စင်ကာပူသည် ဆယ်စုနှစ်များစွာ စီးပွားရေးပွင့်လင်းမြင်သာမှုကို ရှေ့တန်းတင်ခဲ့သော်လည်း ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှုများကို ကြုံတွေ့ခဲ့ရ

 1172

ALynn (NP News) - ဖေဖော်ဝါရီ ၂၇

စင်ကာပူနိုင်ငံသည် သေးငယ်ပြီး သဘာဝအရင်းအမြစ်များ ချို့တဲ့သော်လည်း ပွင့်လင်းသည့် စီးပွားရေးပုံစံနှင့်အတူ ကမ္ဘာ့ဈေးကွက်တွင် ဝင်ဆံ့အောင်စွမ်းဆောင်နိုင်ခဲ့သည်။

သို့သော် ထိုကဲ့သို့ ပွင့်လင်းသည့်စီးပွားရေးပုံစံကပင် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုများကို ဖိတ်ခေါ်သလိုဖြစ်နေသည့်အတွက် ၎င်း၏အောင်မြင်မှုကို ဆက်ထိန်းထားဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ စင်ကာပူအစိုးရသည် အသက် ၅၉ နှစ်အရွယ် စင်ကာပူနိုင်ငံသားခံယူထားသော လုပ်ငန်းရှင် Chan Man Ping Philip အား နိုင်ငံရေးအရအရေးပါသောပုဂ္ဂိုလ်အဖြစ် တံဆိပ်ခတ် နှိပ်ခြင်းဖြင့် ၎င်းတို့၏ ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရေး အက်ဥပဒေကို ဖေဖော်ဝါရီလ ၂၆ ရက် (တနင်္လာနေ့) က စတင်ကျင့်သုံးလိုက်သည်။

စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ Chan သည် ဟောင်ကောင်ဇာတိဖြစ်သည့် အတွက် နိုင်ငံရပ်ခြားခေါင်းဆောင်များနှင့် နီးစပ်မှုရှိနိုင်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို ရှေ့ရှုလာ နိုင်ကြောင်း သိရသည်။ စင်ကာပူအစိုးရ၏ သတ်မှတ်ချက်အရ Chan ၏ နှစ်စဉ်နိုင်ငံရေး လှူဒါန်းငွေမှာ စင်ကာပူဒေါ်လာ ၁၀,၀၀၀ နှင့်အထက်ရှိနေပြီး Chan သည် မည်သည့်နိုင်ငံ၏ အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။

Chan သည် China Link Education Consultancy၊ Hong Kong Singapore Business Association နှင့် Kowloon Club တို့ကို ဦးစီးလုပ်ကိုင်နေသည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းအား စင်ကာပူ၏ လူထုစုဝေးခြင်း စည်းမျဉ်းကို ချိုးဖောက်ပြီး ဟောင်ကောင်၌ အငြင်းပွားဖွယ် ဥပဒေ ကြမ်းတစ်ခုကို ဆွေးနွေးခဲ့ခြင်းကြောင့် ရဲက သတိပေးခဲ့ဖူးသည်။

စင်ကာပူသည် ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရေးအက်ဥပဒေ (FICA) ကို ၂၀၂၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေနှင့်ပတ်သက်၍ အတိုက်အခံများနှင့် တက်ကြွလှုပ်ရှားသူများက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ ဩစတြေးလျနှင့် ယူကေတို့တွင်လည်း အလားတူဥပဒေများ ပြဋ္ဌာန်း ထားကြသည်။ တရုတ်အများစုနေထိုင်သော စင်ကာပူနိုင်ငံတွင် နိုင်ငံခြားတိုင်းပြည်များ၏ လွှမ်းမိုးမှုရှိခြင်းက ပုံမှန်လိုဖြစ်နေကြောင်း တရုတ်နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတစ်ဦးက ဖော်ပြခဲ့သည်။

Zawgyi Version;
စင္ကာပူသည္ ဆယ္စုႏွစ္မ်ားစြာ စီးပြားေရးပြင့္လင္းျမင္သာမႈကို ေရွ႕တန္းတင္ခဲ့ေသာ္လည္း ျပည္ပ၏ ဝင္ေရာက္စြက္ဖက္မႈမ်ားကို ႀကဳံေတြ႕ခဲ့ရ
ALynn (NP News) - ေဖေဖာ္ဝါရီ ၂၇

