စင်ကာပူမှာ လက်ဖက်ရည်ထုပ်အရသာ မှားယွင်းမှုအတွက် Yeo ကုမ္ပဏီမှ ပြန်လည်တောင်းပန်

 776

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၉

စင်ကာပူမှာ အမျိုးသမီးတစ်ဦးဟာ မကြာသေးမီက Yeo တံဆိပ် ဂန္ဓမာလက်ဖက်ရည်ထုပ်များစွာကို ဝယ်ယူခဲ့ပေမယ့် ဖျော်ပြီး သောက်သုံးကြည့်တဲ့အခါမှာတော့ ရိုးရိုးရေလိုပဲ အရသာရှိနေတာကို တွေ့ရခြင်းကြောင့် အံ့သြဒေါသထွက်သွားခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် မစ္စကျန်ဟာ တရုတ်နှစ်သစ်ကူး အခမ်းအနားအတွက် ဂန္ဓမာလက်ဖက်ရည်ပုံးတစ်ပုံးကို ဖေဖော်ဝါရီ ၁ ရက်က White Sands ဈေးဝယ်စင်တာရှိ FairPrice စူပါမားကတ်မှ ဝယ်ယူခဲ့ပါတယ်။

သူဝယ်ထားတဲ့ လက်ဖက်ရည်ထုပ် ၂၄ ထုပ်ထဲက ၃ ထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အထဲက လက်ဖက်ရည်ဟာ အရည်တွေက အရောင်ကင်းစင်ပြီး အရသာက ထူးထူးခြားခြားမရှိ ရေအတိုင်းဖြစ်နေတာ တွေ့ခဲ့ပါတယ်။

ဒါနဲ့သူမက ကျန်လက်ဖက်ရည်ထုပ်တွေပါယူပြီး စူပါမားကတ်ကို ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Yeo ရဲ့ပြောရေးဆိုခွင့်ရှိသူက ကုမ္ပဏီအနေနဲ့လည်း မစ္စကျန် ရဲ့ အဆင်မပြေမှုသိရှိရပြီးနောက် ၎င်းရဲ့ထုတ်လုပ်ရေးကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

၎င်းတို့ရဲ့စုံစမ်းစစ်ဆေးမှုမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ပုံမှန်မဟုတ်တဲ့ နည်းပညာဆိုင်ရာချို့ယွင်းချက်တစ်ခုကိုတွေ့ရှိခဲ့ပြီ၊ ဂန္ဓမာလက်ဖက်ရည်ထုပ် အသုတ်ထဲ ရေပါဝင်မှု ပိုများသွားတာ တွေ့ရတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။


ဒီအဆင်မပြေဖြစ်ခဲ့မှုအတွက် မစ္စကျန်ဟာ ၁၀ ဒေါ်လာ စူပါမားကတ်ဘောက်ချာ၊ ရေနွေးကြမ်းပုံးတစ်ပုံးနဲ့ ဂန္ဓမာလက်ဖက်ရည်တစ်ပုံး လျော်ကြေးရခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ လက္ဖက္ရည္ထုပ္အရသာ မွားယြင္းမႈအတြက္ Yeo ကုမၸဏီမွ ျပန္လည္ေတာင္းပန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၉

စင္ကာပူမွာ အမ်ိဳးသမီးတစ္ဦးဟာ မၾကာေသးမီက Yeo တံဆိပ္ ဂႏၶမာလက္ဖက္ရည္ထုပ္မ်ားစြာကို ဝယ္ယူခဲ့ေပမယ့္ ေဖ်ာ္ၿပီး ေသာက္သုံးၾကည့္တဲ့အခါမွာေတာ့ ႐ိုး႐ိုးေရလိုပဲ အရသာရွိေနတာကို ေတြ႕ရျခင္းေၾကာင့္ အံ့ၾသေဒါသထြက္သြားခဲ့ပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ မစၥက်န္ဟာ တ႐ုတ္ႏွစ္သစ္ကူး အခမ္းအနားအတြက္ ဂႏၶမာလက္ဖက္ရည္ပုံးတစ္ပုံးကို ေဖေဖာ္ဝါရီ ၁ ရက္က White Sands ေဈးဝယ္စင္တာရွိ FairPrice စူပါမားကတ္မွ ဝယ္ယူခဲ့ပါတယ္။

သူဝယ္ထားတဲ့ လက္ဖက္ရည္ထုပ္ ၂၄ ထုပ္ထဲက ၃ ထုပ္ကို ဖြင့္ၾကည့္လိုက္တဲ့အခါမွာေတာ့ အထဲက လက္ဖက္ရည္ဟာ အရည္ေတြက အေရာင္ကင္းစင္ၿပီး အရသာက ထူးထူးျခားျခားမရွိ ေရအတိုင္းျဖစ္ေနတာ ေတြ႕ခဲ့ပါတယ္။

ဒါနဲ႔သူမက က်န္လက္ဖက္ရည္ထုပ္ေတြပါယူၿပီး စူပါမားကတ္ကို ျပန္ေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Yeo ရဲ႕ေျပာေရးဆိုခြင့္ရွိသူက ကုမၸဏီအေနနဲ႔လည္း မစၥက်န္ ရဲ႕ အဆင္မေျပမႈသိရွိရၿပီးေနာက္ ၎ရဲ႕ထုတ္လုပ္ေရးကို စုံစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့တယ္လို႔ ေဖေဖာ္ဝါရီ ၂၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

၎တို႔ရဲ႕စုံစမ္းစစ္ေဆးမႈမွာ ကုန္ထုတ္လုပ္မႈလုပ္ငန္းစဥ္အတြင္း ပုံမွန္မဟုတ္တဲ့ နည္းပညာဆိုင္ရာခ်ိဳ႕ယြင္းခ်က္တစ္ခုကိုေတြ႕ရွိခဲ့ၿပီ၊ ဂႏၶမာလက္ဖက္ရည္ထုပ္ အသုတ္ထဲ ေရပါဝင္မႈ ပိုမ်ားသြားတာ ေတြ႕ရတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

ဒီအဆင္မေျပျဖစ္ခဲ့မႈအတြက္ မစၥက်န္ဟာ ၁၀ ေဒၚလာ စူပါမားကတ္ေဘာက္ခ်ာ၊ ေရေႏြးၾကမ္းပုံးတစ္ပုံးနဲ႔ ဂႏၶမာလက္ဖက္ရည္တစ္ပုံး ေလ်ာ္ေၾကးရခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.