ကျိုက်မရောတွင် အမျိုးသမီး (၂)ဦး ဓားခုတ်ခံရဒဏ်ရာဖြင့် နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိ

2821

စော (NP News) - ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အမျိုးသမီး (၂)ဦး ဓားခုတ်ခံရဒဏ်ရာဖြင့် နေအိမ်၌ သေဆုံးမှုဖြစ်ပွားနေ သည်ကို တွေ့ရှိရကြောင်း ဒေသခံများထံက သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)၊ နံနက်ပိုင်းအချိန်တွင် ကျိုက်မရောမြို့နယ်၊ အောင်သုခရပ်ကွက်၊ ကျွန်းရွာသွား ကားလမ်းဘေးရှိ နေအိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမှာ အမျိုးသမီး ၃ ယောက်နေတယ်။ သူတို့တွေက အတိုးတွေပေးစားတယ်လို့ သိရတယ်။ အပေါင်လည်းခံ တယ်။ (အိမ်အပေါ်က) အစ်မကြီးက ဆင်းလာလို့ သူတို့(ကျုးလွန်သူ)က အပေါ်အတက် ဆုံကြတာပေါ့။ ဆုံတော့ သူကအော်ရော၊ ယောကျ်ားကြီးနှစ်ယောက်က ထွက်ပြေးသွားတယ်။ သက်သေပစ္စည်းတွေ ကျန်တယ် ကျွန်တော် ကြားတာတော့ ဓားတွေ၊ အင်္ကျီတွေ၊ ဖိနပ်တွေ ကျန်သွားတယ်လို့ ပြောတာပဲ” ဟု ဖြစ်စဉ်ကို သိရှိသူ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
လက်တလောသိရချက်များအရ သေဆုံးသူအမျိုးသမီး (၂)ဦးမှာ အသက် (၅၉)နှစ်အရွယ်ရှိသူ ဒေါ်ပါးပါးသီ နှင့် အသက် (၅၀)အရွယ်ရှိသူ ဒေါ်လှလှဝင်းတို့ဖြစ်ကာ အလောင်းကို ကျိုက်မရောဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
က်ိဳက္မေရာတြင္ အမ်ိဳးသမီး (၂)ဦး ဓားခုတ္ခံရဒဏ္ရာျဖင့္ ေနအိမ္၌ ေသဆုံးေနသည္ကို ေတြ႕ရွိ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၈
မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္တြင္ အမ်ိဳးသမီး (၂)ဦး ဓားခုတ္ခံရဒဏ္ရာျဖင့္ ေနအိမ္၌ ေသဆုံးမႈျဖစ္ပြားေန သည္ကို ေတြ႕ရွိရေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၂၈ ရက္)၊ နံနက္ပိုင္းအခ်ိန္တြင္ က်ိဳက္မေရာၿမိဳ႕နယ္၊ ေအာင္သုခရပ္ကြက္၊ ကြၽန္း႐ြာသြား ကားလမ္းေဘးရွိ ေနအိမ္တစ္အိမ္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီမွာ အမ်ိဳးသမီး ၃ ေယာက္ေနတယ္။ သူတို႔ေတြက အတိုးေတြေပးစားတယ္လို႔ သိရတယ္။ အေပါင္လည္းခံ တယ္။ (အိမ္အေပၚက) အစ္မႀကီးက ဆင္းလာလို႔ သူတို႔(က်ဳးလြန္သူ)က အေပၚအတက္ ဆုံၾကတာေပါ့။ ဆုံေတာ့ သူကေအာ္ေရာ၊ ေယာက်္ားႀကီးႏွစ္ေယာက္က ထြက္ေျပးသြားတယ္။ သက္ေသပစၥည္းေတြ က်န္တယ္ ကြၽန္ေတာ္ ၾကားတာေတာ့ ဓားေတြ၊ အက်ႌေတြ၊ ဖိနပ္ေတြ က်န္သြားတယ္လို႔ ေျပာတာပဲ” ဟု ျဖစ္စဥ္ကို သိရွိသူ ေဒသခံ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
လက္တေလာသိရခ်က္မ်ားအရ ေသဆုံးသူအမ်ိဳးသမီး (၂)ဦးမွာ အသက္ (၅၉)ႏွစ္အ႐ြယ္ရွိသူ ေဒၚပါးပါးသီ ႏွင့္ အသက္ (၅၀)အ႐ြယ္ရွိသူ ေဒၚလွလွဝင္းတို႔ျဖစ္ကာ အေလာင္းကို က်ိဳက္မေရာေဆး႐ုံသို႔ ပို႔ေဆာင္ထားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ျပစ္မႈက်ဴးလြန္သူ ႏွစ္ဦးကို ဖမ္းဆီးႏိုင္ေရးအတြက္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။