မတ်လတွင် (၂၀၀၀၀) ကျပ်တန်ငွေစက္ကူများထွက်ရှိမည်ဆိုသည်မှာ ကောလာဟလသတင်းများသာဖြစ်ကြောင်း ဗဟိုဘဏ်ဖြေရှင်း

 2879

ပုံစာ- ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့်ထုတ်ဝေခဲ့သည့် (၂၀၀၀၀)ကျပ်တန်ငွေစက္ကူ

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၇

လာမည့် မတ်လ၌ (၂၀၀၀၀)ကျပ်တန်ငွေစက္ကူများ ထွက်ရှိမည်ဆိုသည်မှာ ကောလာဟလသတင်းများသာဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀၀၀၀ ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် သတင်းမှားများကြောင့် ကားများ အပါအဝင် ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြပြီး ကားဈေးမြင့်တက်မှုနှင့် ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။

အဆိုပါ ၂၀၀၀၀ ကျပ်တန်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့်သာ ရည်ရွယ်၍ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်သူများ၏ ဟောင်းနွမ်းငွေစက္ကူများဖြင့် ၂၀၀၀၀ ကျပ်တန်အသစ်များကို အကန့်အသတ်ဖြင့်သာလဲလှယ်ပေးနေကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

သို့သော် ဝိသမလောဘသားများက ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်ရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်ရန် သတင်းမှားများကို ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ကောလာဟလသတင်းများသာဖြစ်ကြောင်း ဗဟိုဘဏ်ကဆိုသည်။

“ဒီအချိန်မှာ ကောလာဟလ သတင်းတွေများပြားနေတဲ့အချိန်မှာ အချိန် ကိုက် ဒါကို ငွေရေးကြေးရေးဈေးကွက် မတည်မငြိမ်ဖြစ်အောင် ဘဏ်တွေရဲ့ကိစ္စတွေ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီး ထုတ်လွှင့်တာပဲဖြစ်ပါတယ်။ ဒီသတင်းသည် မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း သတင်းထုတ်ပြန်ချက် ထပ်မံထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်နိုင်ငံခြားသုံးငွေနဲ့ပတ်သက်ပြီးလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးစည်းမျဉ်းများ ရှိပြီးဖြစ် ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားထားသည်။

ထို့ပြင် နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၁၀)နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဥ်း အပိုဒ်(၁၅)တို့အရ ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို (၆) လအတွင်း ကိုင်ဆောင်ခွင့်ရရှိထားကြောင်း သိရသည်။

အဆိုပါ ဥပဒေနှင့်ကိုက်ညီမှုမရှိပဲ နိုင်ငံခြားငွေများကို ကိုင်ဆောင်ဈေးကစားနေသူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင်လည်း အရေးယူခြင်းများကို ဆောင်ရွက်နေကြောင်းသိရသည်။

zawgyi version
မတ္လတြင္ (၂၀၀၀၀) က်ပ္တန္ေငြစကၠဴမ်ားထြက္ရွိမည္ဆိုသည္မွာ ေကာလာဟလသတင္းမ်ားသာ ျဖစ္ေၾကာင္း ဗဟိုဘဏ္ေျဖရွင္း

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၇

လာမည့္ မတ္လ၌ (၂၀၀၀၀)က်ပ္တန္ေငြစကၠဴမ်ား ထြက္ရွိမည္ဆိုသည္မွာ ေကာလာဟလသတင္းမ်ားသာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ေဖေဖာ္ဝါရီလ ၂၆ ရက္တြင္ ထုတ္ျပန္ထားသည္။

လူမႈကြန္ယက္စာမ်က္ႏွာမ်ားႏွင့္ အင္တာနက္ Website မ်ားတြင္ မတ္လအတြင္း ၂၀၀၀၀ က်ပ္တန္မ်ား ထြက္ရွိမည္ဆိုသည့္ သတင္းမွားမ်ားေၾကာင့္ ကားမ်ား အပါအဝင္ ေဒၚလာမ်ား ဝယ္ယူစုေဆာင္းေနၾကၿပီး ကားေဈးျမင့္တက္မႈႏွင့္ ေဒၚလာေဈးမ်ားလည္း အလြန္ျမင့္တက္ေနေၾကာင္း သတင္းမ်ားထြက္ ေပၚလ်က္ရွိသည္။

အဆိုပါ ၂၀၀၀၀ က်ပ္တန္ကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ(၃၁)ရက္မွစ၍ အထိမ္းအမွတ္အေနျဖင့္သာ ရည္႐ြယ္၍ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ျပည္သူမ်ား၏ ေဟာင္းႏြမ္းေငြစကၠဴမ်ားျဖင့္ ၂၀၀၀၀ က်ပ္တန္အသစ္မ်ားကို အကန႔္အသတ္ျဖင့္သာလဲလွယ္ေပးေနေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

သို႔ေသာ္ ဝိသမေလာဘသားမ်ားက ေငြေၾကးေဈးကြက္ကို ကေမာက္ကမျဖစ္ရန္ႏွင့္ ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ရန္ သတင္းမွားမ်ားကို ျဖန႔္ေဝခဲ့ျခင္းျဖစ္ၿပီး ေကာလာဟလသတင္းမ်ားသာျဖစ္ေၾကာင္း ဗဟိုဘဏ္ကဆိုသည္။

“ဒီအခ်ိန္မွာ ေကာလာဟလ သတင္းေတြမ်ားျပားေနတဲ့အခ်ိန္မွာ အခ်ိန္ ကိုက္ ဒါကို ေငြေရးေၾကးေရးေဈးကြက္ မတည္မၿငိမ္ျဖစ္ေအာင္ ဘဏ္ေတြရဲ႕ကိစၥေတြ မတည္မၿငိမ္ျဖစ္ေအာင္ ရည္႐ြယ္ၿပီး ထုတ္လႊင့္တာပဲျဖစ္ပါတယ္။ ဒီသတင္းသည္ မဟုတ္မမွန္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ကလည္း သတင္းထုတ္ျပန္ခ်က္ ထပ္မံထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ႏိုင္ငံျခားသုံးေငြနဲ႔ပတ္သက္ၿပီးလည္း ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲေရးစည္းမ်ဥ္းမ်ား ရွိၿပီးျဖစ္ ပါတယ္။ ဒီအတိုင္းပဲ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္မွာျဖစ္ပါတယ္” ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ရွင္းလင္းေျပာၾကားထားသည္။

ထို႔ျပင္ ႏိုင္ငံျခားသုံးေငြကိုင္ေဆာင္ခြင့္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ(၁၀)ႏွင့္ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈ စည္းမ်ဥ္း အပိုဒ္(၁၅)တို႔အရ ျပည္တြင္း၌ ေနထိုင္သူမ်ားအေနျဖင့္ တရားဝင္နည္းလမ္းမွ ရရွိထားသည့္ အေမရိကန္ေဒၚလာ ၁၀,၀၀၀ အထိ (သို႔မဟုတ္) ယင္းႏွင့္ညီမွ်ေသာ ႏိုင္ငံျခားေငြကို (၆) လအတြင္း ကိုင္ေဆာင္ခြင့္ရရွိထားေၾကာင္း သိရသည္။

အဆိုပါ ဥပေဒႏွင့္ကိုက္ညီမႈမရွိပဲ ႏိုင္ငံျခားေငြမ်ားကို ကိုင္ေဆာင္ေဈးကစားေနသူမ်ားကိုလည္း ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဗဟိုဘဏ္အေနျဖင့္ လက္ရွိတြင္လည္း အေရးယူျခင္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.