နေတိုးအဖွဲ့ဝင်ဖြစ်လာသည့် ဆွီဒင်ကို လက်တုံ့ပြန်သည့်အနေဖြင့် စစ်ရေးနည်းဗျူဟာခြေလှမ်းများ လုပ်ဆောင်သွားမည်ဟု ရုရှားအစိုးရပြော

 693

Pika (NP News) - ‌ဖေဖော်ဝါရီ ၂၉

ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ကိုယ့်ကိုကိုယ်ကာကွယ်မှုများ လုပ်ဆောင်ရန်အတွက် သတ်မှတ်ထားခြင်းမျိုးမရှိသော စစ်ရေးနည်းဗျူဟာနှင့်အခြားအစီအစဉ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဖေဖော်ဝါရီလ(၂၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဟန်ဂေရီလွှတ်တော်သည် ဆွီဒင်၏နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ကို အတည်ပြုခဲ့ပြီးနောက် နေတိုးအဖွဲ့သို့ဝင်ရောက်ခွင့်ရရန်အတွက် နောက်ဆုံးအတားအဆီးကို ဆွီဒင်နိုင်ငံက ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက "နေတိုးအဖွဲ့မှာ ဆွီဒင်နိုင်ငံက ဘာတွေလုပ်ဆောင်မလဲဆိုတာကို ကျွန်မတို့အနီးကပ်စောင့်ကြည့်နေပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးနည်းဗျူဟာ၊အခြားအစီအစဉ်တွေနဲ့ပတ်သက်တဲ့ ခြေလှမ်းတွေကို ကျွန်မတို့လုပ်ဆောင်သွားမှာပါ။ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မယ့် ဆွီဒင်ရဲ့ လှုပ်ရှားမှုဟာ တင်းမာမှုတွေနဲ့ စစ်အင်အားတွေကို ပိုမိုတိုးလာစေပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။

ဆွီဒင်နိုင်ငံအတွင်း၌ နေတိုး၏တပ်ဖွဲ့ဝင်များ နှင့် ပစ္စည်းကိရိယာများ ဖြန့်ကျက်ချထားမှုအပေါ်မူတည်ပြီး သတ်မှတ်ထားခြင်းမျိုးမရှိသော စစ်ရေးနှင့်နည်းဗျူဟာဆိုင်ရာ အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စတော့ဟုမ်းမြို့ရှိ ရုရှားသံရုံးက ပြောကြားခဲ့သည်။ ရုရှားအစိုးရ၏ မှတ်ချက်များနှင့်ပတ်သက်ပြီး အံ့ဩခြင်းမျိုးမရှိကြောင်း ဆွီဒင်ဝန်ကြီးချုပ် militarization က ပြောကြားခဲ့သည်။

၎င်းက "ဖင်လန်က နေတိုးအဖွဲ့မှာ ပါဝင်ခဲ့တုန်းကလည်း ရုရှားဘက်က ဒီလိုပဲပြောခဲ့တာပါ။ ဆွီဒင် ဒါမှမဟုတ် ဖင်လန်နိုင်ငံတို့ဟာ နေတိုးအဖွဲ့မှာပါဝင်တာကို ရုရှားက မနှစ်သက်ဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်တာပါ"ဟု ပြောဆိုခဲ့သည်။

zawgyi version
ေနတိုးအဖြဲ႕ဝင္ျဖစ္လာသည့္ ဆြီဒင္ကို လက္တုံ႔ျပန္သည့္အေနျဖင့္ စစ္ေရးနည္းဗ်ဴဟာေျခလွမ္းမ်ား လုပ္ေဆာင္သြားမည္ဟု ႐ုရွားအစိုးရေျပာ
Pika (NP News) - ‌ေဖေဖာ္ဝါရီ ၂၉

ဆြီဒင္ႏိုင္ငံက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ဝင္ေရာက္ျခင္းကို လက္တုံ႔ျပန္သည့္အေနျဖင့္ ကိုယ့္ကိုကိုယ္ကာကြယ္မႈမ်ား လုပ္ေဆာင္ရန္အတြက္ သတ္မွတ္ထားျခင္းမ်ိဳးမရွိေသာ စစ္ေရးနည္းဗ်ဴဟာႏွင့္အျခားအစီအစဥ္မ်ားကို ခ်မွတ္သြားမည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရက ေဖေဖာ္ဝါရီလ(၂၈)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ဟန္ေဂရီလႊတ္ေတာ္သည္ ဆြီဒင္၏ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ကို အတည္ျပဳခဲ့ၿပီးေနာက္ ေနတိုးအဖြဲ႕သို႔ဝင္ေရာက္ခြင့္ရရန္အတြက္ ေနာက္ဆုံးအတားအဆီးကို ဆြီဒင္ႏိုင္ငံက ဖယ္ရွားရွင္းလင္းႏိုင္ခဲ့ေၾကာင္းသိရသည္။၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ဆြီဒင္ႏွင့္ဖင္လန္ႏိုင္ငံတို႔သည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရရန္ ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက "ေနတိုးအဖြဲ႕မွာ ဆြီဒင္ႏိုင္ငံက ဘာေတြလုပ္ေဆာင္မလဲဆိုတာကို ကြၽန္မတို႔အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ လက္တုံ႔ျပန္တဲ့အေနနဲ႔ စစ္ေရးနည္းဗ်ဴဟာ၊အျခားအစီအစဥ္ေတြနဲ႔ပတ္သက္တဲ့ ေျခလွမ္းေတြကို ကြၽန္မတို႔လုပ္ေဆာင္သြားမွာပါ။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္မယ့္ ဆြီဒင္ရဲ႕ လႈပ္ရွားမႈဟာ တင္းမာမႈေတြနဲ႔ စစ္အင္အားေတြကို ပိုမိုတိုးလာေစပါလိမ့္မယ္"ဟု ေျပာဆိုခဲ့သည္။

ဆြီဒင္ႏိုင္ငံအတြင္း၌ ေနတိုး၏တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ပစၥည္းကိရိယာမ်ား ျဖန႔္က်က္ခ်ထားမႈအေပၚမူတည္ၿပီး သတ္မွတ္ထားျခင္းမ်ိဳးမရွိေသာ စစ္ေရးႏွင့္နည္းဗ်ဴဟာဆိုင္ရာ အစီအစဥ္မ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း စေတာ့ဟုမ္းၿမိဳ႕ရွိ ႐ုရွားသံ႐ုံးက ေျပာၾကားခဲ့သည္။ ႐ုရွားအစိုးရ၏ မွတ္ခ်က္မ်ားႏွင့္ပတ္သက္ၿပီး အံ့ဩျခင္းမ်ိဳးမရွိေၾကာင္း ဆြီဒင္ဝန္ႀကီးခ်ဳပ္ militarization က ေျပာၾကားခဲ့သည္။

၎က "ဖင္လန္က ေနတိုးအဖြဲ႕မွာ ပါဝင္ခဲ့တုန္းကလည္း ႐ုရွားဘက္က ဒီလိုပဲေျပာခဲ့တာပါ။ ဆြီဒင္ ဒါမွမဟုတ္ ဖင္လန္ႏိုင္ငံတို႔ဟာ ေနတိုးအဖြဲ႕မွာပါဝင္တာကို ႐ုရွားက မႏွစ္သက္ဘူးဆိုတာသိပါတယ္။ ဒါေပမဲ့ ဒါက ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္အတိုင္းလုပ္ေဆာင္တာပါ"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.