ဒေါ်နယ်ထရမ့်က အီလီနွိုက်ပြည်နယ် ရီပတ်ဘလစ်ကန်သမ္မတလောင်း ကိုယ်စားလှယ်ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပိတ်ပင်ခံရ

710
Pika (NP News) - ဖေဖော်ဝါရီ ၂၉
အီလီနွိုက်ပြည်နယ်တရားသူကြီးတစ်ဦးသည် ဖေဖော်ဝါရီလ(၂၈)ရက်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အီလီနွိုက်ပြည်နယ် ရီပတ်ဘလစ်ကန်သမ္မတလောင်း ကိုယ်စားလှယ်ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မှပိတ်ပင်ခဲ့ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၆)ရက်တွင် အမေရိကန်လွှတ်တော်အဆောက်အအုံ၌ ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုတွင် ဒေါ်နယ်ထရမ့်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ယခုကဲ့သို့ တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်က အယူခံဝင်နိုင်ခြေရှိခြင်းကြောင့် အီလီနွိုက်ပြည်နယ်တရားသူကြီး၏ စီရင်ချက်မှာ စတင်အသက်ဝင်ရန် နှောင့်နှေးမှုများရှိခဲ့ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ (၁၄)ကြိမ်မြောက် ပြင်ဆင်ချက်တွင် ပါဝင်သော ဆူပူအုံကြွမှု ဆန့်ကျင်ရေးကို ချိုးဖောက်သည့် အတွက် အီလီနွိုက်ပြည်နယ်၏ မတ်လ(၁၉)ရက်တွင် ပြုလုပ်မည့် ကိုယ်စား လှယ်ရွေးကောက်ပွဲနှင့် နိုဝင်ဘာလ(၅)ရက်တွင်ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီကြောင်း ပြောဆိုခဲ့ကြသည့် အီလီနွိုက်ပြည်နယ်မဲဆန္ဒရှင်များနှင့်အတူ Cook County Circuit တရားသူကြီး ထရာစီပေါ်တာက ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အီလီနွိုက်ပြည်နယ်အမှု၏ နောက်ဆုံးရလဒ်နှင့် အလားတူစိန်ခေါ်မှုများကို အမေရိကန်တရားရုံးချုပ်မှ ဆုံးဖြတ်သွားနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ အီလီနွိုက်ပြည်နယ် အယူခံတရားရုံးများတွင် ဒေါ်နယ်ထရမ့်၏ အယူခံဝင်နိုင်ခြေ နှင့် အမေရိကန်တရားရုံး ချုပ်၏ အလားအလာရှိသော စီရင်ချက်တို့ကြောင့် ၎င်း၏ ဆုံးဖြတ်ချက်မှာ ယခုကဲ့သို့ ရပ်တန့်နေရခြင်းဖြစ်ကြောင်း ထရာစီပေါ်တာက ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့် ကမ်းပိန်း၏ပြောရေးဆိုခွင့်ရှိသူက "အယူခံဝင်မှုတွေကို ကျွန်တော်တို့မြန်မြန်လုပ်ဆောင်သွားမှာပါ။ ဒီစီရင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့စီရင်ချက်တစ်ခုဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။
သမ္မတဂျိုးဘိုင်ဒန်၏ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအောင်ပွဲအား လွှတ်တော်က အသိအမှတ်ပြုခြင်းကို တားဆီးရန်ကြိုးပမ်းမှုအဖြစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၆)ရက်တွင် ဒေါ်နယ်ထရမ့်ထောက်ခံသူများသည် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ လွှတ်တော်အဆောက်အဦးကို ဝိုင်းအုံထားခဲ့ကြကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်က ၎င်း၏ထောက်ခံသူများကို လွှတ်တော်အဆောက်အအုံသို့သွားကာ ဆူပူအုံကြွမှုများ လုပ်ဆောင်ရန် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်သည် ဆူပူအုံကြွမှုအာား ရပ်တန့်ရန် တိုက်တွန်းသည့် တောင်းဆိုချက်များကို နာရီအတော်ကြာသည်အထိ ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။
