မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပေါ်လာနိုင်ပြီး အပူချိန်မြင့်လာနိုင်ဟု မိုးဇလဆို

 885

စော (NP News) - ဖေဖော်ဝါရီ ၂၈

မတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပေါ်လာနိုင်ပြီး အပူချိန် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ရှိနေကြောင်း မိုးဇလ၏ ထုတ်ပြန်ထားသည်။

ခန့်မှန်းချက်များအရ ယခုမတ်လအတွင်း၌ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေ ကြောင်းလည်း မိုးဇလကဆိုသည်။

“အယ်လ်နီညိုဖြစ်စဉ်က ရှေ့လာမည့် လတွေ၊ လတွေမှာတော့ အားကတော့ တဖြည်းဖြည်းလျော့သွားမယ်။ သို့သော် သူ့ရဲ့သက်ရောက်မှုကတော့နောက်ကနေ လိုက်လာတာ။ အယ်လ်နီညိုက အားလျော့သွားလို့ နောက်က လိုက်လာတဲ့ရာသီဥတုအခြေအနေက လျော့သွားမှာတော့မဟုတ်ဘူး။ ပြောရရင်တော့ မတ်လရဲ့အပူချိန်တွေ တိုးမဲ့ သဘောရှိတယ်။ မတ်၊ဧပြီ၊မေ အပူချိန်ကတိုးနေတာပေါ့။ ပုံမှန်အားဖြင့်လည်း နွေရာသီရောက်ပြီဆိုတော့ နေ့အပူချိန်မြင့်နေတာ။ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် ပိုပြီးတော့ အပူချိန်ပုံမှန်မြင့်နေတာထက် နည်းနည်း လေးပိုပြီးတော့ မြင်မဲ့ သဘောမှာရှိတယ်” ဟု မိုးလေဝသဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြောသည်။

အဆိုပါအယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အကျိုးသက်ရောက်မှု အနေဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။

အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့ သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် မိုးဇလမှ အသိပေး ထုတ်ပြန်ထား သည်။

Zawgyi Version;
မတ္လအတြင္း အားအသင့္အတင့္ရွိေသာ အယ္လ္နီညိဳျဖစ္ေပၚလာႏိုင္ၿပီး အပူခ်ိန္ျမင့္လာႏိုင္ဟု မိုးဇလဆို
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၈

မတ္လအတြင္း အားအသင့္အတင့္ရွိေသာ အယ္လ္နီညိဳျဖစ္ေပၚလာႏိုင္ၿပီး အပူခ်ိန္ ျမင့္တက္လာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

အီေကြတာအနီးရွိ အပူပိုင္းပစိဖိတ္သမုဒၵရာ၏ ပင္လယ္ေရမ်က္ႏွာျပင္အပူခ်ိန္ႏွင့္ ေလထုျဖစ္စဥ္မ်ားမွာ အားအသင့္အတင့္ရွိေသာ အယ္လ္နီညိဳအေျခအေနတြင္ ရွိေနေၾကာင္း မိုးဇလ၏ ထုတ္ျပန္ထားသည္။

ခန႔္မွန္းခ်က္မ်ားအရ ယခုမတ္လအတြင္း၌ အင္အားအသင့္အတင့္ရွိေသာ အယ္လ္နီညိဳအေျခအေနတြင္ တည္ရွိေန ေၾကာင္းလည္း မိုးဇလကဆိုသည္။

“အယ္လ္နီညိဳျဖစ္စဥ္က ေရွ႕လာမည့္ လေတြ၊ လေတြမွာေတာ့ အားကေတာ့ တျဖည္းျဖည္းေလ်ာ့သြားမယ္။ သို႔ေသာ္ သူ႔ရဲ႕သက္ေရာက္မႈကေတာ့ေနာက္ကေန လိုက္လာတာ။ အယ္လ္နီညိဳက အားေလ်ာ့သြားလို႔ ေနာက္က လိုက္လာတဲ့ရာသီဥတုအေျခအေနက ေလ်ာ့သြားမွာေတာ့မဟုတ္ဘူး။ ေျပာရရင္ေတာ့ မတ္လရဲ႕အပူခ်ိန္ေတြ တိုးမဲ့ သေဘာရွိတယ္။ မတ္၊ဧၿပီ၊ေမ အပူခ်ိန္ကတိုးေနတာေပါ့။ ပုံမွန္အားျဖင့္လည္း ေႏြရာသီေရာက္ၿပီဆိုေတာ့ ေန႔အပူခ်ိန္ျမင့္ေနတာ။ အယ္လ္နီညိဳရဲ႕ သက္ေရာက္မႈေၾကာင့္ ပိုၿပီးေတာ့ အပူခ်ိန္ပုံမွန္ျမင့္ေနတာထက္ နည္းနည္း ေလးပိုၿပီးေတာ့ ျမင္မဲ့ သေဘာမွာရွိတယ္” ဟု မိုးေလဝသဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကို ေျပာသည္။

အဆိုပါအယ္လ္နီညိဳျဖစ္စဥ္သည္ ပစိဖိတ္သမုဒၵရာတြင္ ျဖစ္ေပၚသည့္ျဖစ္စဥ္ျဖစ္ေသာ္လည္း အက်ိဳးသက္ေရာက္မႈ အေနျဖင့္ မိုး႐ြာသြန္းမႈ မူမမွန္ျခင္း၊ ေန႔အပူခ်ိန္မ်ား ျမင့္မားျခင္း၊ မုန္တိုင္းျဖစ္ေပၚမႈမ်ား မူမမွန္ျခင္း၊ မိုးေခါင္ ေရရွားျခင္း စသည့္ အစြန္းေရာက္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚ ႏိုင္ေၾကာင္း သိရသည္။

အယ္လ္နီညိဳျဖစ္ေပၚမႈႏွင့္ ပတ္သက္သည့္အေျခအေနမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္ထုတ္ျပန္ေပးပို႔ သြားမည္ျဖစ္ၿပီး သက္ဆိုင္ရာက႑မ်ားအလိုက္ ႀကိဳတင္ျပင္ဆင္ႏိုင္ၾကပါရန္ မိုးဇလမွ အသိေပး ထုတ္ျပန္ထား သည္။

Related news

© 2021. All rights reserved.