မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး ကျင့်သုံးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နစက အာဏာအပ်နှင်း

 701

မြူနစ် (NP News) - ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်အတွင်းရှိ မိုးမိတ် နှင့် မဘိမ်းမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးကျင့်သုံးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နစကမှ အာဏာအပ်နှင်းလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အာဏာအပ် နှင်းလိုက်ခြင်းဖြစ်သည်။

မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်တို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင် ရွက်နိုင်ရန်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို နစကမှ အာဏာအပ်နှင်းထားခြင်းဖြစ်သည်။

အဆိုပါတိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ်မူတည်ကာ မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်း ကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်သည်ဟု နစကမှ အမိန့်ထုတ်ထားသည်။

အထက်ပါမြို့နယ်များအတွင်း၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓါးပြမှုစသည့်အမှုများကို စစ်ခုံရုံးဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်သော မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့သည် ပြီးခဲ့သော လပိုင်းအတွင်း၌ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့သော နေရာများဖြစ်သည်။ လက်ရှိနစကအစိုးရလက်ထက်တွင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်ပေါင်းမှာ စုစုပေါင်း (၅၇)မြို့နယ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

zawgyi version
မိုးမိတ္ႏွင့္ မဘိမ္းၿမိဳ႕နယ္တို႔တြင္ စစ္အုပ္ခ်ဳပ္ေရး က်င့္သုံးရန္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးကို နစက အာဏာအပ္ႏွင္း

ျမဴနစ္ (NP News) - ေဖေဖာ္ဝါရီ ၂၉

ရွမ္းျပည္နယ္အတြင္းရွိ မိုးမိတ္ ႏွင့္ မဘိမ္းၿမိဳ႕နယ္တို႔တြင္ စစ္အုပ္ခ်ဳပ္ေရးက်င့္သုံးရန္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးကို နစကမွ အာဏာအပ္ႏွင္းလိုက္သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္)တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ အာဏာအပ္ ႏွင္းလိုက္ျခင္းျဖစ္သည္။

မိုးမိတ္ၿမိဳ႕နယ္၊ မဘိမ္းၿမိဳ႕နယ္တို႔တြင္ လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ နယ္ေျမေအးခ်မ္းသာယာေရးကို ပိုမိုထိေရာက္စြာေဆာင္ ႐ြက္ႏိုင္ရန္အတြက္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးကို နစကမွ အာဏာအပ္ႏွင္းထားျခင္းျဖစ္သည္။

အဆိုပါတိုင္းမႉးသည္ အခ်ိန္ႏွင့္တေျပးညီ ေျပာင္းလဲျဖစ္ေပၚလ်က္ရွိေသာ အေျခအေနအရပ္ရပ္အေပၚမူတည္ကာ မိမိကိုယ္တိုင္ေသာ္ လည္းေကာင္း၊ စစ္နယ္ေျမမႉးမ်ားကို တာဝန္လႊဲအပ္၍လည္း ေကာင္း စစ္အုပ္ခ်ဳပ္ေရးအာဏာကို က်င့္သုံးႏိုင္သည္ဟု နစကမွ အမိန႔္ထုတ္ထားသည္။

အထက္ပါၿမိဳ႕နယ္မ်ားအတြင္း၌ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးကိစၥရပ္မ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ပုန္ကန္မႈ၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅၊ လူသတ္မႈ၊ လူေသမႈ၊ မုဒိမ္းမႈ၊ လုယက္မႈ၊ ဓါးျပမႈစသည့္အမႈမ်ားကို စစ္ခုံ႐ုံးျဖင့္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုကဲ့သို႔ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္လိုက္ေသာ မဘိမ္းၿမိဳ႕နယ္ႏွင့္ မိုးမိတ္ၿမိဳ႕နယ္တို႔သည္ ၿပီးခဲ့ေသာ လပိုင္းအတြင္း၌ တပ္မေတာ္ႏွင့္ KIA၊ PDF ပူးေပါင္းအဖြဲ႕မ်ားၾကား တိုက္ပြဲအျပင္း အထန္ျဖစ္ပြားခဲ့ေသာ ေနရာမ်ားျဖစ္သည္။ လက္ရွိနစကအစိုးရလက္ထက္တြင္ စစ္အုပ္ခ်ဳပ္ေရးအမိန႔္ထုတ္ျပန္ထားသည့္ ၿမိဳ႕နယ္ေပါင္းမွာ စုစုေပါင္း (၅၇)ၿမိဳ႕နယ္ထက္မနည္း ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.