(၃)ချီလုံး ထိုးကွက်အသာစီးရခဲ့သော်လည်း ဒိုင်အဆုံးအဖြတ်ကြောင့် နိုင်ပွဲဆက် မှတ်တမ်းကောင်းတစ်ရပ် ဆုံးရှုံးခဲ့ရသည့် ဘရော်နီကာ

 1163

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၆

ဘရော်နီကာသည် ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖာဆိုင်းကို (၃)ချီလုံးတွင် ထိုးကွက်အသာစီးရခဲ့သော်လည်း ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရကာ နိုင်ပွဲဆက်မှတ်တမ်းကောင်းတစ်ခုသည်လည်း ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ဘရော်နီကာသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၅ ရက်)၊ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ခိုလမြို့၌ ကျင်းပပြုလုပ်သော Thai Fight : King Of Muay Thai တွင် ထိုင်းမွေထိုင်းလက်ဝှေ့မယ် Fahsai နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ် သည်။ အဆိုပါပွဲစဉ်တွင် ဘရော်နီကာအနေဖြင့် ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖာဆိုင်းကို လက်ရည်အသာဖြင့်ထိုးသတ်နိုင်ခဲ့သော်လည်း (၃)ချီအပြည့်၌ ဒိုင်ဆုံးဖြတ်ချက်ခံယူခဲ့ရာ အမှတ်ဖြင့်ရှုံးခဲ့ခြင်းဖြစ်သည်။

ဘရော်နီကာသည် (၁၇)ပွဲဆက်နိုင်ပွဲရ မှတ်တမ်းရရှိထားသူဖြစ်ပြီး ယခုကဲ့သို့ရှုံးနိမ့်ခဲ့ရခြင်းအပေါ် ၎င်းက "အားလုံးတောင်းပန်ပါတယ်။ ဒီတစ်ပွဲအရမ်းပင်ပန်းခဲ့တယ်။ နိုင်ပွဲဆက်လက်မထိန်းသိမ်းနိုင်တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး"ဟု လူမှုကွန်ရက်မှတစ်ဆင့် အသိပေးပြောဆိုထား သည်။

အဆိုပါပွဲစဉ်ကြောင့် ဘရော်နီကာသည် The Fight ၏(၂)နှစ်ဆက်ချန်ပီယံနှင့် (၁၇)ပွဲဆက်အနိုင်ရရှိထားသော မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ကာ ၎င်း၏ နိုင်ပွဲဆက် မှတ်တမ်းသည်လည်း ကျိုးပြတ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် The Fight အနေဖြင့် ဘရော်နီကာနှင့် (၃)နှစ်စာ စာချုပ်သက်တန်းကုန်ဆုံးရန်နီးကပ်လာချိန်ဖြစ်ပြီး ယမန်နေ့ညက ထိုးသတ်ခဲ့သည့် ပွဲစဉ်နှင့်ပတ်သက်၍ The Fight အပေါ် ဝေဖန်မှုများလည်း ရှိနေ သည်။

zawgyi version
(၃)ခ်ီလုံး ထိုးကြက္အသာစီးရခဲ့ေသာ္လည္း ဒိုင္အဆုံးအျဖတ္ေၾကာင့္ ႏိုင္ပြဲဆက္ မွတ္တမ္းေကာင္းတစ္ရပ္ ဆုံးရႈံးခဲ့ရသည့္ ဘေရာ္နီကာ

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၆

ဘေရာ္နီကာသည္ ထိုင္းေမြထိုင္းလက္ေဝွ႔မယ္ ဖာဆိုင္းကို (၃)ခ်ီလုံးတြင္ ထိုးကြက္အသာစီးရခဲ့ေသာ္လည္း ဒိုင္အဆုံးအျဖတ္ျဖင့္ ရႈံးနိမ့္ခဲ့ရကာ ႏိုင္ပြဲဆက္မွတ္တမ္းေကာင္းတစ္ခုသည္လည္း ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

ဘေရာ္နီကာသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၅ ရက္)၊ ညေနပိုင္းက ထိုင္းႏိုင္ငံ၊ ခိုလၿမိဳ႕၌ က်င္းပျပဳလုပ္ေသာ Thai Fight : King Of Muay Thai တြင္ ထိုင္းေမြထိုင္းလက္ေဝွ႔မယ္ Fahsai ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၾကျခင္းျဖစ္ သည္။ အဆိုပါပြဲစဥ္တြင္ ဘေရာ္နီကာအေနျဖင့္ ထိုင္းေမြထိုင္းလက္ေဝွ႔မယ္ ဖာဆိုင္းကို လက္ရည္အသာျဖင့္ထိုးသတ္ႏိုင္ခဲ့ေသာ္လည္း (၃)ခ်ီအျပည့္၌ ဒိုင္ဆုံးျဖတ္ခ်က္ခံယူခဲ့ရာ အမွတ္ျဖင့္ရႈံးခဲ့ျခင္းျဖစ္သည္။

ဘေရာ္နီကာသည္ (၁၇)ပြဲဆက္ႏိုင္ပြဲရ မွတ္တမ္းရရွိထားသူျဖစ္ၿပီး ယခုကဲ့သို႔ရႈံးနိမ့္ခဲ့ရျခင္းအေပၚ ၎က "အားလုံးေတာင္းပန္ပါတယ္။ ဒီတစ္ပြဲအရမ္းပင္ပန္းခဲ့တယ္။ ႏိုင္ပြဲဆက္လက္မထိန္းသိမ္းႏိုင္တဲ့အတြက္ တကယ္စိတ္မေကာင္းပါဘူး"ဟု လူမႈကြန္ရက္မွတစ္ဆင့္ အသိေပးေျပာဆိုထား သည္။

အဆိုပါပြဲစဥ္ေၾကာင့္ ဘေရာ္နီကာသည္ The Fight ၏(၂)ႏွစ္ဆက္ခ်န္ပီယံႏွင့္ (၁၇)ပြဲဆက္အႏိုင္ရရွိထားေသာ မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ထားသူျဖစ္ကာ ၎၏ ႏိုင္ပြဲဆက္ မွတ္တမ္းသည္လည္း က်ိဳးျပတ္သြားခဲ့ၿပီျဖစ္သည္။ ထို႔ေၾကာင့္ The Fight အေနျဖင့္ ဘေရာ္နီကာႏွင့္ (၃)ႏွစ္စာ စာခ်ဳပ္သက္တန္းကုန္ဆုံးရန္နီးကပ္လာခ်ိန္ျဖစ္ၿပီး ယမန္ေန႔ညက ထိုးသတ္ခဲ့သည့္ ပြဲစဥ္ႏွင့္ပတ္သက္၍ The Fight အေပၚ ေဝဖန္မႈမ်ားလည္း ရွိေန သည္။

Related news

© 2021. All rights reserved.