ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် PDF ပူးပေါင်းအဖွဲ့၏လုပ်ရပ်အပေါ် အဖွဲ့အစည်း (၂၁)ခု ကန့်ကွက်ရှုတ်ချ

 9963

Pearl (NP News) - ဖေဖော်ဝါရီ ၂၈

ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် PDF ပူးပေါင်း၏လုပ်ရပ်အပေါ် အဖွဲ့အစည်း(၂၁)ခုက ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်ကြေညာ ထားသည်။

စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ်အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်း၌ တပ်မတော် နှင့် PDF ပူးပေါင်းအဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကလေးတက္ကသိုလ်အတွင်းနေထိုင်သည့် ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူများကို PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀)နီးပါးကို PDF အဖွဲ့ထံမှ အချိန်မီကယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသူများ ကို စုံစမ်းနေဆဲဖြစ်ကြောင်းလည်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

နိုင်ငံတော်၏ ပညာရေး ကဏ္ဍနှင့်လူ့စွမ်းအား ဖွံ့ဖြိုးတိုးတတ်ရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ/ ဆရာမ များနှင့် ပညာရေး ဝန်ထမ်းများ ၊ ကလေးတက္ကသိုလ်တွင် တတ်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းတို့ကို လုပ်ဆောင်ခဲ့သည့်အတွက် ၎င်း PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို)အနေဖြင့် လုံးဝလက်မခံကြောင်း နှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန် ထားသည်။

အဆိုပါလုပ်ရပ်အပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) အပြင် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မက်သဒစ်အသင်းတော် (အောက် မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာ မေဗလီမှ နှင့် ဘူးသီးတောင်မောင်တော ဒေသဖွံ့ဖြိုးရေးအသင်းတို့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

အလားတူ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ၊မြန်မာနိုင်ငံ ဟာသ ပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ၊မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ကလည်း ယင်း PDF ပူးပေါင်းအဖွဲ့၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ နေ့လည်ပိုင်းတွင်လည်း PDF အဖွဲ့ဝင် (၇၀)ဦးခန့်က တနင်္သာရီတိုင်း၊ ထားဝယ် မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကျော်အောင်၊ ဌာနမှူး(၂)ဦးနှင့် ဆရာမတစ်ဦး တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့သည်။

Zawgyi Version;
ကေလးတကၠသိုလ္မွ ဆရာ/ဆရာမ ႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ PDF ပူးေပါင္းအဖြဲ႕၏လုပ္ရပ္အေပၚ အဖြဲ႕အစည္း (၂၁)ခု ကန႔္ကြက္ရႈတ္ခ်
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈

ကေလးတကၠသိုလ္မွ ဆရာ/ဆရာမ ႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ PDF ပူးေပါင္း၏လုပ္ရပ္အေပၚ အဖြဲ႕အစည္း(၂၁)ခုက ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားမ်ား ထုတ္ျပန္ေၾကညာ ထားသည္။

စစ္ကိုင္းတိုင္း၊ ကေလးတကၠသိုလ္အနီးတြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၅ ရက္ ညပိုင္း၌ တပ္မေတာ္ ႏွင့္ PDF ပူးေပါင္းအဖြဲ႕အၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ကေလးတကၠသိုလ္အတြင္းေနထိုင္သည့္ ဆရာ/ဆရာမ ႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားကို PDF ပူးေပါင္းအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

ဆရာ/ဆရာမႏွင့္ ေက်ာင္းသား/သူ (၃၀၀)နီးပါးကို PDF အဖြဲ႕ထံမွ အခ်ိန္မီကယ္ႏိုင္ခဲ့ေသာ္လည္း က်န္ရွိေနသူမ်ား ကို စုံစမ္းေနဆဲျဖစ္ေၾကာင္းလည္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုထားသည္။

ႏိုင္ငံေတာ္၏ ပညာေရး က႑ႏွင့္လူ႔စြမ္းအား ဖြံ႕ၿဖိဳးတိုးတတ္ေရးအတြက္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ဆရာ/ ဆရာမ မ်ားႏွင့္ ပညာေရး ဝန္ထမ္းမ်ား ၊ ကေလးတကၠသိုလ္တြင္ တတ္ေရာက္ပညာသင္ၾကားလ်က္ရွိသည့္ ေက်ာင္းသား/ ေက်ာင္းသူမ်ားကို အတင္းအဓမၼဖမ္းဆီးေခၚေဆာင္ျခင္း၊ လူသားတံတိုင္းအျဖစ္ အသုံးျပဳျခင္းတို႔ကို လုပ္ေဆာင္ခဲ့သည့္အတြက္ ၎ PDF မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ဗုဒၶဘာသာကလ်ာဏယုဝအသင္း (YMBA) (ဗဟို)အေနျဖင့္ လုံးဝလက္မခံေၾကာင္း ႏွင့္ ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္ ထားသည္။

အဆိုပါလုပ္ရပ္အေပၚ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA (ဗဟို) အျပင္ ဘာသာေပါင္းစုံခ်စ္ၾကည္ ညီၫြတ္ေရးအဖြဲ႕(ဗဟို)၊ ျမန္မာႏိုင္ငံ ဧဝံေဂလိခရစ္ယာန္မဟာမိတ္အဖြဲ႕ခ်ဳပ္၊ မက္သဒစ္အသင္းေတာ္ (ေအာက္ ျမန္မာျပည္)၊ ယုံၾကည္ျခင္း ဧဝံေဂလိအသင္းေတာ္ (ပဲခူး)၊ လြတ္ေျမာက္ျခင္းအသင္းေတာ္ (ရန္ကုန္)၊ ျမန္မာႏိုင္ငံ လုံးဆိုင္ရာ ဟိႏၵဴဘာသာေရးဗဟိုအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ တမီလ္ဟိႏၵဴေဖာင္ေဒးရွင္း (ဗဟို)၊ သနႏၲဓမၼပါလက (ဟိႏၵဴ) အဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီး၊ ပိႏၷဲကုန္းရခိုင္ဂ်ာ ေမဗလီမွ ႏွင့္ ဘူးသီးေတာင္ေမာင္ေတာ ေဒသဖြံ႕ၿဖိဳးေရးအသင္းတို႔ကလည္း ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။

အလားတူ ျမန္မာႏိုင္ငံပန္းခ်ီပန္းပုအစည္းအ႐ုံး(ဗဟို)၊ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို) ၊ျမန္မာႏိုင္ငံ ဟာသ ပညာရွင္မ်ားအစည္းအ႐ုံး၊ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ ၊ျမန္မာႏိုင္ငံ အားကစားမီဒီယာမ်ားအဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ၊ ျမန္မာႏိုင္ငံစာေရးဆရာအသင္း၊ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး(ဗဟို) ႏွင့္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးတို႔ကလည္း ယင္း PDF ပူးေပါင္းအဖြဲ႕၏ လုပ္ရပ္အေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။

ယေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္၊ ေန႔လည္ပိုင္းတြင္လည္း PDF အဖြဲ႕ဝင္ (၇၀)ဦးခန႔္က တနသၤာရီတိုင္း၊ ထားဝယ္ ၿမိဳ႕နယ္၊ ထားဝယ္နည္းပညာတကၠသိုလ္မွ ပါေမာကၡခ်ဳပ္ေဒါက္တာေက်ာ္ေအာင္၊ ဌာနမႉး(၂)ဦးႏွင့္ ဆရာမတစ္ဦး တို႔ကို ဖမ္းဆီးေခၚေဆာင္သြားသည့္ ျဖစ္စဥ္ ထပ္မံျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.