ကိုယ့်ကိုယ်ကို ကြက်ဥနဲ့ပစ်ပေါက်ပြီး မတရားတိုက်ခိုက်ခံရသလိုဖန်တီးခဲ့တဲ့ စင်္ကာပူ Influencer တစ်ဦးကို ထိုင်ဝမ် က ပြည်ဝင်ခွင့်ပိတ်ပင်

 741

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၉

စင်္ကာပူ Influencer အမျိုးသမီးတစ်ဦးဟာ သူမကို ကြက်ဥနဲ့ပစ်ပေါက်ဖို့ လူငှားလုပ်ဆောင်ခဲ့ပြီး မျက်ရည်ချူခဲ့ခြင်း ကြောင့် ထိုင်ဝမ်က သူမကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တယ်လို့ ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က မစ္စ ချောင်းဝင်ရီ၊ Social media အမည် KiaraaKitty ဟာ ထိုင်ဝမ်နိုင်ငံတောင်ပိုင်း ခိုဆန် မြို့မှာ သူမကို တစ်စုံတစ်ယောက်က ကြက်ဥတွေနဲ့ ပစ်ပါက်နေတာကို Live လွှင့်ပြီး သူမရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ “တိုက်ခိုက်သူ” ဟာ မစ္စ ချန်နဲ့ ခင်ပွန်းကို မန်ဒရင်းဘာသာနဲ့ အော်ဟစ်နေသံကို ကြားရပါတယ်။

သူမဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ OnlyFans မှာ 18+ တွေ တင်ခြင်းကြောင့် တိုက်ခိုက်ခံရခြင်းဖြစ် တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်ကြောင်း မသိကြောင်းနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားမယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်က ပြော ကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဖေဖော်ဝါရီ ၁၁ ရက်မှာ ခိုဆန်ရဲတပ်ဖွဲ့က အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး မစ္စချန်ဆီမှ တိုင်ကြားချက်မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆရဲတပ်ဖွဲ့ရဲ့“တိုက်ခိုက်သူ” ဟာ မစ္စချန်ရဲ့လက်ထောက်၊ ချူ (ခေါ်) အသက် ၃၂ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ၎င်းတို့နှစ်ဦးစလုံးကို "လူထုတည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်လောက်တဲ့ ကာလာဟလများဖြန့်ဝေခြင်း” နဲ့ လူမှုစည်းလုံးညီညွတ်ရေး ထိန်းသိမ်းမှုအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ပြစ်ဒဏ်အဖြစ် ငါးနှစ်အထိ ထိုင်ဝမ်ကို လာရောက်ခွင့် ပိတ်ပင်လိုက်တယ်လို့ ထိုင်ဝမ်အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ကိုယ့္ကိုယ္ကို ၾကက္ဥနဲ႔ပစ္ေပါက္ၿပီး မတရားတိုက္ခိုက္ခံရသလိုဖန္တီးခဲ့တဲ့ စကၤာပူ Influencer တစ္ဦးကို ထိုင္ဝမ္ က ျပည္ဝင္ခြင့္ပိတ္ပင္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၉

စကၤာပူ Influencer အမ်ိဳးသမီးတစ္ဦးဟာ သူမကို ၾကက္ဥနဲ႔ပစ္ေပါက္ဖို႔ လူငွားလုပ္ေဆာင္ခဲ့ၿပီး မ်က္ရည္ခ်ဴခဲ့ျခင္း ေၾကာင့္ ထိုင္ဝမ္က သူမကို ျပည္ဝင္ခြင့္ ပိတ္ပင္လိုက္တယ္လို႔ ထိုင္ဝမ္လူဝင္မႈႀကီးၾကပ္ေရးဌာနက ေဖေဖာ္ဝါရီ ၂၇ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၉ ရက္က မစၥ ေခ်ာင္းဝင္ရီ၊ Social media အမည္ KiaraaKitty ဟာ ထိုင္ဝမ္ႏိုင္ငံေတာင္ပိုင္း ခိုဆန္ ၿမိဳ႕မွာ သူမကို တစ္စုံတစ္ေယာက္က ၾကက္ဥေတြနဲ႔ ပစ္ပါက္ေနတာကို Live လႊင့္ၿပီး သူမရဲ႕ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

တိုက္႐ိုက္ထုတ္လႊင့္မႈမွာ “တိုက္ခိုက္သူ” ဟာ မစၥ ခ်န္နဲ႔ ခင္ပြန္းကို မန္ဒရင္းဘာသာနဲ႔ ေအာ္ဟစ္ေနသံကို ၾကားရပါတယ္။

သူမဟာ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေပၚမွာ OnlyFans မွာ 18+ ေတြ တင္ျခင္းေၾကာင့္ တိုက္ခိုက္ခံရျခင္းျဖစ္ တယ္လို႔ ဆိုပါတယ္။
တိုက္ခိုက္သူ မည္သူမည္ဝါျဖစ္ေၾကာင္း မသိေၾကာင္းနဲ႔ ရဲတပ္ဖြဲ႕ကို တိုင္ၾကားမယ္လို႔ ေဖေဖာ္ဝါရီ ၁၀ ရက္က ေျပာ ၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေဖေဖာ္ဝါရီ ၁၁ ရက္မွာ ခိုဆန္ရဲတပ္ဖြဲ႕က အဆိုပါအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး မစၥခ်န္ဆီမွ တိုင္ၾကားခ်က္မရရွိခဲ့ဘူးလို႔ ဆိုပါတယ္။
ေနာက္ပိုင္းမွာေတာ့ ရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ဆရဲတပ္ဖြဲ႕ရဲ႕“တိုက္ခိုက္သူ” ဟာ မစၥခ်န္ရဲ႕လက္ေထာက္၊ ခ်ဴ (ေခၚ) အသက္ ၃၂ ႏွစ္အ႐ြယ္ စင္ကာပူႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

ဒီလိုနဲ႔ ၎တို႔ႏွစ္ဦးစလုံးကို "လူထုတည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ႏိုင္ေလာက္တဲ့ ကာလာဟလမ်ားျဖန႔္ေဝျခင္း” နဲ႔ လူမႈစည္းလုံးညီၫြတ္ေရး ထိန္းသိမ္းမႈအက္ဥပေဒကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ေတြ႕ရွိခဲ့ရၿပီး ျပစ္ဒဏ္အျဖစ္ ငါးႏွစ္အထိ ထိုင္ဝမ္ကို လာေရာက္ခြင့္ ပိတ္ပင္လိုက္တယ္လို႔ ထိုင္ဝမ္အမ်ိဳးသားလူဝင္မႈႀကီးၾကပ္ေရးေအဂ်င္စီက ေဖေဖာ္ဝါရီ ၂၇ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.