ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀)နီးပါးကို PDF အဖွဲ့ထံမှ အချိန်မီကယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း နစကအသိပေး

7221
ယွန်း(NP News) - ဖေဖော်ဝါရီ ၂၇
ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀)နီးပါးကို PDF အဖွဲ့ထံမှ အချိန်မီကယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား အကြမ်းဖက်များက ဝင်ရောက်ဖမ်းဆီးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ရာတွင် ၎င်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ PDF အမည်ခံ အကြမ်းဖက်အင်အား ၁၀၀ ကျော်လောက်က ကလေးတက္ကသိုလ်ထဲကိုဝင်ရောက်ပြီး စာသင်ဆောင်တွေမှာရှိတဲ့ ဆရာ/ဆရာမတွေ ကျောင်းသား/ကျောင်းသူတွေ ရုံးဝန်ထမ်းတွေကို ဖမ်းဆီးထားတယ်ဆိုပြီး တာဝန်သိပြည်သူတွေ အသိပေးလာတဲ့အတွက် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ရပါတယ်။ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ ရုံးဝန်ထမ်း စုစုပေါင်း ၂၈၅ ဦးကို အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုလည်း ကျွန်တော်တို့အနေနဲ့ လိုက်လံစုံစမ်းဆဲဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရရင်လဲ လွတ်မြောက်နိုင်အောင် ကျွန်တော်တို့အစွမ်းကုန် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရက ပြောကြားထားသည်။
အကြမ်းဖက်များအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်တွင်လည်း စစ်ရေးနှင့် မသက်ဆိုင်သည့် ကလေးတက္ကသိုလ်အတွင်း ဝင်ရောက်ပြီး စာသင်ဆောင်များတွင်ရှိနေသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့ဖမ်းဆီးခေါ်ဆောင်သွားသူများအနက်မှ စုစုပေါင်း(၂၈၅)ဦးကို အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း နစကပြောခွင့်ရက အသိပေးပြောကြားထားသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလက လွိုင်ကော်တက္ကသိုလ်ရှိ တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသား/ကျောင်းသူများကို KNPP နှင့် PDF များက ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ဖူးသည်။
“အဓိကကတော့ ဒါတွေနဲ့ပတ်သက်ပြီး ဒီလိုဖြစ်စဉ် မျိုးဖြစ်ပွားတိုင်းမှာလည်း ယခင်က ကျွန်တော်တို့ အရပ်သားတွေကို တိုက်ခိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ အရပ်သားအယောင်ဆောင်ပြီး အရပ်ဝတ် ဝတ်ပြီးလှုပ်ရှားနေတဲ့ သောင်းကျန်းသူတွေကိုချေမှုန်းခဲ့လျှင် အရပ်သားပြည်သူတွေပါဆိုတဲ့ လုပ်နေကြ ပြည်ဖျက်မီဒီယာများ မြန်မာနိုင်ငံပေါ်မှာအစဉ်တစိုက် အမြဲတမ်းတိုက်ခိုက်လာတဲ့ နိုင်ငံများအနေနဲ့ ရေငုံနှုတ်ပိတ်နေတာမဆန်းပါဘူး” ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းမှ ယခုအချိန်အထိNUG၊ PDF အဖွဲ့အနေဖြင့် ပညာရေးဝန် ထမ်း(၁၀၀)နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စာသင် ကျောင်းများ မီးရှို့ဖျက်ဆီးခံရမှုများနှင့် ခြိမ်းခြောက်စာပေးပို့ခံရမှုများလည်း ဖြစ်ပွားနေဆဲဖြစ်ပြီး နစကအနေဖြင့် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်းမရှိမှုကြောင့် အကြမ်းဖက်အဖွဲ့များအနေဖြင့်လည်း အကြမ်းဖက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
zawgyi version
ကေလးတကၠသိုလ္မွ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/သူ (၃၀၀)နီးပါးကို PDF အဖြဲ႕ထံမွ အခ်ိန္မီကယ္ႏိုင္ခဲ့ေသာ္လည္း က်န္ရွိေနသူမ်ားကို စုံစမ္းေနဆဲျဖစ္ေၾကာင္း နစကအသိေပး
ယြန္း(NP News) - ေဖေဖာ္ဝါရီ ၂၇
