ကလေးတက္ကသိုလ်အနီး တိုက်ပွဲဖြစ်ပွားစဉ် အဆောင်အတွင်း နေထိုင်သည့် ဆရာ/ဆရာမနှင့် ကျောင်းသား/သူများကို PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွား

 2668

NP News - ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်အနီး၌ တိုက်ပွဲဖြစ်ပွားစဉ် တက္ကသိုလ်အတွင်း အဆောင်များတွင်နေထိုင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကလေးတက္ကသိုလ်အနီးတွင် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းမှစတင်ကာ တပ်မတော် နှင့် PDF ပူးပေါင်းအဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားနေစဉ် ကလေးတက္ကသိုလ်အတွင်းရှိ ဇလပ်နီအဆောင်အပါအဝင် ကျောင်းအတွင်းနေထိုင်သည့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါတက္ကသိုလ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက NP News ကိုပြောသည်။

“တိုက်ပွဲတွေက ကျောင်းနားပတ်ချာလည်မှာ ညထဲကဖြစ်နေတာ။ ဖြစ်နေတဲ့အချိန်မှာ တောထဲကနေ နောက်ပေါက်ကနေဝင်ပြီးတော့ ဆရာ၊ ဆရာမတွေ အဆောင်ပေါ့ တံခါးတွေလိုက်ခေါက်ပြီးတော့ သေနတ်တွေထောက်ပြီးခေါ်သွားတာပေါ့။ အပြင်ကိုခေါ်သွားတာ။ ကျောင်းကိုတော့ မသိမ်းဘူး။ လူတွေကိုခေါ်သွားတာ။ နည်းနည်းတော့များတယ်။ ပုန်းပြီးတော့ကျန်ခဲ့တဲ့သူတွေကတော့ လွတ်တာပေါ့။ ကျောင်းနဲ့နီးနီးလေးပဲ တစ်ဖက်မှာတော့ ချနေကြတဲ့အချိန် တစ်ဖွဲ့ကနေ တစ်ဖက်ကနေတောထဲကနေဝင်လာပြီးတော့ တံခါးတွေဖွင့်ပြီးဖမ်းခေါ်သွားတာ။ တိုက်ပွဲတွေက ညကတည်းကဖြစ်နေတယ်။ လက်ရှိလည်း ဖြစ်နေတယ်။ ပစ်နေကြတယ်”ဟု အထက်ပါသတင်းအရင်းအမြစ်က NP News ကို ပြောသည်။

PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အရေအတွက်ကို လက်ရှိအချိန်အထိ မသိရသေးသော်လည်း ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်) နေ့လည်ပိုင်း၌ ဖမ်းဆီးခံရသူများအနက်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ ၂၃၂ ဦး ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရှိရကြောင်းလည်း ယင်းတက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက NP News ထပ်မံပြောကြားသည်။

“ထိတွေ့ပစ်ခတ်မှုဖြစ်နေတယ်။ ပါချုပ်အပါအဝင် တော်တော်များများက တော့ ရှောင်ထွက်နိုင်ခဲ့တယ်။ နေ့လယ် (၁၂)နာရီထိကတော့ ပြန်တွေ့တဲ့သူ ဆရာ၊ ဆရာမ ကျောင်းသား/ကျောင်းသူဦးရေ (၂၃၂)ဦးရှိပါတယ်။ (၂၃၂)ဦး လုံးက လုံခြုံတဲ့နေရာမှာရှိနေတယ်။ ဒါပေမဲ့ အခုအချိန်အထိ တိုက်ခိုက်မှုတွေက မပြီးသေးပါဘူး။ အဆောင်နာမည်က ဇလပ်နီ။ လုံခြုံရေးလွတ်ကင်းနေတဲ့နေရာပေါ့နော်။ ကလေးတက္ကသိုလ်ထဲမှာက စစ်သားတွေရှိတယ်။ ဇလပ်နီကတော့ အစွန်လည်းဖြစ်မှာပေါ့နော်။ အဲဒီတော့ PDF ကဝင်ပြီးတော့ ဓားစားခံဖမ်းတာ”ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း လွိုင်ကော်တက္က သိုလ်မှ တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသား/ကျောင်းသူများကို KNPP နှင့် PDF များက ဖမ်းဆီးခေါ်ဆောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ကေလးတကၠသိုလ္အနီး တိုက္ပြဲျဖစ္ပြားစဥ္ အေဆာင္အတြင္း ေနထိုင္သည့္ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/သူမ်ားကို PDF ပူးေပါင္းအဖြဲ႕က ဖမ္းဆီး ေခၚေဆာင္မႈျဖစ္ပြား

