ဆင်ဘိုမြို့နယ်ခွဲအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင်(၃)ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်ဆည်းရမိ

 1206

Pearl (NP News) - ဖေဖော်ဝါရီ ၂၈

ဆင်ဘိုမြို့နယ်ခွဲအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင် (၃)ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲအနီးရှိ ခလရ (၁၄၁) တပ်စခန်းကို KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင် KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင်အချို့ပြန်လည် ဆုတ်ခွာသွားခဲ့သဖြင့် တိုက်ပွဲပြီးဆုံးသွားခဲ့ပြီး တိုက်ပွဲအတွင်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့မှ အလောင်း(၃)လောင်း အပါအဝင် လက်နက်အချို့ကိုလည်း တပ်မတော် လုံခြုံရေးအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

"၂၄ ရက်၊ နေ့လယ်ပိုင်းမှာ ၂လောင်း၊ ညနေပိုင်းမှာ ၁လောင်း၊ စုစုပေါင်း (၃)လောင်းပေါ့နော်။ ရန်သူအကျအဆုံးကတော့ များတယ်၊ (၇၀)၊ (၈၀) ကျော်တယ်လို့ ပြောတယ်။ လက်နက်တွေ ကောက်ရင် ဟိုဘက်က လှမ်းပစ်လို့ ရတာကတော့ (၃)လောင်းပဲ"ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ခလရ (၁၄၁) တပ်စခန်းအား KIA၊ AA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက် ကတည်းက ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်ပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာခဲ့ပြီးနောက် ယင်းကဲ့သို့တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများငြိမ်သတ်နေလျက်ရှိသော်လည်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့အချို့အနေဖြင့် ခလရ (၁၄၁) တပ်စခန်းအနီးတဝိုက်တွင် အခြေကုပ်နေရာယူထားဆဲဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

zawgyi version
ဆင္ဘိုၿမိဳ႕နယ္ခြဲအနီးတြင္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲအတြင္း KIA၊ AA ၊ PDF ပူးေပါင္းအဖြဲ႕ဝင္(၃)ဦး၏ အေလာင္းႏွင့္ လက္နက္ခဲယမ္းအခ်ိဳ႕ သိမ္ဆည္းရမိ

Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈

ဆင္ဘိုၿမိဳ႕နယ္ခြဲအနီးတြင္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲအတြင္း KIA၊ AA ၊ PDF ပူးေပါင္းအဖြဲ႕ဝင္ (၃)ဦး၏ အေလာင္းႏွင့္ လက္နက္ခဲယမ္းအခ်ိဳ႕ သိမ္းဆည္းရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္၊ ဆင္ဘိုၿမိဳ႕နယ္ခြဲအနီးရွိ ခလရ (၁၄၁) တပ္စခန္းကို KIA၊ AA ၊ PDF ပူးေပါင္းအဖြဲ႕က ေဖေဖာ္ဝါရီလ ၂၄ ရက္မွစ၍ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ႏွစ္ဖက္ၾကား တိုက္ပြဲျပင္းထန္ခဲ့သည္။

ယင္းေန႔ ညေနပိုင္းတြင္ KIA၊ AA ၊ PDF ပူးေပါင္းအဖြဲ႕ဝင္အခ်ိဳ႕ျပန္လည္ ဆုတ္ခြာသြားခဲ့သျဖင့္ တိုက္ပြဲၿပီးဆုံးသြားခဲ့ၿပီး တိုက္ပြဲအတြင္း KIA၊ AA ၊ PDF ပူးေပါင္းအဖြဲ႕မွ အေလာင္း(၃)ေလာင္း အပါအဝင္ လက္နက္အခ်ိဳ႕ကိုလည္း တပ္မေတာ္ လုံၿခဳံေရးအဖြဲ႕က သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

"၂၄ ရက္၊ ေန႔လယ္ပိုင္းမွာ ၂ေလာင္း၊ ညေနပိုင္းမွာ ၁ေလာင္း၊ စုစုေပါင္း (၃)ေလာင္းေပါ့ေနာ္။ ရန္သူအက်အဆုံးကေတာ့ မ်ားတယ္၊ (၇၀)၊ (၈၀) ေက်ာ္တယ္လို႔ ေျပာတယ္။ လက္နက္ေတြ ေကာက္ရင္ ဟိုဘက္က လွမ္းပစ္လို႔ ရတာကေတာ့ (၃)ေလာင္းပဲ"ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ခလရ (၁၄၁) တပ္စခန္းအား KIA၊ AA၊ PDF ပူးေပါင္းအဖြဲ႕အေနျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၃ ရက္ ကတည္းက ဝင္ေရာက္တိုက္ခိုက္ရန္ စီစဥ္ေနျခင္းျဖစ္ၿပီး ႏွစ္ဖက္ၾကား စစ္ေရးတင္းမာခဲ့ၿပီးေနာက္ ယင္းကဲ့သို႔တိုက္ပြဲ ျပင္းထန္ခဲ့ျခင္းလည္းျဖစ္သည္။

လက္ရွိတြင္ တိုက္ပြဲမ်ားၿငိမ္သတ္ေနလ်က္ရွိေသာ္လည္း KIA၊ AA ၊ PDF ပူးေပါင္းအဖြဲ႕အခ်ိဳ႕အေနျဖင့္ ခလရ (၁၄၁) တပ္စခန္းအနီးတဝိုက္တြင္ အေျခကုပ္ေနရာယူထားဆဲျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူ တစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.