ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံပိုင်နက် တစ်လက်မတောင် ဆုံးရှုံးခံမှာမဟုတ်ကြောင်း သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာပြော

 453

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၉

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒေသအတွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေသလို တရုတ်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ရေကြောင်းအငြင်းပွားမှုဖြေရှင်းရေးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်သင်္ဘောတွေကို ဟန့်တားနှောက်ယှက်တာမျိုးတွေ လုပ်ဆောင်ခဲ့ပြီးနောက်နှစ်နိုင်ငံကြားအငြင်းပွားမှုအရှိန်မြင့်တက်လာနေကြောင်း သိရပါတယ်။ ဖိလစ်ပိုင်သမ္မတက " ဖိလစ်ပိုင်နိုင်ငံဟာဒေသအတွင်း ငြိမ်းချမ်းရေး၊ ဒေသအတွင်း တည်ငြိမ်ရေး၊ ဒေသအတွင်း အောင်မြင်မှုတွေကို ခြိမ်းခြောက်နေတာ၊ ထိခိုက်နစ်နာအောင်လုပ်တဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ရာမှာ ရှေ့တန်းက ပါဝင်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့အချုပ်အခြာပိုင်နက်ကို တစ်စတုရန်းလက်မတောင် သိမ်းပိုက်ဖို့ ဘယ်နိုင်ငံခြားအင်အားကြီးကမှ ကြိုးပမ်းမှုကို ခွင့်မပြုပါဘူး။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ကြောက်ခမန်းလိလိ ဖြစ်နိုင်ပါတယ်" လို့ပြောပါတယ်။

ဖိလစ်ပိုင် အာဏာပိုင်တွေက တရုတ်ရေတပ်သင်္ဘောတွေကို ၂၀၁၂ ခုနှစ်တုန်းက သိမ်းယူခဲ့တဲ့ Scarborough Shoal ကျွန်းဝန်းကျင်မှာတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်သမ္မတ မာကိုစ့်က တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်သင်္ဘောအသစ်တွေဖြန့်ကြတ်ချထားခဲ့ကြောင်း ပြောပါတယ်။ ဖိလစ်ပိုင်နဲ့တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာခုံရုံးမှာ ဖြေရှင်းခဲ့ရပြီး ခုံရုံးကဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမဲ့တရုတ်နိုင်ငံက ခုံရုံးရဲ့ဆုံးဖြတ်ချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပြီးတောင်တရုတ်ပင်လယ်အတွင်း စစ်သင်္ဘောတွေ စေလွှတ်တာအရှိန်မြင့်လုပ်ဆောင်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ဟာ အစားအစာ၊ ရေနံနဲ့ ကုန်စည်တွေတင်ပို့ရာမှာ အဓိကအရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်နေပြီး ဖိလစ်ပိုင်နဲ့အမေရိကန်အပါအဝင်နိုင်ငံအချို့က ရေကြောင်းလွတ်လပ် ပွင့်လင်းမှုရှိဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

zawgyi version
ဖိလစ္ပိုင္ႏိုင္ငံအေနနဲ႔ ႏိုင္ငံပိုင္နက္ တစ္လက္မေတာင္ ဆုံးရႈံးခံမွာမဟုတ္ေၾကာင္း သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၉

ဖိလစ္ပိုင္ႏိုင္ငံအေနနဲ႔ ေဒသအတြင္းၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းမႈေတြမွာ ေရွ႕တန္းက ပါဝင္ေဆာင္႐ြက္ေနသလို တ႐ုတ္ႏိုင္ငံနဲ႔ျဖစ္ပြားေနတဲ့ေရေၾကာင္းအျငင္းပြားမႈေျဖရွင္းေရးကို လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္စစ္သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ဖိလစ္ပိုင္သေဘၤာေတြကို ဟန႔္တားေႏွာက္ယွက္တာမ်ိဳးေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ႏွစ္ႏိုင္ငံၾကားအျငင္းပြားမႈအရွိန္ျမင့္တက္လာေနေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္သမၼတက " ဖိလစ္ပိုင္ႏိုင္ငံဟာေဒသအတြင္း ၿငိမ္းခ်မ္းေရး၊ ေဒသအတြင္း တည္ၿငိမ္ေရး၊ ေဒသအတြင္း ေအာင္ျမင္မႈေတြကို ၿခိမ္းေျခာက္ေနတာ၊ ထိခိုက္နစ္နာေအာင္လုပ္တဲ့ လုပ္ရပ္ေတြကို ဆန႔္က်င္ရာမွာ ေရွ႕တန္းက ပါဝင္ေနပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕အခ်ဳပ္အျခာပိုင္နက္ကို တစ္စတုရန္းလက္မေတာင္ သိမ္းပိုက္ဖို႔ ဘယ္ႏိုင္ငံျခားအင္အားႀကီးကမွ ႀကိဳးပမ္းမႈကို ခြင့္မျပဳပါဘူး။ ကြၽန္ေတာ္တို႔ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြက ေၾကာက္ခမန္းလိလိ ျဖစ္ႏိုင္ပါတယ္" လို႔ေျပာပါတယ္။

ဖိလစ္ပိုင္ အာဏာပိုင္ေတြက တ႐ုတ္ေရတပ္သေဘၤာေတြကို ၂၀၁၂ ခုႏွစ္တုန္းက သိမ္းယူခဲ့တဲ့ Scarborough Shoal ကြၽန္းဝန္းက်င္မွာေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္သမၼတ မာကိုစ့္က တ႐ုတ္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ စစ္သေဘၤာအသစ္ေတြျဖန႔္ၾကတ္ခ်ထားခဲ့ေၾကာင္း ေျပာပါတယ္။ ဖိလစ္ပိုင္နဲ႔တ႐ုတ္တို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာခုံ႐ုံးမွာ ေျဖရွင္းခဲ့ရၿပီး ခုံ႐ုံးကဖိလစ္ပိုင္ႏိုင္ငံကို အႏိုင္ေပးခဲ့ပါတယ္။ ဒါေပမဲ့တ႐ုတ္ႏိုင္ငံက ခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီးေတာင္တ႐ုတ္ပင္လယ္အတြင္း စစ္သေဘၤာေတြ ေစလႊတ္တာအရွိန္ျမင့္လုပ္ေဆာင္ခဲ့ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ဟာ အစားအစာ၊ ေရနံနဲ႔ ကုန္စည္ေတြတင္ပို႔ရာမွာ အဓိကအေရးပါတဲ့ေရလမ္းေၾကာင္းတစ္ခုျဖစ္ေနၿပီး ဖိလစ္ပိုင္နဲ႔အေမရိကန္အပါအဝင္ႏိုင္ငံအခ်ိဳ႕က ေရေၾကာင္းလြတ္လပ္ ပြင့္လင္းမႈရွိဖို႔ တိုက္တြန္းေတာင္းဆိုထားပါတယ္။

Related news

© 2021. All rights reserved.