Boeing 737 လေယာဉ်ကို ဇိမ်ခံအပန်းဖြေစံအိမ်အဖြစ် ပြောင်းလဲတည်ဆောက်ခဲ့တဲ့ ရုရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်

 309

Pika (NP News) - ဖေဖော်ဝါရီ ၂၉

ရုရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဖီးလစ်ဒီမင်းသည် ပင်လယ်ရေမျက်နှာပြင်အထက်(၁၅၀)မီတာမြင့်သော အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ချောက်ကမ်းပါးတစ်ခုပေါ်တွင် Boeing 737 လေယာဉ်ကို Private Jet ဇိမ်ခံ အပန်းဖြေစံအိမ်တစ်ခုအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ကြောင်း သိရသည်။

အသုံးမပြုတော့သောလေယာဉ်များကို နေအိမ်များ၊စားသောက်ဆိုင်များနှင့် ပြတိုက်များအဖြစ် ပြောင်းလဲထား သည်ကို ယခင်တည်းကမြင်တွေ့ခဲ့ရသော်လည်း ဖီးလစ်ဒီမင်း၏ Boeing 737 လေယာဉ်ကို Private Jet ဇိမ်ခံ အပန်းဖြေစံအိမ်အဖြစ် ပြောင်းလဲတည်ဆောက်နိုင်ခဲ့ခြင်းမှာ အံ့ဩဖွယ်ကောင်းသည့်လုပ်ရပ်တစ်ခုအဖြစ် ပြောဆိုမှု များလည်းရှိနေသည်။

ဖီးလစ်ဒီမင်းသည် Boeing 737 လေယာဉ်ကို ဘာလီကမ်းရိုးတန်းရှိ ချောက်ကမ်းပါးတစ်ခုပေါ်တွင် အိပ်ခန်း နှစ်ခန်း ပါသောအပန်းဖြေစံအိမ်အဖြစ် ပြောင်းလဲတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပရောဂျက်ကို အချိန်(၃)နှစ် ကြာအောင်ပြုလုပ်ခဲ့ရပြီး Boeing 737 လေယာဉ်ကိုသယ်ယူမှု အပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရကြောင်း လည်း သိရသည်။

ဖီးလစ်ဒီမင်းသည် ယင်းအခက်အခဲများ အားလုံးကိုကျော်ဖြတ်ကာ ပြောင်းလဲတည်ဆောက်မှုများ လုပ်ဆောင်နိုင်ခဲ့ ပြီးနောက် Private Jet ဇိမ်ခံအပန်းဖြေစံအိမ်သည် ဘာလီကျွန်းပေါ်တွင် အထင်ရှားဆုံး တည်းခိုခန်းများထဲမှ တစ်ခု ဖြစ်လာခဲ့ကြောင်းသိရသည်။

ဖီးလစ်ဒီမင်းက "ဒီ Boeing 737 လေယာဉ်ကို ထူးခြားတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ်လို့ ထင်ခဲ့တာကြောင့် ဇိမ်ခံအပန်းဖြေစံအိမ်အဖြစ် ပြောင်းလဲတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ လူတွေကို ဒီလိုထူးခြားတဲ့ ဇိမ်ခံ အပန်းဖြေ စံအိမ်မှာ စက္ကန့်တိုင်း အံ့ဩမှုတွေကို ခံစားစေချင်တာပါ" ဟု ပြောခဲ့သည်။

ဖီးလစ်ဒီမင်းသည် လက်ရှိအချိန်တွင် ဆက်လက်လည်ပတ်ခြင်းမရှိတော့သော Mandala လေကြောင်းလိုင်းတွင် အသုံးပြုခဲ့သည့် Boeing 737 လေယာဉ်ကို အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံသူတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ Boeing 737 လေယာဉ်သည် ဖီးလစ်ဒီမင်းဝယ်ယူစဉ်အချိန်က ဘာလီကျွန်းပေါ်တွင် ရှိနေသော်လည်း လက်ရှိနေရာဖြစ်သည့် ချောက်ကမ်းပါးပေါ်သို့ ပြောင်းရွှေ့ရန်အတွက် စီစဉ်မှုများမှာ အချိန်(၂)လကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဖီးလစ်ဒီမင်း၏ အဖွဲ့သည် Boeing 737 လေယာဉ်ကို တစ်ပိုင်းတစ်စီဆီ ဖြုတ်ယူကာ သယ်ဆောင်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

၎င်းက "ကျွန်တော်တို့အဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ Boeing 737 လေယာဉ်ကိုတစ်စစီဖြုတ်ယူပြီး သယ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မူလီ(၅)သောင်းနီးပါးကို ကျွန်တော်တို့ ဖြုတ်ခဲ့ရပါတယ်" ဟု ပြောခဲ့သည်။

