ပျောက်ဆုံးနေသည့် (၃)နှစ်အရွယ်ကလေးငယ်ကို (၆၂) နာရီအကြာတွင် နေအိမ်အနီးရှိ ရေမြောင်းအတွင်းမှ သေဆုံးလျက် ပြန်လည်တွေ့ရှိ

 4051

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှ ပျောက်ဆုံးနေသည့် (၃)နှစ်အရွယ်ကလေးငယ်ကို (၆၂)နာရီအကြာတွင် နေအိမ်အနီးရှိရေမြောင်းအတွင်းမှ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သေဆုံးသူကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ သေဆုံးသူကလေးငယ်ကို ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်)၊ နံနက် ၇နာရီအချိန်ခန့်တွင် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၊ လွမ်းစေတီအနီး ရေမြောင်းအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကလေးကတွေ့ပြီ။ အိမ်နဲ့မဝေးတဲ့ရေမြောင်းထဲမှာ ဆုံးနေတာ။ ရေမြောင်းက ခုချိန်ရေနည်းတယ်ဆိုပေမဲ့ ရေတော့ရှိတာပေါ့။ အခြားပြင်ပဒဏ်ရာတော့မရှိပါဘူး။ ကလေးလေးက ထားလို့မရလို့ ချက်ချင်းသင်္ဂြိုလ်ရတာပါ” ဟု သေဆုံးသူကလေးငယ်၏ မိသားစုဝင်တစ်ဦးက NP News ကိုပြောသည်။

အသက်(၃)နှစ်အရွယ်ရှိ မောင်ဇွဲမာန်သစ်သည် ဦးအေးဇော်မြင့် နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားလေးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေ ၅နာရီခန့်တွင် ၎င်း၏မိခင်ဖြစ်သူမှ ထမင်းကျွေးရန် နေအိမ်ပေါ်သို့ခဏတက်သွားစဉ် ရုတ်တရက်ပျောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူကလေးငယ်၏ရုပ်အလောင်းကို ရှမ်းစုသုဿန်၌ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေပ်ာက္ဆုံးေနသည့္ (၃)ႏွစ္အ႐ြယ္ကေလးငယ္ကို (၆၂) နာရီအၾကာတြင္ ေနအိမ္အနီးရွိ ေရေျမာင္းအတြင္းမွ ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိ

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၇

ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕နယ္မွ ေပ်ာက္ဆုံးေနသည့္ (၃)ႏွစ္အ႐ြယ္ကေလးငယ္ကို (၆၂)နာရီအၾကာတြင္ ေနအိမ္အနီးရွိေရေျမာင္းအတြင္းမွ ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ေသဆုံးသူကေလးငယ္၏ မိသားစုဝင္မ်ားထံမွ သိရသည္။

အဆိုပါ ေသဆုံးသူကေလးငယ္ကို ယေန႔(ေဖေဖာ္ဝါရီလ ၂၇ ရက္)၊ နံနက္ ၇နာရီအခ်ိန္ခန႔္တြင္ ဒိုက္ဦးၿမိဳ႕နယ္၊ ရွမ္းစုေက်း႐ြာ၊ လြမ္းေစတီအနီး ေရေျမာင္းအတြင္း၌ ျပန္လည္ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကေလးကေတြ႕ၿပီ။ အိမ္နဲ႔မေဝးတဲ့ေရေျမာင္းထဲမွာ ဆုံးေနတာ။ ေရေျမာင္းက ခုခ်ိန္ေရနည္းတယ္ဆိုေပမဲ့ ေရေတာ့ရွိတာေပါ့။ အျခားျပင္ပဒဏ္ရာေတာ့မရွိပါဘူး။ ကေလးေလးက ထားလို႔မရလို႔ ခ်က္ခ်င္းသၿဂႋဳလ္ရတာပါ” ဟု ေသဆုံးသူကေလးငယ္၏ မိသားစုဝင္တစ္ဦးက NP News ကိုေျပာသည္။

အသက္(၃)ႏွစ္အ႐ြယ္ရွိ ေမာင္ဇြဲမာန္သစ္သည္ ဦးေအးေဇာ္ျမင့္ ႏွင့္ ေဒၚႏြယ္ႏြယ္စိုးတို႔၏ အငယ္ဆုံးသားေလးျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၂၄ ရက္၊ ညေန ၅နာရီခန႔္တြင္ ၎၏မိခင္ျဖစ္သူမွ ထမင္းေကြၽးရန္ ေနအိမ္ေပၚသို႔ခဏတက္သြားစဥ္ ႐ုတ္တရက္ေပ်ာက္သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေသဆုံးသူကေလးငယ္၏႐ုပ္အေလာင္းကို ရွမ္းစုသုႆန္၌ သၿဂႋဳလ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.