စင္ကာပူႏိုင္ငံသည္ ေသးငယ္ၿပီး သဘာဝအရင္းအျမစ္မ်ား ခ်ိဳ႕တဲ့ေသာ္လည္း ပြင့္လင္းသည့္ စီးပြားေရးပုံစံႏွင့္အတူ ကမာၻ႔ေဈးကြက္တြင္ ဝင္ဆံ့ေအာင္စြမ္းေဆာင္ႏိုင္ခဲ့သည္။

သို႔ေသာ္ ထိုကဲ့သို႔ ပြင့္လင္းသည့္စီးပြားေရးပုံစံကပင္ ႏိုင္ငံျခားဝင္ေရာက္စြက္ဖက္မႈမ်ားကို ဖိတ္ေခၚသလိုျဖစ္ေနသည့္အတြက္ ၎၏ေအာင္ျမင္မႈကို ဆက္ထိန္းထားဖို႔ရာ စိန္ေခၚမႈတစ္ခု ျဖစ္လာသည္။ စင္ကာပူအစိုးရသည္ အသက္ ၅၉ ႏွစ္အ႐ြယ္ စင္ကာပူႏိုင္ငံသားခံယူထားေသာ လုပ္ငန္းရွင္ Chan Man Ping Philip အား ႏိုင္ငံေရးအရအေရးပါေသာပုဂၢိဳလ္အျဖစ္ တံဆိပ္ခတ္ ႏွိပ္ျခင္းျဖင့္ ၎တို႔၏ ျပည္ပႏိုင္ငံမ်ား ဝင္ေရာက္စြက္ဖက္ခြင့္မရွိေစေရး အက္ဥပေဒကို ေဖေဖာ္ဝါရီလ ၂၆ ရက္ (တနလၤာေန႔) က စတင္က်င့္သုံးလိုက္သည္။

စင္ကာပူျပည္ထဲေရးဝန္ႀကီးဌာန၏ ေဖာ္ျပခ်က္အရ Chan သည္ ေဟာင္ေကာင္ဇာတိျဖစ္သည့္ အတြက္ ႏိုင္ငံရပ္ျခားေခါင္းေဆာင္မ်ားႏွင့္ နီးစပ္မႈရွိႏိုင္ၿပီး ၎တို႔၏ အက်ိဳးစီးပြားကို ေရွ႕ရႈလာ ႏိုင္ေၾကာင္း သိရသည္။ စင္ကာပူအစိုးရ၏ သတ္မွတ္ခ်က္အရ Chan ၏ ႏွစ္စဥ္ႏိုင္ငံေရး လႉဒါန္းေငြမွာ စင္ကာပူေဒၚလာ ၁၀,၀၀၀ ႏွင့္အထက္ရွိေနၿပီး Chan သည္ မည္သည့္ႏိုင္ငံ၏ အက်ိဳးအျမတ္အတြက္ လုပ္ေဆာင္ေနေၾကာင္းကိုေတာ့ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိပါ။

Chan သည္ China Link Education Consultancy၊ Hong Kong Singapore Business Association ႏွင့္ Kowloon Club တို႔ကို ဦးစီးလုပ္ကိုင္ေနသည္။ ၂၀၁၉ ခုႏွစ္တြင္ ၎အား စင္ကာပူ၏ လူထုစုေဝးျခင္း စည္းမ်ဥ္းကို ခ်ိဳးေဖာက္ၿပီး ေဟာင္ေကာင္၌ အျငင္းပြားဖြယ္ ဥပေဒ ၾကမ္းတစ္ခုကို ေဆြးေႏြးခဲ့ျခင္းေၾကာင့္ ရဲက သတိေပးခဲ့ဖူးသည္။

စင္ကာပူသည္ ျပည္ပႏိုင္ငံမ်ား ဝင္ေရာက္စြက္ဖက္ခြင့္မရွိေစေရးအက္ဥပေဒ (FICA) ကို ၂၀၂၁ ခုႏွစ္က ျပ႒ာန္းခဲ့သည္။ ထိုဥပေဒႏွင့္ပတ္သက္၍ အတိုက္အခံမ်ားႏွင့္ တက္ႂကြလႈပ္ရွားသူမ်ားက ေဝဖန္ကန႔္ကြက္ခဲ့ၾကသည္။ ဩစေၾတးလ်ႏွင့္ ယူေကတို႔တြင္လည္း အလားတူဥပေဒမ်ား ျပ႒ာန္း ထားၾကသည္။ တ႐ုတ္အမ်ားစုေနထိုင္ေသာ စင္ကာပူႏိုင္ငံတြင္ ႏိုင္ငံျခားတိုင္းျပည္မ်ား၏ လႊမ္းမိုးမႈရွိျခင္းက ပုံမွန္လိုျဖစ္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးမူဝါဒကြၽမ္းက်င္သူတစ္ဦးက ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.