ဂျပန်ဝန်ကြီးချုပ်နှင့် ဇူကာဘတ်တို့က AI နည်းပညာ၏အန္တရာယ်များကို ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ဟုဆို

 398

Pika (NP News) - ဖေဖော်ဝါရီ ၂၈

Metaကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဇူကာဘတ်သည် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်စဉ် အချိန်အတွင်း ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါနှင့်တွေ့ဆုံကာ AI နည်းပညာ၏ အန္တရာယ်များကို ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနှင့် ဇူကာဘတ်တို့သည် ဖေဖော်ဝါရီလ(၂၇)ရက်တွင် တွေ့ဆုံဆွေးနွေးမှုများကို မိနစ် (၃၀)ကြာ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ ဇူကာဘတ် က "AIနည်းပညာ၊ အခြားနည်းပညာတွေရဲ့ အနာဂါတ်နဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ စကားဝိုင်းတစ်ခု ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ လက်ရှိ လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် Meta ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူမူဝါဒရေးရာဒုဥက္ကဋ္ဌ ဂျိုးလ်ကပလန်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။ OpenAI အဖွဲ့အစည်း၏ ChatGPT ဆော့ဖ်ဝဲလ်က ဦးဆောင်ကာ တီထွင်ဖန်တီးထား သော AI နည်းပညာသည် ရိုးရှင်းသောအချက်ပြမှုများမှတစ်ဆင့် စာသား၊ ရုပ်ပုံနှင့် အသံတို့ကို စက္ကန့်ပိုင်းအတွင်း ပုံဖော်ပေးနိုင်သည့် နည်းပညာတစ်ခုဖြစ်သည်။

AI နည်းပညာ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုသည် ဗီဒီယိုဂိမ်းများမှတစ်ဆင့် နိုင်ငံရေးအထိ အရာအားလုံးအတွက် ပြောင်းလဲပစ်မှုများ လုပ်ဆောင်နိုင်ကြောင်း ပြောဆိုမှုများရှိနေသော်လည်း အပြုသဘောဆောင်သော အကျိုးဆက် များအပြင် အပျက်သဘောဆောင်သောအကျိုးဆက်များလည်း ရှိနေကြောင်း သိရသည်။ အသက်(၃၉)နှစ်အရွယ် ဇူကာဘတ်သည် မိသားစုနှင့်အတူ နှင်းလျောစီးခြင်း၊ ဂျပန်ဓါးသမားများ နှင့် လေ့ကျင့်မှုများ လုပ်ဆောင်ခြင်းတို့ အပါအဝင် ဂျပန်နိုင်ငံတွင် ရက်အတော်ကြာနေခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူကာဘတ်သည် တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်၊ Samsung နှင့် LG ကုမ္ပဏီတို့၏ ခေါင်းဆောင် များနှင့်တွေ့ဆုံရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ရန်စီစဉ်ထားကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဇူကာဘတ်သည် Apple ကုမ္ပဏီက ထုတ်လုပ်ထားသော Vision Pro ကို ယှဉ်ပြိုင်နိုင်ရန် လက်တွေ့ဆန်သည့် headset များ တီထွင်ထုတ်လုပ်နိုင်ရေးအတွက် LG Electronics ကုမ္ပဏီ၏ စီအီးအိုနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း Korea Economic Daily သတင်းစာက ရေးသားဖော်ပြခဲ့သည်။

Zawgyi Version;
ဂ်ပန္ဝန္ႀကီးခ်ဳပ္ႏွင့္ ဇူကာဘတ္တို႔က AI နည္းပညာ၏အႏၲရာယ္မ်ားကို ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ဟုဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈

Metaကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ဇူကာဘတ္သည္ ဂ်ပန္ႏိုင္ငံသို႔ အလည္အပတ္ခရီးသြားေရာက္စဥ္ အခ်ိန္အတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ဖူမီအိုကီရွီဒါႏွင့္ေတြ႕ဆုံကာ AI နည္းပညာ၏ အႏၲရာယ္မ်ားကို ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီအိုကီရွီဒါႏွင့္ ဇူကာဘတ္တို႔သည္ ေဖေဖာ္ဝါရီလ(၂၇)ရက္တြင္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို မိနစ္ (၃၀)ၾကာ လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။ ဇူကာဘတ္ က "AIနည္းပညာ၊ အျခားနည္းပညာေတြရဲ႕ အနာဂါတ္နဲ႔ပတ္သက္တဲ့ေကာင္းမြန္တဲ့ စကားဝိုင္းတစ္ခု ကြၽန္ေတာ္တို႔မွာ ရွိခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ လက္ရွိ လုပ္ေနတဲ့အလုပ္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တကယ္ကို စိတ္လႈပ္ရွားမိပါတယ္" ဟု ေျပာခဲ့သည္။

အဆိုပါေဆြးေႏြးပြဲတြင္ Meta ကုမၸဏီ၏ ကမာၻလုံးဆိုင္ရာ အမ်ားျပည္သူမူဝါဒေရးရာဒုဥကၠ႒ ဂ်ိဳးလ္ကပလန္လည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။ OpenAI အဖြဲ႕အစည္း၏ ChatGPT ေဆာ့ဖ္ဝဲလ္က ဦးေဆာင္ကာ တီထြင္ဖန္တီးထား ေသာ AI နည္းပညာသည္ ႐ိုးရွင္းေသာအခ်က္ျပမႈမ်ားမွတစ္ဆင့္ စာသား၊ ႐ုပ္ပုံႏွင့္ အသံတို႔ကို စကၠန႔္ပိုင္းအတြင္း ပုံေဖာ္ေပးႏိုင္သည့္ နည္းပညာတစ္ခုျဖစ္သည္။

AI နည္းပညာ၏ လ်င္ျမန္စြာဖြံ႕ၿဖိဳးတိုးတက္မႈသည္ ဗီဒီယိုဂိမ္းမ်ားမွတစ္ဆင့္ ႏိုင္ငံေရးအထိ အရာအားလုံးအတြက္ ေျပာင္းလဲပစ္မႈမ်ား လုပ္ေဆာင္ႏိုင္ေၾကာင္း ေျပာဆိုမႈမ်ားရွိေနေသာ္လည္း အျပဳသေဘာေဆာင္ေသာ အက်ိဳးဆက္ မ်ားအျပင္ အပ်က္သေဘာေဆာင္ေသာအက်ိဳးဆက္မ်ားလည္း ရွိေနေၾကာင္း သိရသည္။ အသက္(၃၉)ႏွစ္အ႐ြယ္ ဇူကာဘတ္သည္ မိသားစုႏွင့္အတူ ႏွင္းေလ်ာစီးျခင္း၊ ဂ်ပန္ဓါးသမားမ်ား ႏွင့္ ေလ့က်င့္မႈမ်ား လုပ္ေဆာင္ျခင္းတို႔ အပါအဝင္ ဂ်ပန္ႏိုင္ငံတြင္ ရက္အေတာ္ၾကာေနခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ ဇူကာဘတ္သည္ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္၊ Samsung ႏွင့္ LG ကုမၸဏီတို႔၏ ေခါင္းေဆာင္ မ်ားႏွင့္ေတြ႕ဆုံရန္အတြက္ ေတာင္ကိုရီးယားႏိုင္ငံသို႔ သြားေရာက္လည္ပတ္ရန္စီစဥ္ထားေၾကာင္း ေဒသတြင္း မီဒီယာမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ ဇူကာဘတ္သည္ Apple ကုမၸဏီက ထုတ္လုပ္ထားေသာ Vision Pro ကို ယွဥ္ၿပိဳင္ႏိုင္ရန္ လက္ေတြ႕ဆန္သည့္ headset မ်ား တီထြင္ထုတ္လုပ္ႏိုင္ေရးအတြက္ LG Electronics ကုမၸဏီ၏ စီအီးအိုႏွင့္ေတြ႕ဆုံမည္ျဖစ္ေၾကာင္း Korea Economic Daily သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.