NP News - ေဖေဖာ္ဝါရီ ၂၆

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးတကၠသိုလ္အနီး၌ တိုက္ပြဲျဖစ္ပြားစဥ္ တကၠသိုလ္အတြင္း အေဆာင္မ်ားတြင္ေနထိုင္သည့္ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို PDF ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ဖမ္းဆီးေခၚေဆာင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ကေလးတကၠသိုလ္အနီးတြင္ ေဖေဖာ္ဝါရီလ ၂၅ ရက္ ညပိုင္းမွစတင္ကာ တပ္မေတာ္ ႏွင့္ PDF ပူးေပါင္းအဖြဲ႕အၾကား အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္မႈ ျဖစ္ပြားေနစဥ္ ကေလးတကၠသိုလ္အတြင္းရွိ ဇလပ္နီအေဆာင္အပါအဝင္ ေက်ာင္းအတြင္းေနထိုင္သည့္ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို PDF ပူးေပါင္းအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း အဆိုပါတကၠသိုလ္ႏွင့္ နီးစပ္သည့္ သတင္းအရင္းအျမစ္မ်ားက NP News ကိုေျပာသည္။

“တိုက္ပြဲေတြက ေက်ာင္းနားပတ္ခ်ာလည္မွာ ညထဲကျဖစ္ေနတာ။ ျဖစ္ေနတဲ့အခ်ိန္မွာ ေတာထဲကေန ေနာက္ေပါက္ကေနဝင္ၿပီးေတာ့ ဆရာ၊ ဆရာမေတြ အေဆာင္ေပါ့ တံခါးေတြလိုက္ေခါက္ၿပီးေတာ့ ေသနတ္ေတြေထာက္ၿပီးေခၚသြားတာေပါ့။ အျပင္ကိုေခၚသြားတာ။ ေက်ာင္းကိုေတာ့ မသိမ္းဘူး။ လူေတြကိုေခၚသြားတာ။ နည္းနည္းေတာ့မ်ားတယ္။ ပုန္းၿပီးေတာ့က်န္ခဲ့တဲ့သူေတြကေတာ့ လြတ္တာေပါ့။ ေက်ာင္းနဲ႔နီးနီးေလးပဲ တစ္ဖက္မွာေတာ့ ခ်ေနၾကတဲ့အခ်ိန္ တစ္ဖြဲ႕ကေန တစ္ဖက္ကေနေတာထဲကေနဝင္လာၿပီးေတာ့ တံခါးေတြဖြင့္ၿပီးဖမ္းေခၚသြားတာ။ တိုက္ပြဲေတြက ညကတည္းကျဖစ္ေနတယ္။ လက္ရွိလည္း ျဖစ္ေနတယ္။ ပစ္ေနၾကတယ္”ဟု အထက္ပါသတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

PDF ပူးေပါင္းအဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္ျခင္းခံရသည့္ အေရအတြက္ကို လက္ရွိအခ်ိန္အထိ မသိရေသးေသာ္လည္း ယေန႔(ေဖေဖာ္ဝါရီလ ၂၆ ရက္) ေန႔လည္ပိုင္း၌ ဖမ္းဆီးခံရသူမ်ားအနက္မွ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/သူ ၂၃၂ ဦး ျပန္လည္လြတ္ေျမာက္လာသည္ကို ေတြ႕ရွိရေၾကာင္းလည္း ယင္းတကၠသိုလ္ရွိ ဆရာ/ဆရာမမ်ားႏွင့္ နီးစပ္သည့္ သတင္းအရင္းအျမစ္တစ္ဦးက NP News ထပ္မံေျပာၾကားသည္။

“ထိေတြ႕ပစ္ခတ္မႈျဖစ္ေနတယ္။ ပါခ်ဳပ္အပါအဝင္ ေတာ္ေတာ္မ်ားမ်ားက ေတာ့ ေရွာင္ထြက္ႏိုင္ခဲ့တယ္။ ေန႔လယ္ (၁၂)နာရီထိကေတာ့ ျပန္ေတြ႕တဲ့သူ ဆရာ၊ ဆရာမ ေက်ာင္းသား/ေက်ာင္းသူဦးေရ (၂၃၂)ဦးရွိပါတယ္။ (၂၃၂)ဦး လုံးက လုံၿခဳံတဲ့ေနရာမွာရွိေနတယ္။ ဒါေပမဲ့ အခုအခ်ိန္အထိ တိုက္ခိုက္မႈေတြက မၿပီးေသးပါဘူး။ အေဆာင္နာမည္က ဇလပ္နီ။ လုံၿခဳံေရးလြတ္ကင္းေနတဲ့ေနရာေပါ့ေနာ္။ ကေလးတကၠသိုလ္ထဲမွာက စစ္သားေတြရွိတယ္။ ဇလပ္နီကေတာ့ အစြန္လည္းျဖစ္မွာေပါ့ေနာ္။ အဲဒီေတာ့ PDF ကဝင္ၿပီးေတာ့ ဓားစားခံဖမ္းတာ”ဟု အဆိုပါ သတင္းအရင္းအျမစ္က ေျပာသည္။

အလားတူ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလကလည္း လြိဳင္ေကာ္တကၠ သိုလ္မွ တကၠသိုလ္ပါေမာကၡခ်ဳပ္ အပါအဝင္ ဆရာ/ဆရာမ၊ ဝန္ထမ္းႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို KNPP ႏွင့္ PDF မ်ားက ဖမ္းဆီးေခၚေဆာင္မႈျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.