zawgyi version
ေဒၚနယ္ထရမ့္က အီလီႏြိဳက္ျပည္နယ္ ရီပတ္ဘလစ္ကန္သမၼတေလာင္း ကိုယ္စားလွယ္ေ႐ြးေကာက္ပြဲတြင္ ပါဝင္ခြင့္ပိတ္ပင္ခံရ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၉
အီလီႏြိဳက္ျပည္နယ္တရားသူႀကီးတစ္ဦးသည္ ေဖေဖာ္ဝါရီလ(၂၈)ရက္တြင္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ကို အီလီႏြိဳက္ျပည္နယ္ ရီပတ္ဘလစ္ကန္သမၼတေလာင္း ကိုယ္စားလွယ္ေ႐ြးေကာက္ပြဲတြင္ ပါဝင္ခြင့္မွပိတ္ပင္ခဲ့ေၾကာင္းသိရသည္။
၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ(၆)ရက္တြင္ အေမရိကန္လႊတ္ေတာ္အေဆာက္အအုံ၌ ျဖစ္ပြားခဲ့ေသာ ဆူပူအုံႂကြမႈတြင္ ေဒၚနယ္ထရမ့္၏ အခန္းက႑ႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ တားျမစ္ပိတ္ပင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေဒၚနယ္ထရမ့္က အယူခံဝင္ႏိုင္ေျခရွိျခင္းေၾကာင့္ အီလီႏြိဳက္ျပည္နယ္တရားသူႀကီး၏ စီရင္ခ်က္မွာ စတင္အသက္ဝင္ရန္ ေႏွာင့္ေႏွးမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ (၁၄)ႀကိမ္ေျမာက္ ျပင္ဆင္ခ်က္တြင္ ပါဝင္ေသာ ဆူပူအုံႂကြမႈ ဆန႔္က်င္ေရးကို ခ်ိဳးေဖာက္သည့္ အတြက္ အီလီႏြိဳက္ျပည္နယ္၏ မတ္လ(၁၉)ရက္တြင္ ျပဳလုပ္မည့္ ကိုယ္စား လွယ္ေ႐ြးေကာက္ပြဲႏွင့္ ႏိုဝင္ဘာလ(၅)ရက္တြင္ျပဳလုပ္မည့္ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ရန္ အရည္အခ်င္းမျပည့္မီေၾကာင္း ေျပာဆိုခဲ့ၾကသည့္ အီလီႏြိဳက္ျပည္နယ္မဲဆႏၵရွင္မ်ားႏွင့္အတူ Cook County Circuit တရားသူႀကီး ထရာစီေပၚတာက ရပ္တည္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အီလီႏြိဳက္ျပည္နယ္အမႈ၏ ေနာက္ဆုံးရလဒ္ႏွင့္ အလားတူစိန္ေခၚမႈမ်ားကို အေမရိကန္တရား႐ုံးခ်ဳပ္မွ ဆုံးျဖတ္သြားႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။ အီလီႏြိဳက္ျပည္နယ္ အယူခံတရား႐ုံးမ်ားတြင္ ေဒၚနယ္ထရမ့္၏ အယူခံဝင္ႏိုင္ေျခ ႏွင့္ အေမရိကန္တရား႐ုံး ခ်ဳပ္၏ အလားအလာရွိေသာ စီရင္ခ်က္တို႔ေၾကာင့္ ၎၏ ဆုံးျဖတ္ခ်က္မွာ ယခုကဲ့သို႔ ရပ္တန႔္ေနရျခင္းျဖစ္ေၾကာင္း ထရာစီေပၚတာက ေျပာၾကားခဲ့သည္။ ေဒၚနယ္ထရမ့္ ကမ္းပိန္း၏ေျပာေရးဆိုခြင့္ရွိသူက "အယူခံဝင္မႈေတြကို ကြၽန္ေတာ္တို႔ျမန္ျမန္လုပ္ေဆာင္သြားမွာပါ။ ဒီစီရင္ခ်က္ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ မကိုက္ညီတဲ့စီရင္ခ်က္တစ္ခုျဖစ္ပါတယ္"ဟုေျပာဆိုခဲ့သည္။
သမၼတဂ်ိဳးဘိုင္ဒန္၏ ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲေအာင္ပြဲအား လႊတ္ေတာ္က အသိအမွတ္ျပဳျခင္းကို တားဆီးရန္ႀကိဳးပမ္းမႈအျဖစ္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ(၆)ရက္တြင္ ေဒၚနယ္ထရမ့္ေထာက္ခံသူမ်ားသည္ ရဲတပ္ဖြဲ႕ဝင္မ်ားကို တိုက္ခိုက္ကာ လႊတ္ေတာ္အေဆာက္အဦးကို ဝိုင္းအုံထားခဲ့ၾကေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္က ၎၏ေထာက္ခံသူမ်ားကို လႊတ္ေတာ္အေဆာက္အအုံသို႔သြားကာ ဆူပူအုံႂကြမႈမ်ား လုပ္ေဆာင္ရန္ မိန႔္ခြန္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ေဒၚနယ္ထရမ့္သည္ ဆူပူအုံႂကြမႈအာား ရပ္တန႔္ရန္ တိုက္တြန္းသည့္ ေတာင္းဆိုခ်က္မ်ားကို နာရီအေတာ္ၾကာသည္အထိ ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္းသိရသည္။