅)ရက်မှ (၁၇)ရက်အတွင်း ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲအတွက် မဲပေးမှုများကို ရက်ပေါင်းများစွာပြုလုပ်ခြင်းသည် ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါမဲပေးမှုစနစ်ကို ကိုဗစ်(၁၉)ကပ်ရောဂါကာလအတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံရှိ အခြားရွေးကောက်ပွဲများတွင်လည်း အသုံးပြုခဲ့ကြောင်း သိရသည်။

Zawgyi Version;
႐ုရွားသမၼတေ႐ြးေကာက္ပြဲအတြက္ အေစာပိုင္းမဲေပးမႈကို စတင္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆

႐ုရွားႏိုင္ငံရွိ ေဒသအမ်ားအျပားတြင္ သမၼတေ႐ြးေကာက္ပြဲအတြက္ အေစာပိုင္းမဲေပးမႈ စတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါအေစာပိုင္း မဲေပးမႈသည္ ေဝးလံေခါင္သီေသာေဒသတြင္ ေနထိုင္သူမ်ားႏွင့္ ေ႐ြးေကာက္ပြဲရက္မ်ားအတြင္း ပင္လယ္ျပင္တြင္ရွိေနမည့္သေဘၤာသားမ်ားအတြက္ အဓိကရည္႐ြယ္ထားျခင္းျဖစ္ၿပီး မဲေပးရန္ အရည္အခ်င္း ျပည့္မွီသူမ်ားကို ေဖေဖာ္ဝါရီလ(၂၅)ရက္ေန႔မွ စတင္ၿပီး မဲေပးခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံရွိ ေဒသမ်ားသည္ ေဖေဖာ္ဝါရီလ(၂၅)ရက္ ေနာက္ပိုင္းတြင္ အေစာပိုင္းမဲေပးမႈကို စတင္ႏိုင္ေသာ္လည္း ေ႐ြးေကာက္ပြဲစည္းမ်ဥ္းအရ မတ္လ(၁၄)ရက္တြင္ အၿပီးသတ္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

႐ုရွားႏိုင္ငံ၏ ၂ဝ၁၈ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲတြင္ လူေပါင္း(၁၈ဝဝဝဝ)ခန႔္သည္ အေစာပိုင္းတြင္ မဲေပးခဲ့ၾကၿပီး လူ(၃၁၀၀၀)သည္ ပင္လယ္ျပင္ရွိ မဲ႐ုံမ်ားတြင္ မဲေပးခဲ့ၾကေၾကာင္း ႐ုရွားႏိုင္ငံ၏ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာၾကားခဲ့သည္။

ထို႔အျပင္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္ရွိ ႐ုရွားေဒသေလးခုအနက္ တစ္ခုျဖစ္ေသာ Zaporozhye ေဒသတြင္ မဲေပးမႈမ်ားကို စတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။ ခါဆြန္ေဒသတြင္ အေစာပိုင္းမဲေပးမႈကို ေဖေဖာ္ဝါရီလ(၂၇)ရက္ တြင္ စတင္မည္ျဖစ္ၿပီး ဒြန္းညက္စ္ေဒသႏွင့္္ လူဟန႔္စ္ေဒသတို႔တြင္ အေစာပိုင္းမဲေပးမႈကို မတ္လ(၁၀)ရက္ႏွင့္ (၁၁)ရက္တို႔တြင္ စတင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

ယခင္က ယူကရိန္းပိုင္ေဒသ(၄)ခုျဖစ္ေသာ Zaporozhye၊ ခါဆြန္၊ ဒြန္းညက္စ္ ႏွင့္ လူဟန႔္စ္ေဒသတို႔သည္ ၂ဝ၂၂ ခုႏွစ္တြင္ လူထုဆႏၵခံယူပြဲမ်ားက်င္းပကာ ႐ုရွားႏွင့္ပူးေပါင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၂ဝ၂၄ ခုႏွစ္ ႐ုရွားသမၼတ ေ႐ြးေကာက္ပြဲအတြက္ အဓိကမဲေပးကာလသည္ မတ္လ(၁၅)ရက္မွ (၁၇)ရက္အတြင္း ျဖစ္ေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံတြင္ သမၼတေ႐ြးေကာက္ပြဲအတြက္ မဲေပးမႈမ်ားကို ရက္ေပါင္းမ်ားစြာျပဳလုပ္ျခင္းသည္ ယခုအႀကိမ္က ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါမဲေပးမႈစနစ္ကို ကိုဗစ္(၁၉)ကပ္ေရာဂါကာလအတြင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး ႐ုရွားႏိုင္ငံရွိ အျခားေ႐ြးေကာက္ပြဲမ်ားတြင္လည္း အသုံးျပဳခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.