မန္တလေးမြို့ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ တရားမဝင်သိုလှောင်ထားသော ငွေကျပ်(၂)ဘီလျံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိ

 395

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ တရားမဝင်သိုလှောင်ထားသော ငွေကျပ်(၂)ဘီလျံ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂိုဒေါင်မှာ ကျော်စိုး(ခ)အားလျံ ငှားရမ်းထားသည့် ဂိုဒေါင်ဖြစ်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့ဝင်များက ၎င်းဂိုဒေါင်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင်သိုလှောင်၍ ဆာလာအိတ် (၂၀၀)ဖြင့် ထည့်ထားသည့် ငွေကျပ်(၂)ဘီလျံကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်း(၅)တန်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးချက်များအရ အဆိုပါဖမ်းဆီးရမိခဲ့သည့် ကဖင်းများကို မန္တလေးတိုင်းမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျော်စိုး(ခ)အားလျံကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးၿမိဳ႕ရွိ ဂိုေဒါင္တစ္ခုအတြင္းမွ တရားမဝင္သိုေလွာင္ထားေသာ ေငြက်ပ္(၂)ဘီလ်ံတန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတု ပစၥည္း ကဖင္းမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၈

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ဂိုေဒါင္တစ္ခုအတြင္းမွ တရားမဝင္သိုေလွာင္ထားေသာ ေငြက်ပ္(၂)ဘီလ်ံ တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္း ကဖင္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲ တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၃ ရက္၊ ညေန ၄ နာရီခြဲအခ်ိန္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၅၂ လမ္း၊ ၁၃၉ လမ္းေထာင့္ရွိ ဂိုေဒါင္တစ္ခုအတြင္းမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂိုေဒါင္မွာ ေက်ာ္စိုး(ခ)အားလ်ံ ငွားရမ္းထားသည့္ ဂိုေဒါင္ျဖစ္ၿပီး မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး တပ္ဖြဲ႕ ႏွင့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားက ၎ဂိုေဒါင္အတြင္းသို႔ ဝင္ေရာက္ရွာေဖြခဲ့ရာ တရားမဝင္သိုေလွာင္၍ ဆာလာအိတ္ (၂၀၀)ျဖင့္ ထည့္ထားသည့္ ေငြက်ပ္(၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းကဖင္း(၅)တန္ကို ဖမ္းဆီးရမိခဲ့ ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆက္လက္စစ္ေဆးခ်က္မ်ားအရ အဆိုပါဖမ္းဆီးရမိခဲ့သည့္ ကဖင္းမ်ားကို မႏၲေလးတိုင္းမွ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သို႔ သယ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာ္စိုး(ခ)အားလ်ံကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Picture

Htoo Myat Thu

28/02/2024 21:10

နောက်ဆုံးဂိုထောင်စောင့်ပဲ ဂျေးအောင်းရတာပါပဲဗျာ :.(

Related news

© 2021. All rights reserved.