ကေလးတကၠသိုလ္မွ ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/သူ (၃၀၀)နီးပါးကို PDF အဖြဲ႕ထံမွ အခ်ိန္မီကယ္ႏိုင္ခဲ့ေသာ္လည္း က်န္ရွိေနသူမ်ားကို စုံစမ္းေနဆဲျဖစ္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ကေလးတကၠသိုလ္မွ ဆရာ/ဆရာမမ်ား၊ ႐ုံးဝန္ထမ္းမ်ားႏွင့္ ေက်ာင္းသား/သူမ်ားအား အၾကမ္းဖက္မ်ားက ဝင္ေရာက္ဖမ္းဆီးခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ ေဖေဖာ္ဝါရီလ ၂၆ ရက္ ညပိုင္း၌ သတင္းထုတ္ျပန္ရာတြင္ ၎က အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ဒီေန႔မနက္ ၇ နာရီခြဲေလာက္မွာ PDF အမည္ခံ အၾကမ္းဖက္အင္အား ၁၀၀ ေက်ာ္ေလာက္က ကေလးတကၠသိုလ္ထဲကိုဝင္ေရာက္ၿပီး စာသင္ေဆာင္ေတြမွာရွိတဲ့ ဆရာ/ဆရာမေတြ ေက်ာင္းသား/ေက်ာင္းသူေတြ ႐ုံးဝန္ထမ္းေတြကို ဖမ္းဆီးထားတယ္ဆိုၿပီး တာဝန္သိျပည္သူေတြ အသိေပးလာတဲ့အတြက္ တပ္မေတာ္ႏွင့္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ကယ္ဆယ္ခဲ့ရပါတယ္။ ဆရာ/ဆရာမ ေက်ာင္းသား/ေက်ာင္းသူ ႐ုံးဝန္ထမ္း စုစုေပါင္း ၂၈၅ ဦးကို အခ်ိန္မီျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ က်န္တဲ့သူေတြကိုလည္း ကြၽန္ေတာ္တို႔အေနနဲ႔ လိုက္လံစုံစမ္းဆဲျဖစ္ပါတယ္။ အၾကမ္းဖက္သမားေတြရဲ႕ ဖမ္းဆီးေခၚေဆာင္သြားရင္လဲ လြတ္ေျမာက္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔အစြမ္းကုန္ ေဆာင္႐ြက္မွာျဖစ္ပါတယ္” ဟု နစကေျပာခြင့္ရက ေျပာၾကားထားသည္။
အၾကမ္းဖက္မ်ားအေနျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၆ ရက္တြင္လည္း စစ္ေရးႏွင့္ မသက္ဆိုင္သည့္ ကေလးတကၠသိုလ္အတြင္း ဝင္ေရာက္ၿပီး စာသင္ေဆာင္မ်ားတြင္ရွိေနသည့္ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/သူမ်ားႏွင့္ ႐ုံးဝန္ထမ္းမ်ားကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
၎တို႔ဖမ္းဆီးေခၚေဆာင္သြားသူမ်ားအနက္မွ စုစုေပါင္း(၂၈၅)ဦးကို အခ်ိန္မီျပန္လည္ကယ္တင္ႏိုင္ခဲ့ၿပီး က်န္ရွိေနသူမ်ားကိုလည္း စုံစမ္းဆဲျဖစ္ေၾကာင္း နစကေျပာခြင့္ရက အသိေပးေျပာၾကားထားသည္။
အလားတူ အၾကမ္းဖက္မ်ားအေနျဖင့္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလက လြိဳင္ေကာ္တကၠသိုလ္ရွိ တကၠသိုလ္ပါေမာကၡခ်ဳပ္ အပါအဝင္ ဆရာ/ဆရာမ၊ ဝန္ထမ္းႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို KNPP ႏွင့္ PDF မ်ားက ဖမ္းဆီးေခၚေဆာင္မႈ ျဖစ္ပြားခဲ့ဖူးသည္။
“အဓိကကေတာ့ ဒါေတြနဲ႔ပတ္သက္ၿပီး ဒီလိုျဖစ္စဥ္ မ်ိဳးျဖစ္ပြားတိုင္းမွာလည္း ယခင္က ကြၽန္ေတာ္တို႔ အရပ္သားေတြကို တိုက္ခိုက္ေနပါတယ္ဆိုတဲ့ စြပ္စြဲခ်က္မ်ိဳးေတြ အရပ္သားအေယာင္ေဆာင္ၿပီး အရပ္ဝတ္ ဝတ္ၿပီးလႈပ္ရွားေနတဲ့ ေသာင္းက်န္းသူေတြကိုေခ်မႈန္းခဲ့လွ်င္ အရပ္သားျပည္သူေတြပါဆိုတဲ့ လုပ္ေနၾက ျပည္ဖ်က္မီဒီယာမ်ား ျမန္မာႏိုင္ငံေပၚမွာအစဥ္တစိုက္ အၿမဲတမ္းတိုက္ခိုက္လာတဲ့ ႏိုင္ငံမ်ားအေနနဲ႔ ေရငုံႏႈတ္ပိတ္ေနတာမဆန္းပါဘူး” ဟု ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းမွ ယခုအခ်ိန္အထိNUG၊ PDF အဖြဲ႕အေနျဖင့္ ပညာေရးဝန္ ထမ္း(၁၀၀)နီးပါးကို သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ စာသင္ ေက်ာင္းမ်ား မီးရႈိ႕ဖ်က္ဆီးခံရမႈမ်ားႏွင့္ ၿခိမ္းေျခာက္စာေပးပို႔ခံရမႈမ်ားလည္း ျဖစ္ပြားေနဆဲျဖစ္ၿပီး နစကအေနျဖင့္ အျပည့္အဝ ကာကြယ္ေပးႏိုင္ျခင္းမရွိမႈေၾကာင့္ အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္လည္း အၾကမ္းဖက္မႈမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္။