နောင်ချိုမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး

1084

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း-ကံကြီးထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ ရက်)၊ မွန်းလွဲ ၃ နာရီ ၁၃ မိနစ်အချိန်တွင် နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက် လမ်းမကြီး၊ ဒုဌဝတီ(၄)ထပ်ကွေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်စောက်ကနေ နောင်ချိုဘက်ကိုအတက်မှာမတက်နိုင်ဘဲနဲ့ ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ကျခဲ့တာ။ ကားက AD VAN ခရီးသည်တင်ကားပေါ့။ မိသားစုတွေ ပါတယ်” ဟု မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း-ကံကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် AD VAN ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၄၀)နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကလေးငယ်တစ်ဦးမှာလည်း စိုးရိမ်ဖွယ်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။
“ကားဆရာရောဆို လူ(၆)ယောက်ပါတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်။ အမျိုးသမီးပါ။ မိသားစုတွေ လိုက်ပါတဲ့ကားဆိုတော့ ကလေးတွေလည်း ပါတယ်။ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း-ကံကြီးမှ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ယနေ့အထိ အဆိုပါ ရပ်စောက်-နောင်ချိုကားလမ်းတွင် ယာဉ်တိမ်းမှောက်မှု (၃)ခုထက်မနည်းရှိခဲ့ကြောင်း အထက်ပါလူမှုကူညီရေးအသင်းထံမှ သိရသည်။

Zawgyi Version;
ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားတစ္စီး ဘရိတ္ေပါက္၍ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၇
ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္ ခရီးသည္တင္ကားတစ္စီး ဘရိတ္ေပါက္၍ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသမီး တစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေမတၱာေရာင္ျခည္လူမႈကူညီေရးအသင္း-ကံႀကီးထံမွ သိရသည္။
ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၆ ရက္)၊ မြန္းလြဲ ၃ နာရီ ၁၃ မိနစ္အခ်ိန္တြင္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေနာင္ခ်ိဳ-ရပ္ေစာက္ လမ္းမႀကီး၊ ဒုဌဝတီ(၄)ထပ္ေကြ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရပ္ေစာက္ကေန ေနာင္ခ်ိဳဘက္ကိုအတက္မွာမတက္ႏိုင္ဘဲနဲ႔ ဘရိတ္ေပါက္ၿပီး ေနာက္ျပန္လိမ့္က်ခဲ့တာ။ ကားက AD VAN ခရီးသည္တင္ကားေပါ့။ မိသားစုေတြ ပါတယ္” ဟု ေမတၱာေရာင္ျခည္လူမႈကူညီေရးအသင္း-ကံႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ AD VAN ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၄၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦးမွာ ေနရာတြင္ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး ကေလးငယ္တစ္ဦးမွာလည္း စိုးရိမ္ဖြယ္ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ ေၾကာင္း သိရသည္။
“ကားဆရာေရာဆို လူ(၆)ေယာက္ပါတယ္။ တစ္ေယာက္ကေတာ့ ဆုံးသြားတယ္။ အမ်ိဳးသမီးပါ။ မိသားစုေတြ လိုက္ပါတဲ့ကားဆိုေတာ့ ကေလးေတြလည္း ပါတယ္။ ကေလးတစ္ေယာက္ကေတာ့ စိုးရိမ္ရတယ္” ဟု ၎က ဆက္လက္ေျပာသည္။
၎ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္တြင္ ေသဆုံးသူအမ်ိဳးသမီးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔အား ေမတၱာေရာင္ျခည္ လူမႈကူညီေရးအသင္း-ကံႀကီးမွ ေနာင္ခ်ိဳၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
ယခုႏွစ္ ဇန္နဝါရီလမွစတင္ကာ ယေန႔အထိ အဆိုပါ ရပ္ေစာက္-ေနာင္ခ်ိဳကားလမ္းတြင္ ယာဥ္တိမ္းေမွာက္မႈ (၃)ခုထက္မနည္းရွိခဲ့ေၾကာင္း အထက္ပါလူမႈကူညီေရးအသင္းထံမွ သိရသည္။