ဖီးလစ်ဒီမင်းသည် Boeing 737 လေယာဉ်ခေါင်းခန်းကို သမုဒ္ဒရာနှင့် ကောင်းကင်ကို ကြည့်ရှုနိုင်မည့် ရေချိုးခန်း အဖြစ် ပြောင်းလဲခဲ့ပြီး လေယာဉ်တောင်ပံတစ်ခုကို မှန်များဖြင့် ကာထားသော လျှောက်လမ်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ကြောင်း သိရသည်။ Private Jet ဇိမ်ခံအပန်းဖြေစံအိမ်၏ လက်ရှိတည်နေရာကြောင့် ဘေးကင်းရေးနှင့် ပတ်သက်သည့်စိုးရိမ်မှုများရှိနေသော်လည်း လေယာဉ်သည် စစ်ဆေးမှုအများအပြားကို လုပ်ဆောင်ထားပြီး ဘေးကင်းရေးစည်းမျဉ်းများနှင့်လည်း ကိုက်ညီကြောင်း ၎င်းက ပြောခဲ့သည်။ Private Jet ဇိမ်ခံအပန်းဖြေစံအိမ်၏ ဈေးနှုန်းများသည် တစ်ညလျှင် အမေရိကန်ဒေါ်လာ(၁၆၀၀)မှ စတင်ကာ အမျိုးမျိုးရှိသည်ဟု သိရပြီး ပက်ကေ့ချ်များသည် အမေရိကန်ဒေါ်လာ(၇၀၀၀)အထိ ရှိကြောင်းသိရသည်။

Zawgyi Version;
Boeing 737 ေလယာဥ္ကို ဇိမ္ခံအပန္းေျဖစံအိမ္အျဖစ္ ေျပာင္းလဲတည္ေဆာက္ခဲ့တဲ့ ႐ုရွားႏိုင္ငံသား စီးပြားေရးလုပ္ငန္းရွင္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၉

႐ုရွားႏိုင္ငံသား စီးပြားေရးလုပ္ငန္းရွင္ ဖီးလစ္ဒီမင္းသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္(၁၅၀)မီတာျမင့္ေသာ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းရွိ ေခ်ာက္ကမ္းပါးတစ္ခုေပၚတြင္ Boeing 737 ေလယာဥ္ကို Private Jet ဇိမ္ခံ အပန္းေျဖစံအိမ္တစ္ခုအျဖစ္ ေျပာင္းလဲတည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

အသုံးမျပဳေတာ့ေသာေလယာဥ္မ်ားကို ေနအိမ္မ်ား၊စားေသာက္ဆိုင္မ်ားႏွင့္ ျပတိုက္မ်ားအျဖစ္ ေျပာင္းလဲထား သည္ကို ယခင္တည္းကျမင္ေတြ႕ခဲ့ရေသာ္လည္း ဖီးလစ္ဒီမင္း၏ Boeing 737 ေလယာဥ္ကို Private Jet ဇိမ္ခံ အပန္းေျဖစံအိမ္အျဖစ္ ေျပာင္းလဲတည္ေဆာက္ႏိုင္ခဲ့ျခင္းမွာ အံ့ဩဖြယ္ေကာင္းသည့္လုပ္ရပ္တစ္ခုအျဖစ္ ေျပာဆိုမႈ မ်ားလည္းရွိေနသည္။

ဖီးလစ္ဒီမင္းသည္ Boeing 737 ေလယာဥ္ကို ဘာလီကမ္း႐ိုးတန္းရွိ ေခ်ာက္ကမ္းပါးတစ္ခုေပၚတြင္ အိပ္ခန္း ႏွစ္ခန္း ပါေသာအပန္းေျဖစံအိမ္အျဖစ္ ေျပာင္းလဲတည္ေဆာက္ႏိုင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါပေရာဂ်က္ကို အခ်ိန္(၃)ႏွစ္ ၾကာေအာင္ျပဳလုပ္ခဲ့ရၿပီး Boeing 737 ေလယာဥ္ကိုသယ္ယူမႈ အပါအဝင္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ခဲ့ရေၾကာင္း လည္း သိရသည္။

ဖီးလစ္ဒီမင္းသည္ ယင္းအခက္အခဲမ်ား အားလုံးကိုေက်ာ္ျဖတ္ကာ ေျပာင္းလဲတည္ေဆာက္မႈမ်ား လုပ္ေဆာင္ႏိုင္ခဲ့ ၿပီးေနာက္ Private Jet ဇိမ္ခံအပန္းေျဖစံအိမ္သည္ ဘာလီကြၽန္းေပၚတြင္ အထင္ရွားဆုံး တည္းခိုခန္းမ်ားထဲမွ တစ္ခု ျဖစ္လာခဲ့ေၾကာင္းသိရသည္။

