စစ်တွေမြို့မစျေးကြီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးမှု နှင့် ဒဏ်ရာရသူများပြား

 2130

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၉

စစ်တွေမြို့မစျေးကြီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရသူများပြားကြောင်း စစ်တွေမြို့ခံ တစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်)၊ နံနက်ပိုင်း ရှစ်နာရီခွဲအချိန်က ​ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်တွေမြို့မစျေး၏ အသီးအရွက်ရောင်းသည့် စျေးတန်းနေရာသို့ကျရောက်ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

"သေဆုံးတာက ၁၀ ဦးကျော်မယ်။ ကျွန်တော်လည်း မပြောတတ်သေးဘူး။ ဆေးရုံကြီးမှာ ကားတွေဆိုင်ကယ်တွေအများကြီးပဲ။ ဒဏ်ရာရသူလည်းများမယ်"ဟု အထက်ပါမြို့ခံကပြောသည်။

လက်ရှိအခြေအနေအရ သေဆုံး၊ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ထားကာ အပျက်အစီးအောက် ပိမိသူများရှိနိုင်၊ မရှိနိုင်အခြေအ နေကို မသိရသေးကြောင်းလည်း ၄င်းကပြောသည်။ ယနေ့နေ့လယ် ၁၂ နာရီအထိ ရရှိထားသည့် သတင်းအရ ဒဏ်ရာရရှိသူ (၄ဝ)ကျော်ရှိပြီး ဒဏ်ရာပြင်းထန်သူများလည်း ရှိကြောင်း သိရသည်။

zawgyi version
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၉

စစ္ေတြၿမိဳ႕မေစ်းႀကီးသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈျဖစ္ၿပီး လူေသဆုံးမႈႏွင့္ ဒဏ္ရာရသူမ်ားျပားေၾကာင္း စစ္ေတြၿမိဳ႕ခံ တစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၂၉ ရက္)၊ နံနက္ပိုင္း ရွစ္နာရီခြဲအခ်ိန္က ​ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ စစ္ေတြၿမိဳ႕မေစ်း၏ အသီးအ႐ြက္ေရာင္းသည့္ ေစ်းတန္းေနရာသို႔က်ေရာက္ျခင္းျဖစ္ေၾကာင္း ၄င္းကေျပာသည္။

"ေသဆုံးတာက ၁၀ ဦးေက်ာ္မယ္။ ကြၽန္ေတာ္လည္း မေျပာတတ္ေသးဘူး။ ေဆး႐ုံႀကီးမွာ ကားေတြဆိုင္ကယ္ေတြအမ်ားႀကီးပဲ။ ဒဏ္ရာရသူလည္းမ်ားမယ္"ဟု အထက္ပါၿမိဳ႕ခံကေျပာသည္။

လက္ရွိအေျခအေနအရ ေသဆုံး၊ ဒဏ္ရာရသူမ်ားကို ေဆး႐ုံသို႔ပို႔ထားကာ အပ်က္အစီးေအာက္ ပိမိသူမ်ားရွိႏိုင္၊ မရွိႏိုင္အေျခအ ေနကို မသိရေသးေၾကာင္းလည္း ၄င္းကေျပာသည္။ ယေန႔ေန႔လယ္ ၁၂ နာရီအထိ ရရွိထားသည့္ သတင္းအရ ဒဏ္ရာရရွိသူ (၄ဝ)ေက်ာ္ရွိၿပီး ဒဏ္ရာျပင္းထန္သူမ်ားလည္း ရွိေၾကာင္း သိရသည္။

Picture

U phoe cho

29/02/2024 14:17

မိုက်ရိုင်းလိုက် ကြတာ

Related news

© 2021. All rights reserved.