ဖီးလစ္ဒီမင္းက "ဒီ Boeing 737 ေလယာဥ္ကို ထူးျခားတဲ့အရာတစ္ခုအျဖစ္ ေျပာင္းလဲႏိုင္မယ္လို႔ ထင္ခဲ့တာေၾကာင့္ ဇိမ္ခံအပန္းေျဖစံအိမ္အျဖစ္ ေျပာင္းလဲတည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ လူေတြကို ဒီလိုထူးျခားတဲ့ ဇိမ္ခံ အပန္းေျဖ စံအိမ္မွာ စကၠန႔္တိုင္း အံ့ဩမႈေတြကို ခံစားေစခ်င္တာပါ" ဟု ေျပာခဲ့သည္။

ဖီးလစ္ဒီမင္းသည္ လက္ရွိအခ်ိန္တြင္ ဆက္လက္လည္ပတ္ျခင္းမရွိေတာ့ေသာ Mandala ေလေၾကာင္းလိုင္းတြင္ အသုံးျပဳခဲ့သည့္ Boeing 737 ေလယာဥ္ကို အင္ဒိုနီးရွားရင္းႏွီးျမႇဳပ္ႏွံသူတစ္ဦးထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါ Boeing 737 ေလယာဥ္သည္ ဖီးလစ္ဒီမင္းဝယ္ယူစဥ္အခ်ိန္က ဘာလီကြၽန္းေပၚတြင္ ရွိေနေသာ္လည္း လက္ရွိေနရာျဖစ္သည့္ ေခ်ာက္ကမ္းပါးေပၚသို႔ ေျပာင္းေ႐ႊ႕ရန္အတြက္ စီစဥ္မႈမ်ားမွာ အခ်ိန္(၂)လေက်ာ္ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ဖီးလစ္ဒီမင္း၏ အဖြဲ႕သည္ Boeing 737 ေလယာဥ္ကို တစ္ပိုင္းတစ္စီဆီ ျဖဳတ္ယူကာ သယ္ေဆာင္မႈမ်ား လုပ္ေဆာင္ရန္ ဆုံးျဖတ္ခဲ့ၾကေၾကာင္း သိရသည္။

၎က "ကြၽန္ေတာ္တို႔အဖြဲ႕ေတြနဲ႔တိုင္ပင္ၿပီးေတာ့ Boeing 737 ေလယာဥ္ကိုတစ္စစီျဖဳတ္ယူၿပီး သယ္ေဆာင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ မူလီ(၅)ေသာင္းနီးပါးကို ကြၽန္ေတာ္တို႔ ျဖဳတ္ခဲ့ရပါတယ္" ဟု ေျပာခဲ့သည္။

ဖီးလစ္ဒီမင္းသည္ Boeing 737 ေလယာဥ္ေခါင္းခန္းကို သမုဒၵရာႏွင့္ ေကာင္းကင္ကို ၾကည့္ရႈႏိုင္မည့္ ေရခ်ိဳးခန္း အျဖစ္ ေျပာင္းလဲခဲ့ၿပီး ေလယာဥ္ေတာင္ပံတစ္ခုကို မွန္မ်ားျဖင့္ ကာထားေသာ ေလွ်ာက္လမ္းတစ္ခုအျဖစ္ ေျပာင္းလဲခဲ့ေၾကာင္း သိရသည္။ Private Jet ဇိမ္ခံအပန္းေျဖစံအိမ္၏ လက္ရွိတည္ေနရာေၾကာင့္ ေဘးကင္းေရးႏွင့္ ပတ္သက္သည့္စိုးရိမ္မႈမ်ားရွိေနေသာ္လည္း ေလယာဥ္သည္ စစ္ေဆးမႈအမ်ားအျပားကို လုပ္ေဆာင္ထားၿပီး ေဘးကင္းေရးစည္းမ်ဥ္းမ်ားႏွင့္လည္း ကိုက္ညီေၾကာင္း ၎က ေျပာခဲ့သည္။ Private Jet ဇိမ္ခံအပန္းေျဖစံအိမ္၏ ေဈးႏႈန္းမ်ားသည္ တစ္ညလွ်င္ အေမရိကန္ေဒၚလာ(၁၆၀၀)မွ စတင္ကာ အမ်ိဳးမ်ိဳးရွိသည္ဟု သိရၿပီး ပက္ေက့ခ်္မ်ားသည္ အေမရိကန္ေဒၚလာ(၇၀၀၀)အထိ ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.